အောင်စာရင်းမှာနာမည်ပါလာတဲ့ ဖားကန့်မြေမှာ အသက်ပေးလိုက်ရတဲ့ ၁၀ တန်း ကျောင်းသား မိခင်ဖြစ်သူရဲ့ ရင်တွင်းခံစားချက်

အောင်စာရင်းမှာ သူ့နာမည်လေး ပါတာမြင်ရဖို့ ကြိုးစားခဲ့သည်များ ရေကုန်ရေခန်း။ ကျောင်းစရိတ် အတွက် အသက်ပေးခဲ့ရသူ။ ဘဝ တွေ က ခါးခဲ့လေသည်။ညက အောင်စာရင်းသိရပြီး တော့ ဒေါ်ချောစု နှုတ်ကနေ တစ် ယောက်တည်း ပြောနေသံကို မိသားစု ဆွေမျိုး တွေကြား ခဲ့ရ သည်။အားလုံးစိတ်မကောင်းကြ။ မျက်ရည်လည်ရွှဲဖြစ်ခဲ့ကြရ သည်။ ရင်ဝဆို့တက်လာခဲ့ကြ သည်။‘‘ငါ့သားရေ။ ချစ်ကိုရေ။ မင်းအောင် သွားပြီ ငါ့သားလေးရေ’’ တဲ့။ကျွန်မ သားလေး အောင်ပါတယ်။ပြည့်နှစ် ဩဂုတ် ၈ ရက် စနေနေ့ည။ညသည် တဖြည်း ဖြည်းညဉ့်နက်လာလေလေ တိတ်ဆိတ်လာလေဖြစ်သည်။အပ်ကျသံမျှကြား ရလောက်အောင် ငြိမ်သက်နေသော ဝန်း ကျင်တွင် ဒေါ်ချောစု နှလုံးခုန်သံကတော့ တဒုန်းဒုန်းဖြင့် တစ်ရွာလုံး လန့်နိုးတော့မည့်အလား မြန်ဆန်စွာ ခုန်နေပါသည်။ဒေါ်ချောစု အိပ်၍ မပျော်သည့် ညပေါင်းများစွာ ဖြတ်သန်းခဲ့ရသည်မှာ ကြာချေပြီ။ဒီညလည်းယခင်ညများလို အိပ်၍မပျော်။ သို့သော် ဒီညမှာတော့ ကုန်လွန်ခဲ့ ပြီးသည့် ညများထက် ဒေါ်ချောစုရင်တွေ တဒိန်းဒိန်းခုန်တာ ပိုလာခဲ့သည်။

ဒီည သားတို့ အောင်စာရင်းတွေ ထွက်တော့မည်တဲ့လေ။ဒေါ်ချောစုနှင့် ဦးကြွက်နီတို့ က မန္တလေးတိုင်းဒေသကြီး စဉ့် ကူးမြို့နယ် ကျောင်း ဆိပ်ရွာက ဖြစ်သည်။သူတို့မှာ သားသမီးနှစ် ယောက်ရှိသည့်အနက် အကြီးမှာ ချစ်ကိုကိုဖြစ်သည်။ ချစ်ကိုကိုက ဒီနှစ် ဆယ်တန်းဖြေထား သူ။ဒီညသားကြီးအောင်စာရင်း သိရတော့မည်ဖြစ်သည်။ သို့သော် သိရမည် ကို ဒေါ်ချောစု ကြောက်နေသည်။ မသိဘဲလည်းမနေနိုင်။ သား ကို စာမေးပွဲ အောင်များအောင်သွား မည်လား စိုးရိမ်နေပြန်သည်။ ကျစေချင်တာလည်း မဟုတ်။

အောင်လည်းအောင်စေချင်ပြန် သည်။ အောင်သွားရင်ကော… ။ဒေါ်ချောစု ခြေမကိုင်မိ လက် မကိုင်မိ ပူလောင်ရသော ညတစ်ညပင် တည်း ။သားလေးချစ်ကိုကိုအတွက် ဒီနှစ် ဆယ်တန်းဖြေဆိုမှုသည် လေးကြိမ်မြောက် ဖြေဆိုရခြင်း ဖြစ်သည်။ ဒေါ်ချောစုတို့က တောင် သူတွေမို့ ပြေလည်လှ သည်မဟုတ်ပါ။ သို့သော် သားကြီးသည် ပညာကို အင်မတန်လိုလား သူတစ်ယောက် ဖြစ်လေသည်။ ၂၀၁၇ မှာ သား ကြီး ဆယ်တန်းစဖြေပါသည်။ကံချွတ်ချော်ကာ မအောင်ခဲ့။ ငိုလိုက်တာများ မပြောနှင့်။

