မြင်သူတကာ ကြည်နူးပီတိဖြစ်ရမယ့် ဖြူဖြူထွေး ရဲ့ ယနေ့ အလှူ

ပရိသတ်ကြီးရေ မင်းသမီးချောလေး ဖြူဖြူထွေးကတော့ နှစ်အနည်းငယ်အတွင်းမှာပဲ အနုပညာလောကမှာ နေရာတစ်နေရာအခိုင်အမာ ရရှိလာခဲ့တဲ့သူလေးဖြစ်ပါတယ်။ဖြူဖြူထွေးဟာ အမြဲလိုလို ပျော်ပျော်နေတတ်ပြီး ကလေးလေးတစ်ယောက်လို ဟန်ဆောင်မှုကင်းတာကြောင့် ချစ်ခင်သူတွေပေါများနေတာဖြစ်ပါတယ်။

ဖြူဖြူထွေးလေးဟာ အနုပညာအလုပ်တွေကိုကြိုးစားလုပ်ကိုင်နေတာလည်းဖြစ်ပြီး ကြော်ငြာတွေဆိုလည်း ဆက်တိုက်ဆိုသလိုရိုက်ကူးနေတာဖြစ်ပါတယ်နော်။ သူမဟာဟန်ဆောင်မှုကင်းပြီး ရိုးရိုးသားသားနဲ့နေတတ်တဲ့သူလေးလည်း

ဖြစ်တဲ့အပြင် အလှူအတန်းဆိုလည်း လက်မနှေးပဲရက်ရက်ရောရောလှူတတ်တဲ့သူလေးဆိုလည်း မမှားပါဘူးနော်။ အခုဆိုရင်လည်း ဖြူဖြူထွေးလေးဟာ ဝမ်းမြောက်ဖွယ်ကောင်းတဲ့အလှူဒါတစ်ခုကို ပြုလုပ်လိုက်ပြန်ပါပြီနော်။

ဖြူဖြူထွေးလေးဟာ လမ်းမှာတွေတဲ့ဆိုက်ကားဆရာကြီးတွေ၊အလုပ်သမားတွေနဲ့ သံဃာတော်တွေကို ဆေးဝါးတွေနဲ့ အလှူငွေတွေကိုလှူဒါန်းခဲ့တာဖြစ်ပါတယ်။ သူမဟာ ရရှိသမျှအနုပညာကြေးလေးတွေကို တတ်နိုင်သမျှအမြဲလိုလိုလှူဒါန်းနေလေ့ရှိတဲ့သူလေးပါ။ ကဲ….ပရိသတ်တွေအတွက် ဖြူဖြူထွေးလေးရဲ့ကြည်နူးစရာဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

zawgyi version



