နောင်ရောက်လာမယ့် ကျောင်းအုပ်ကြီးသည် ကျွန်တော့ထက်ပိုတော် ပိုတတ်ပါစေဟု လက်မှတ် ထိုးကာ သတ်သေသွားသူ

အမှုမှာ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ၊သဲနုကုန်းနယ်မြေ ရဲစခန်းတွင် ၂၄.၆.၂၀၂၀ ရက်နေ့တွင် ခေတ္တနယ်ထိန်းခေါင်းဆောင်ဒုရဲအုပ်ဆန်းထူးအောင်သည် တာဝန်မှူးတာဝန်ဆောင် ရွက်ေ နစဉ်လေးမျက်နှာမြိုနယ်၊ သဲနုကုန်းအုပ်စု၊ ကျားကိုက်ကွင်း ကျေးရွာတာဝန်ခံဦးနိုင်ဦးမှ ကျားကိုက်ကွင်းကျေးရွာ အ.မ.ကကျောင်းတွင် လူတစ်ဦးကြိုးဆွဲချသေဆုံးနေကြောင်း အကြောင်းကြားသဖြင့်

သဲနုကုန်း နယ်မြေရဲစခန်းမှူး ရဲအုပ်ဇင်ကိုကိုထံတင်ပြပြီး အခင်းဖြစ်ရာသိုစခန်းမှူးရဲအုပ်ဇင်ကိုကိုသည်သက်သေများနှင့် အတူ သွားရောက်စစ်ဆေးရာသေဆုံးသူမှာ စောပြာကျေးရွာနေ ဦးကျော်စိုးလွင်ဖြစ်ကြောင်း သိရှိရ၍ဆက်လက်စစ်ဆေးရာ ဦးကျော်စိုးလွင်သည် ကျားကိုက်ကွင်းကျေးရွာ အ.မ.ကကျောင်းရှိ ဆရာဆရာမများနားနေခန်း ဝင်ပေါက်တံခါးပိတ်ထားသည့် တံခါးဘောင်တွင်

(၄)လက်မသံ ဖြင့် ရိုက်ထားသည့် သံအား လုံးပတ် လက်မဝက်ခန့် အရှည် ( ၂)ပေ (၅)လက်မခန် အပြာရောင်နိုင်လွန်းကြိုးဖြင့် လည်ပင်းအားချည်၍ တွဲလောင်းကျနေလျှက် (အခြားပြင်ပ ဒဏ်ရာ )မရှိပဲကြိုးဆွဲချ သေဆုံးနေကြောင်တွေ့ ရှိရ၍နားနေဆောင်အတွင်း ကျောက်သင်ပုန်းတွင်” နောင်ရောက်လာမဲ့ ကျောင်းအုပ်ကြီးသည် ကျွန်တော်ထက်ပိုတော်ပြီး အစဉ်လာကောင်းသော ပညာတတ်ရတနာများမွေးထုတ်ပေးနိုင်ပါစေ ဤကျောင်းကြီး သာယာလှပအောင် ဆက်လက်ဆောင်ရွက်နိုင်သူဖြစ်ပါစေ”

ကျော်စိုးလွင်ဟု လက်မှတ်ရေးထိုးထားသည်ကို တွေရှိရသဖြင့်ရဲဆေး စာရေးသားပြီးဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် သဲနုကုန်းနယ်မြေရဲ စခန်းမှသေမှုသေခင်း အမှတ်စဉ်၁/၂၀၂၀ ဖြင့် စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသိရ သည်။