ဒေါ်ချောစုရော ဦးကြွက်နီပါ သားကို အပြစ်မတင်။‘‘ငါ့သားရယ်၊ ဒီနှစ်မအောင် နောက်နှစ်ပေါ့ဟ။ စိတ်ဓာတ်မကျစမ်းပါနဲ့’’ဟု အားပေး သည်။ကျူရှင်ကြေးတွေက ချစ်ကို ကိုတို့ အနေအထားနှင့်စာလျှင် မနည်းလှသဖြင့် ချစ်ကိုတစ်ယောက် စာမေးပွဲဖြေပြီးကတည်း က ရွာ ထဲရှိသမျှ အလုပ်တွေဝင် လိုက်လုပ် သည်။ပန်းရန်ခေါ် လည်း လိုက်သည်။ ပဲရိုးတင်၊ ပဲခွံတင်၊ နွားချေးတင်လည်း လိုက် သည်။ သူ့ကျူ ရှင်ဖိုးလေး ကာမိအာင် ဖြစ်သည်။ဒေါ်ချောစုကော ဦးကြွက်နီပါ အတန်းပညာ နည်းခဲ့ရှာသူ တွေ။

သူတို့သားတွေ၊ သမီးတွေ အလှည့်မှာတော့ ပညာရေးကံ ကောင်းစေလိုလှသည်။ သားနဲ့ သမီးကို သူတို့ရုန်းကန်ရသလို ချွေးမြေကျရသလို မကျစေချင် မပင် ပန်းစေချင်တော့။ ပြီးတော့ သားကြီးချစ်ကိုက မိဘလည်း အင် မတန်မှ သိတတ်သည်။ မိဘဆင်းရဲတာ ကိုလည်း သူသိ သည်။ မိသားစုတာဝန် နိုင်သမျှ သူဝင်ထမ်း သည်။ ထိုသားမျိုးကို ပညာတတ် ကြီးဖြစ်စေချင်သည်မှာ မဆန်း။ သားကြီး ချစ်ကိုကိုလည်း လင်မယားနှစ်ယောက်လုံး အားပေးကာ နောက်နှစ်ဆက်ဖြေဆို စေသည်။

သို့သော် ချစ်ကို ကံထပ်ဆိုးရှာသည်။ ဒုတိယအကြိမ်ဖြေ ဆိုရာတွင်လည်း မအောင်မြင်ခဲ့ ပြန်။ စာမေးပွဲကျတော့ ငိုရှာ သည်။ အဖေနှင့်အမေ ကို တတိယ အကြိမ် ထပ်ဖြေခွင့်ပေးဖို့တောင်း ဆိုသည်။ ဒေါ်ချောစုတို့ကလည်း ဒီသားလေးရှိတာ ဆက်ထားဖို့ပဲဆုံးဖြတ်သည်။ ချစ်ကို ပ ညာရေး မှာများ ကံနည်းခဲ့လေသလား။ သုံးကြိမ်မြောက်တွင်လည်း ကျ ပြန်လေသည်။ လုပ်ငန်းခွင်ထဲရောက်ပြီး ငွေရှာနေသူတစ်ယောက် ဖြစ်နေပြီမို့ချစ်ကိုနေရာမှာ အခြားသူတစ်ယောက်ဆိုလျှင် ပညာရေးကို အဲသလောက် စိတ်အားထက်သန်ပါ ဦးမလား မသေချာပါ။

သို့သော်ချစ်ကိုကတော့ ရည်မှန်းချက်ကြီး တစ်ခု ရှိနေသည်မို့ ထိုရည်မှန်းချက်ဖြစ်မြောက်ဖို့ သူဆယ်တန်း အောင်ကို အောင်ရမည်ဟု တွေး ထားသည်။သူ့ရည်မှန်းချက်က ကျောင်းဆရာတစ်ယောက် အ လွန်အမင်း ဖြစ်ချင်နေခြင်းပင်။ အမျိုးတွေထဲလည်း ဦးလေးတွေ၊ အဒေါ်တွေ က ဆရာ၊ ဆရာမတွေမို့ သူလည်း ကျောင်းဆရာဖြစ်ချင်သည်တဲ့။ ပတ်ဝန်းကျင်ကတော့ ဒေါ်ချောစုတို့ သူ့သားကြီးအတွက်မောရ၊ ငွေကုန် ရသည့်နှစ်တွေက မနည်းတော့တာမို့ ကျောင်းနုတ် လိုက်ဖို့ အကြံပေးကြသည်။

