ဂုဏ်သိက္ခာ ကျဆင်းစေမှုအတွက် တရားရုံးမှာ ဦးတိုက်လျှောက်ထားခံလိုက်ရတဲ့ အလှမယ် မိုးစက်ဝိုင်

မိုးစက်ဝိုင်ကတော့ အလှမယ်တစ်ယောက်အဖြစ် နာမည်ကျော်ကြား လူသိများခဲ့ပြီး သီချင်းဗီဒီယိုများ ကြော်ညာများနဲ့ ရုပ်ရှင်ဇာတ်ကားကြီးများကိုပါ ရိုက်ကူးထုတ်လွှင့်ခဲ့ပြီး ဖြစ်ပါတယ်။ လက်ရှိမှာတော့ အလှမယ် မိုးစက်ဝိုင်ကို အသရေဖျက်မှုနဲ့ တရားလို မေဟန်နီထွန်းက တရားစွဲဆိုဖို့အတွက် တရားရုံးမှာ ဦးတိုက်လျှောက်ထားလိုက်ပါတယ်။အဆိုပါ အမှုဖြစ်စဉ်ကိုတော့ ဗဟန်းမြို့နယ်တရားရုံးမှ သတင်းပြန်ကြားရေးအရာရှိ ဦးစောထွန်းအေး က မီဒီယာမှာ အခုလိုပဲ ဖြေကြားပေးခဲ့ပါတယ်။

အခု အမှုမှာ တရားလိုကတော့ မေဟန်နီထွေး စွပ်စွဲခံရသူကတော့ ဒေါ်ဝေဝေခိုင် ( ခေါ် ) မိုးစက်ဝိုင် နဲ့ နောက်တစ်ယောက်ကတော့ ဒေါ်မျိုးမြတ်သန္တာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကို ဒေါ်မေဟန်နီထွန်းက သူတို့ကြောင့် ဂုဏ်သိက္ခာတွေ ကျပါတယ် နစ်နာရပါတယ်ဆိုပြီးတော့ ဦးတိုက်လျှောက်ထားတဲ့ အမှုဖြစ်တယ်။ဦးတိုက်လျှောက်ထားတာနဲ့ ပက်သက်ပြီး ကျွန်တော်တို့ အမှုစစ်တရားသူကြီးကတော့ တွဲဖက်မြို့နယ်တရားသူကြီး ဒေါ်အေးသူဇာနွယ် ဖြစ်ပါတယ်။ သူကနေပြီးတော့ ရာဇဝတ်ကြီး ပုဒ်မ ၂၀၀ အရ စစ်ဆေးတယ်။ ရဲစခန်းကို ရာဇဝတ်ကြီး ပုဒ်မ ၂၀၂ ပုဒ်မခွဲ ၁၀၀ စုံစမ်းစစ်ဆေးဖို့ဆိုပြီးတော့ အစီရင်ခံစာတင်ပြခိုင်းထားတယ်။ အစီရင်ခံစာပြန်တင်ခိုင်းတဲ့ နေ့ကတော့ ၂၅ ရက် ၈ လ ၂၀၂၀ ဖြစ်ပါတယ်။

လောလောဆယ်တော့ ကျွန်တော်က တစ်မှုပဲ သိရသေးတယ်။ အသရေဖျက်မှု မြောက်မမြောက်ကတော့ အခုက action မှ မယူရသေးတာ…ဗဟန်းမြို့မရဲစခန်းကနေ အစီရင်ခံစာ ပြန်တက်လာမယ်။ အစီရင်ခံစာ ပြန်တက်လာတဲ့အပေါ်မှာ အမှုစစ်တရားသူကြီးက action ယူပြီးမှ အသရေဖျက်မှု မြောက်မမြောက်တို့ ဘာတို့ ဆုံးဖြတ်ရမှာ။ အခုလောလောဆယ်ကတော့ မေဟန်နီထွေးက ဦးတိုက်လျှောက်ထားလို့ ရဲစခန်းကို အစီရင်ခံစာ တင်ခိုင်းထားတဲ့ အဆင့်ပဲ ရှိပါသေးတယ်။ ရဲကနေ အစီရင်ခံစာ တင်ပြီးရင် အဆိုပါ အစီရင်ခံစာအရ action ယူလိုက်မှ သူတို့ကို ခေါ်မှာ။ action ယူစရာအကြောင်းမရှိရင် ခေါ်စရာအကြောင်းမရှိဘူး။ဆိုကာ အမှုဖြစ်စဉ်ကို ပြောပြခဲ့ပါတယ်။ပရိတ်သတ်ကြီးရေ အခုဖော်ပြခဲ့တာကတော့ အသရေဖျက်မှုနဲ့ တရားရုံးကို ဦးတိုက်လျှောက်ထားခြင်းခံလိုက်ရတဲ့ အလှမယ် မိုးစက်ဝိုင်အကြောင်းပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။

Credit to Original

zawgyi version




Credit to Original