ကွယ်လွန်သွားရှာပြီဖြစ်တဲ့အဖေ့ကို သတိရမိကြောင်းဝမ်းနည်းစွာရင်ဖွင့်လာတဲ့ စီနွန်

ပြည်သူတွေရဲ့ အချစ်တော် မြန်မာနိုင်ငံမှာနိုင်ငံခြားသားတစ်ယောက်ဖြစ်ပေမယ့် အလှူအတန်းတွေကိုမကြာခဏပြု လုပ် လေ့ရှိတဲ့စီနွန်ကိုတော့ ပရိသတ်ကြီးလည်းရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ သူကတော့ မြန် မာနိုင်ငံကိုရောက်ရှိနေချိန်မှာအနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေသ လိုအမှန်တ က ယ် လိုအပ်နေတဲ့နေရာတွေမှာလည်းကိုယ်တိုင်သွားရောက်ကာ မကြာခဏအလှူအတန်းတွေ ပြု လုပ်ပေးလေ့ရှိတယ်။

လက်ရှိမှာလည်းလေဖြတ်ဝေဒနာခံစားနေရတဲ့ ဘဘဦးတင်မြင့်ဆီသွားရောက်ပြီးဆေးဖိုးငွေနဲ့ လိုအပ်တာလေးတွေကိုလှူဒါန်းပေးခဲ့တယ်လို့သိရပါတယ်။ အဖိုးကိုတွေ့တော့ကွယ် လွန်သွားရှာ ပြီးဖြစ်တဲ့အဖေ့ကိုသတိရမိကြောင်း စီနွန်ကဝမ်းနည်းစွာနဲ့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာက နေယ ခုလိုပဲရင်ဖွင့်လာခဲ့ပါတယ်။

”ကျတော်ဦးကိုတွေ့လိုက်ရတာ ကျတော့်အဖေ့ကိုသတိရသွားစေတယ်။အဖိုးရဲ့ဘဝအကြောင်းကနေသင်ခန်းစာတွေအများကြီးရပါတယ်ခင်ဗျာ လေးစားပါတယ်ခ င်ဗျာ ရှေ့ဆက်ကြိုးစားနေပါ။ ကျတော့်တတ်နိုင်သလောက်ကူညီပါ့မယ်ချစ်တယ်အဖိုး(အဖေ) ”ဆိုပြီးစီ နွန် ကရင်ဖွင့်ထားခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးရေ ဘဘဦးတင်မြင့်ဆီသွားရောက်ခဲ့ရင်းကွ ယ် လွန်သွားပြီးဖြစ်တဲ့ဖခင်ကိုသတိရနေတဲ့ စီနွန်အတွက်နှစ်သိမ့်စကားလေးပြောပြခဲ့ပါဦးနော်။

Credit: Original Uploader