သို့ သော် ဒေါ်ချောစု မလုပ်ရက်။ သားစိတ်ဆန္ဒပြင်းပြနေတာ ဖြစ် မြောက်အောင်လုပ်ပေးဖို့က သူတို့မိဘတွေရဲ့တာဝန်ဟု သူလက် ခံထား သည်။သုံးကြိမ်မြောက် အောင်စာရင်းထွက်ချိန်ကျတော့ ချစ်ကို ဖားကန့်ရောက်နေသည်။ ကျတော့ ချစ်ကိုကို ဖားကန့်ကနေ ပြန်ခေါ်သည်။ ဖားကန့်မှာ သူရှာ လာတဲ့ ငွေအနည်းငယ်ရယ်၊ မိဘ တွေ၊ အဘိုးအဘွားတွေ ထောက် ပံ့တာတွေရယ်နှင့် စတုတ္ထအကြိမ် ဖြေပြန်သည်။ စာမေးပွဲဖြေသည့်နေ့တိုင်း ဒေါ်ချောစု စဉ့်ကူးမြို့ပေါ်က သားစာမေးပွဲဖြေသည့် ကျောင်းကို နေ့တိုင်း ကျောင်းပေါက်ကနေ သွားကြိုသည်။

သားသည် ယခင်နှစ် များနှင့်မတူ၊ မျက်နှာလေးကို ပြုံးချိုနေသည်။စာမေးပွဲခန်းကအထွက် ကျောင်းပေါက်ရောက် သည်နှင့် လာကြိုနေ သည့်အမေ့ ကို ဖက်ရင်း ‘‘ဒီနှစ်တော့ သားသေချာပေါက်အောင်ပြီ အမေ ရေ’’ဟု ဝမ်းသာအားရပြောခဲ့ သည်။ ဒေါ်ချောစု ပျော်ခဲ့ရပါ သည်။ ဒီနှစ်တော့ သားလေး လွတ်လွတ်ကျွတ်ကျွတ်အောင် လောက်ပါပြီဟု တွေးကာ ကြည် နူးခဲ့ပါသည်။ သားက စာမေးပွဲဖြေပြီး တော့ သူ့ဦး လေးတွေနှင့်အတူ ဖားကန့်တက်အလုပ်လုပ်ဖို့ပြင်ပါ သည်။

ဖားကန့်မှာက မြေစာပုံ တွေ မကြာခဏ ပြိုကျ၊ လူတွေသေတာ မျိုးတွေ၊ ဒေါ်ချောစု ကြားဖူးနေတော့ သားလေးကိုလွှတ်ရ မှာ စိတ်မချ။ သို့သော် သားက သွားချင်နေသည်မို့ သူ့ဦးလေးတွေ ရှိပါတယ်လေဟု စိတ်ဖြေကာ ထည့်လိုက်ရပါသည်။ သား ဖားကန့်ဘက်တက်ရသည့် ရည်ရွယ်ချက်ကို နောက်မှသိရသည်။ ဆွေ မျိုးမကင်းသည့် အမေကြီးတစ် ယောက်ဆီက ပြန်ကြားရသည်က သားက သူ့ကို ပြောပြသည် တဲ့။အမေကြီးရေ။ အဖေတို့၊ အမေ တို့ ကျွန်တော့်အတွက် ငွေတွေတအားကုန်ထားရတာ။ ပင်ပန်းလှပြီလေ။ဒါကြောင့် ဖားကန့် တက်ပြီး ပြန်ရှာပေးချင်တာ’’တဲ့။ ဒေါ်ချောစု စိတ်ထဲမကောင်း။ သားကြီးတို့ မတ်လထဲ ဖားကန့်တက်သွားပြီးနောက် ကိုဗစ်တွေ မြန်မာပြည်ထဲ စဖြစ်လာခဲ့သည်။ အစကတော့ ခြောက်လ ပိုင်း အောင်စာရင်းထွက်ရင် သားကြီး ပြန်လာတော့မည်ဖြစ်သည်။ သို့သော် ကိုဗစ်ဖြစ်တော့ အောင်စာရင်းတွေလည်း နောက်ဆုတ်ကုန်သည်။ ခုနစ်လပိုင်းထဲထွက် မည်ဆိုတော့ သားက အဲဒီရက် အမီပြန် လာမည့်အကြောင်း ဖုန်းဆက်ပြောသေးသည်။

သားကြီး က ပြောသေးသည်။ ‘‘အမေရေ။ သားက ဒီနှစ်သေချာပေါက် အောင်မှာဗျ။ အဲဒီကျရင် သားသူငယ်ချင်းတွေနဲ့ ဘောက်စ်တွေ ဖွင့် ပြီး ကမှာနော်။ အမေတို့မတားနဲ့’’တဲ့။ ဒေါ်ချောစုရယ် မောရင်း ‘အေးပါသားရယ် ကကြ ကကြ’ဟု ပြန်ပြောရသည်။သို့သော် ကံကြမ္မာသည် လှည့်ကွက်တွေ များလွန်းလှ သည်။ ဇူလိုင် ၂ ရက် နံနက်ခင်းမှာ ဒေါ်ချောစုတို့ဆီ သတင်းစကားတစ်ခု ကြားလာရသည်က ဖားကန့်မှာ မြေ တွေပြိုလို့ လူတွေအများကြီး သေသတဲ့။ ဒေါ်ချောစုတို့ တစ်တွေ ရင်တုန်ပန်းတုန်ဖြင့် ဖုန်းတွေဆက်ရ စုံစမ်းရသည်။