လမ်းမဘုရင်
SH.MEDIA လေးမျက်နှာမြို့နယ်ရုံး

zawgyi version

အမႈမွာ ဧရာဝတီတိုင္းေဒသႀကီး၊ ဟသၤာတခ႐ိုင္၊ ေလးမ်က္ႏွာၿမိဳ႕နယ္ ၊သဲႏုကုန္းနယ္ေျမ ရဲစခန္းတြင္ ၂၄.၆.၂၀၂၀ ရက္ေန႔တြင္ ေခတၱနယ္ထိန္းေခါင္းေဆာင္ဒုရဲအုပ္ဆန္းထူးေအာင္သည္ တာဝန္မႉးတာဝန္ေဆာင္ ႐ြက္ေ နစဥ္ေလးမ်က္ႏွာၿမိဳနယ္၊ သဲႏုကုန္းအုပ္စု၊ က်ားကိုက္ကြင္း ေက်း႐ြာတာဝန္ခံဦးႏိုင္ဦးမွ က်ားကိုက္ကြင္းေက်း႐ြာ အ.မ.ကေက်ာင္းတြင္ လူတစ္ဦးႀကိဳးဆြဲခ်ေသဆုံးေနေၾကာင္း အေၾကာင္းၾကားသျဖင့္

သဲႏုကုန္း နယ္ေျမရဲစခန္းမႉး ရဲအုပ္ဇင္ကိုကိုထံတင္ျပၿပီး အခင္းျဖစ္ရာသိုစခန္းမႉးရဲအုပ္ဇင္ကိုကိုသည္သက္ေသမ်ားႏွင့္ အတူ သြားေရာက္စစ္ေဆးရာေသဆုံးသူမွာ ေစာျပာေက်း႐ြာေန ဦးေက်ာ္စိုးလြင္ျဖစ္ေၾကာင္း သိရွိရ၍ဆက္လက္စစ္ေဆးရာ ဦးေက်ာ္စိုးလြင္သည္ က်ားကိုက္ကြင္းေက်း႐ြာ အ.မ.ကေက်ာင္းရွိ ဆရာဆရာမမ်ားနားေနခန္း ဝင္ေပါက္တံခါးပိတ္ထားသည့္ တံခါးေဘာင္တြင္

(၄)လက္မသံ ျဖင့္ ႐ိုက္ထားသည့္ သံအား လုံးပတ္ လက္မဝက္ခန႔္ အရွည္ ( ၂)ေပ (၅)လက္မခန္ အျပာေရာင္ႏိုင္လြန္းႀကိဳးျဖင့္ လည္ပင္းအားခ်ည္၍ တြဲေလာင္းက်ေနလွ်က္ (အျခားျပင္ပ ဒဏ္ရာ )မရွိပဲႀကိဳးဆြဲခ် ေသဆုံးေနေၾကာင္ေတြ႕ ရွိရ၍နားေနေဆာင္အတြင္း ေက်ာက္သင္ပုန္းတြင္” ေနာင္ေရာက္လာမဲ့ ေက်ာင္းအုပ္ႀကီးသည္ ကြၽန္ေတာ္ထက္ပိုေတာ္ၿပီး အစဥ္လာေကာင္းေသာ ပညာတတ္ရတနာမ်ားေမြးထုတ္ေပးႏိုင္ပါေစ ဤေက်ာင္းႀကီး သာယာလွပေအာင္ ဆက္လက္ေဆာင္႐ြက္ႏိုင္သူျဖစ္ပါေစ”

ေက်ာ္စိုးလြင္ဟု လက္မွတ္ေရးထိုးထားသည္ကို ေတြရွိရသျဖင့္ရဲေဆး စာေရးသားၿပီးဓမၼတာအတိုင္းေသဆုံးျခင္း ဟုတ္မဟုတ္ သဲႏုကုန္းနယ္ေျမရဲ စခန္းမွေသမႈေသခင္း အမွတ္စဥ္၁/၂၀၂၀ ျဖင့္ စစ္ေဆးေဆာင္႐ြက္လွ်က္ရွိေၾကာင္းသိရ သည္။

လမ္းမဘုရင္
SH.MEDIA ေလးမ်က္ႏွာၿမိဳ႕နယ္႐ုံး