ဒီဂရီကောလိပ်ရှိ အသုံးအဆောင် ပစ္စည်းများ ခိုးယူပြီး သူခိုးမှ တောင်းပန်ပြီး ခွင့်လွှတ် ရန် စာချန်သွားခဲ့

ပရိတ်သတ်ကြီးရေ ကချင်ပြည်နယ် မိုးညှင်းမြို့ ရွာသစ်ကုန်း ကျေးရွာအုပ်စု ထန်းတစ်ပင် ကျေးရွာရှိ မိုးညှင်းဒီဂရီကောလိပ်ကျောင်း စံပယ်ဆောင်အတွင်းထားရှိသော အသုံးအဆောင်ပစ္စည်း (၇)မျိုးခိုးယူခံရသဖြင့် မိုးညှင်း မြို့မရဲစခန်းမှာအမှုဖွင့်လှစ်ထားကြောင်း သိရှိရသည်။ သြဂုတ်လ ၂၁ ရက်နေ့ ညနေ(၅) နာရီအချိန် ခန့်တွင်မိုးညှင်း ဒီဂရီကောလိပ် စံပယ်ဆောင်မှ အသုံးအဆောင် ပစ္စည်းများပျောက်ဆုံးနေကြောင်း သိရသဖြင့် တာဝန်ရှိသူများက စစ်ဆေးရာ အဆောင်တွင်းရှိ ၄၀ လက်မ အရွယ်ရှိ SONY FLAT တီဗွီ (၁) လုံး (တန်ဘိုး ၃၅၀၀၀၀ ကျပ်)၊

Pro Audio တံဆိပ်ပါဆောင်းဘောက်နှင့် မိုက်တွဲလျက်(တန်ဘိုး ၁၀၀၀၀၀ ကျပ်)၊ VIDA အမျိုးအစား မြက်ရိတ်စက် (၁)လုံး (တန်ဘိုး ၁၂၀၀၀၀ ကျပ်)၊ ထိုင်းနိုင်ငံထုတ် ဒယ်နီ (၁)လုံး (တန်ဘိုး ၃၀၀၀၀ ကျပ်)၊ Hair Dryer (၂)ခု (တန်ဘိုး ၃၀၀၀၀ ကျပ်)၊ လျှပ်စစ် ရေနွေးအိုး (၂)လုံး (တန်ဘိုး ၆၀၀၀၀)၊ လျှပ်စစ်ကြက်ဥပြုပ်အိုး (၂)လုံး (တန်ဘိုး ၁၀၀၀၀)၊ စုစုပေါင်း အသုံး အဆောင်ပစ္စည်း(၇)မျိုး ဖြစ်ပြီး တန်ဘိုးငွေ စုစုဆပါင်း ၆၄၆၀၀၀ ရှိ ပစ္စည်းများ ပျောက်ဆုံး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ထို့အပြင် ယင်းအဆောင်ခန်းရှိ White Board ပေါ်တွင် “တောင်ပံဘာတယ်ဗျ ဆံဖိုးမရှိလို့ ခိုးသွားတာပါဗျာ ခွင့်လွှတ်ပေးပါဗျာ”ဟူသောစာတန်းနှင့် “စံပယ်ဆောင်ခွင့်လွှတ်ပါဗျာ” ဟူသောစာသားများတွေ့ရှိရကြောင်း သိရသည်။
ထို့ကြောင့် မိုးညှင်းဒီဂရီကောလိပ် နယ်မြေ အင်္ဂျင်နီယာဋ္ဌာနမှ ဒုတိယကြီးကြပ်ရေးမှုး ဦးစံကျော်ဟိန်းက တရားလိုပြုလုပ်၍ သြဂုတ်လ၂၂ ရက်နေ့ညနေကအမှုဖွင့်လှစ်ခဲ့ရာ မိုးညှင်းမြို့မရဲစခန်းမှ (ပ)၁၁၂/၂၀၂၀ ပုဒ်မ ၃၈၀ ဖြင့်အမှုရေးဖွင့်ကာ ခိုးယူသွားသူကို အမြန်ဆုံးးဖမ်းဆီးရမိရေးအတွက် စုံစမ်းရှာဖွေ လျက်ရှိကြောင်းသိရှိရသည်။

Credit; Original Uploader