အိမ်သုံးအမျိုးအစား လျှပ်စစ်မီး သုံးစွဲမှုကို ဒီဇင်ဘာလကုန်ထိ လစဉ် ၁၅၀ ယူနစ် အခမဲ့ပေးမည်

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီသည် ရေဂါပိုးကူးစက်မှု ကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန်အတွက် သြဂုတ်လကုန်အထိ ရက်တိုးမြှင့်လိုက်ပြီးနောက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် အိမ်သုံးအမျိုးအစား လျှပ်စစ်မီး သုံးစွဲမှုကို ဒီဇင်ဘာလကုန်ထိ လစဉ် ၁၅၀ ယူနစ် အခမဲ့ပေးမည်ဖြစ်ကြောင်း သြဂုတ်လ ၁၈ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။


COVID- 19 ကြောင့် ပြည်သူများ စီးပွားရေးအရ စိတ်ဓာတ်ရေးရာ ကြပ်တည်းခြင်းများစွာ ရှိနေသည့် အတွက် သြဂုတ်လ ၁ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိ လစဉ် ၁၅၀ ယူနစ်အတွက် ဓာတ်အားကျသင့်ငွေ ကင်းလွတ်ခွင့် (အခမဲ့) ကို ဆက်လက်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုယူနစ်များအနက်မှ

လျှပ်စစ် ဓာတ်အားသုံးစွဲမှု (၁) ယူနစ်မှ (၁၅၀) ယူနစ်အထိ သုံးစွဲသူများသည် ဓာတ်အားကျသင့်ငွေ နှင့် မီတာဝန်ဆောင်ခ အပါအဝင် ကင်းလွတ်ခွင့် (အခမဲ့) ရရှိမည်ဖြစ်ပြီး (၁၅၁) ယူနစ်နှင့်အထက်သုံးစွဲသူများသည် ယူနစ် (၁၅၀) အတွက် ဓာတ်အားကျသင့်ငွေ (၁၁၅၅၀ ကျပ်) ကို ကင်းလွတ်ခွင့် (အခမဲ့) ရရှိမည်ဖြစ်သည်။အစိုးရအနေဖြင့် လျှပ်စစ်ဓာတ်အားအသုံးပြုမှု ယူနစ်လျော့ချပေးခြင်းကို ၂၀၂၀ ခုနှစ် ဧပြီလတွင် စတင်ခဲ့သည်။

Credit ပြည်မြန်မာ

zawgyi version

COVID-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ဗဟိုေကာ္မတီသည္ ေရဂါပိုးကူးစက္မႈ ကို ဆက္လက္ထိန္းခ်ဳပ္ေဆာင္ရြက္ရန္အတြက္ ၾသဂုတ္လကုန္အထိ ရက္တိုးျမွင့္လိုက္ၿပီးေနာက္ လွ်ပ္စစ္ႏွင့္ စြမ္းအင္၀န္ႀကီးဌာနသည္ အိမ္သံုးအမ်ိဳးအစား လွ်ပ္စစ္မီး သံုးစြဲမႈကို ဒီဇင္ဘာလကုန္ထိ လစဥ္ ၁၅၀ ယူနစ္ အခမဲ့ေပးမည္ျဖစ္ေၾကာင္း ၾသဂုတ္လ ၁၈ ရက္ ညပိုင္းတြင္ သတင္းထုတ္ျပန္သည္။


COVID- 19 ေၾကာင့္ ျပည္သူမ်ား စီးပြားေရးအရ စိတ္ဓာတ္ေရးရာ ၾကပ္တည္းျခင္းမ်ားစြာ ရွိေနသည့္ အတြက္ ၾသဂုတ္လ ၁ရက္မွ ဒီဇင္ဘာလ ၃၁ ရက္အထိ လစဥ္ ၁၅၀ ယူနစ္အတြက္ ဓာတ္အားက်သင့္ေငြ ကင္းလြတ္ခြင့္ (အခမဲ့) ကို ဆက္လက္ေပးသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္၏ လွ်ပ္စစ္ဓာတ္အားသံုးစြဲမႈယူနစ္မ်ားအနက္မွ

လွ်ပ္စစ္ ဓာတ္အားသံုးစြဲမႈ (၁) ယူနစ္မွ (၁၅၀) ယူနစ္အထိ သံုးစြဲသူမ်ားသည္ ဓာတ္အားက်သင့္ေငြ ႏွင့္ မီတာ၀န္ေဆာင္ခ အပါအ၀င္ ကင္းလြတ္ခြင့္ (အခမဲ့) ရရွိမည္ျဖစ္ၿပီး (၁၅၁) ယူနစ္ႏွင့္အထက္သံုးစြဲသူမ်ားသည္ ယူနစ္ (၁၅၀) အတြက္ ဓာတ္အားက်သင့္ေငြ (၁၁၅၅၀ က်ပ္) ကို ကင္းလြတ္ခြင့္ (အခမဲ့) ရရွိမည္ျဖစ္သည္။အစိုးရအေနျဖင့္ လွ်ပ္စစ္ဓာတ္အားအသံုးျပဳမႈ ယူနစ္ေလ်ာ့ခ်ေပးျခင္းကို ၂၀၂၀ ခုႏွစ္ ဧၿပီလတြင္ စတင္ခဲ့သည္။

Credit ျပည္ျမန္မာ