နောက်ဆုံးကြားရသည်က ဒေါ်ချောစု သားကြီး ချစ်ကိုကိုနှင့် သူ့ဦးလေးညီအစ်ကိုနှစ်ယောက်၊ ပေါင်း တူအရီးသုံးယောက် မြေစာပုံထဲပါ သွားကာ သေဆုံးခဲ့သည်တဲ့။ ဒေါ်ချောစုတို့ ဆွေမျိုးတစ်စုလုံး ရော ကျောင်းဆိပ်တစ်ရွာလုံးပါ စိတ်ထိခိုက်ခဲ့ကြရလေသည်။ သားဆုံးပြီး တော့ ဒေါ်ချောစု တစ်ယောက် သားလေးမွေးရက် တနင်္လာနေ့တိုင်း ဘုန်းကြီး ကျောင်းသွားကာ ဆွမ်းလှူ၊ ကုဋီဆေး၊ သန့်ရှင်းရေး အလုပ် တွေသွားလုပ်နေကျဖြစ်သည်။သားရှိ စဉ်က သူလုပ်နေကျအလုပ်တွေ သားမရှိတော့ သားကိုယ်စားဒေါ်ချောစု သွားလုပ်နေခြင်းဖြစ် သည်။

အောင်စာရင်းမထွက်ခင် ရက်အနည်းငယ်အလိုက အိမ်ပေါ်မှာ သားအတွက် ဆွမ်းတော်သွားတင်သည်။ဆွမ်းတော်တင် ရင်း သားရေ သား အတွက် အမေအမျှဝေမယ်နော် သားသာဓုခေါ် ဟု ပြောမိလိုက်သည်။ ထိုအချိန်ဘုရားစင်ပေါ်က ဘူးလေးတစ်ခု ထဲက နှိုးစက်သံလေးတစ် ခု ဆူ ညံစွာ ထွက်ပေါ်လာခဲ့သည်။ ဒေါ်ချောစု ထကြည့်လိုက်တော့ နာရီဘူးလေး။ အတွင်းထဲမှာ နှိုးစက်သံထွက်ပေါ်လာသည့် အိမ် ပုံစံ စား ပွဲတင်နာရီလေး။ပြီးခဲ့သည့် ပြာသိုလပြည့်နေ့ က သားနေသည့်အဆောင်မှာ အမေနေ့မို့ အမေတွေကို ခေါ်ကန်တော့ကြသည်။

သားက ဒေါ်ချောစုကို ထဘီတစ်ထည်ဖြင့် ကန်တော့သည်။‘ငါ့သား ဘာလိုချင် လဲ’ မေးတော့ ‘အမေ သား မနက်မနက် မထနိုင်လို့ နှိုးစက် နာရီလေးတစ်လုံးလောက် ဝယ်ပေးပါလား’ ဟု ပြောသည်။ ဒေါ်ချောစုက ဝယ်ပေးမှာပေါ့ဟုပြောပြီး သားအမိနှစ်ယောက် စဉ့်ကူးမြို့ထဲ သွားကာ သုံးထောင့်ငါးရာတန်နာရီ လေးတစ်လုံး ဒေါ်ချောစု ဝယ်ပေးခဲ့ခြင်းဖြစ်သည်။ သားစာမေးပွဲဖြေ ပြီးကတည်းက ထိုနာရီကို ဘုရား စင်ပေါ်တင်ထားခဲ့သည်မှာ ကြာလှပြီ။ တစ်ခါမျှမမြည်။

ထိုနေ့ကျမှ အမျှဝေနေချိန် တိုက်တိုက်ဆိုင် ဆိုင်လာမြည်တော့ ဒေါ်ချောစုနာရီလေးပိုက်ကာ မျက်ရည်ကျ ခဲ့ရပါသည်။သား နာရေးပြီး တော့ ဒေါ်ချောစု အောင်စာရင်းထွက်မှာ ကို စိုးထိတ်နေခဲ့သည်။ သားရှိစဉ် တုန်းကတော့ အောင်စာရင်း မြန်မြန်ထွက်စေချင်လှပြီ။ ကိုဗစ်ဖြစ် တော့ အောင်စာရင်းတွေက နောက်ဆုတ်သွားတော့ မျှော်ရသည်လည်း မောခဲ့ပြီ။ သို့သော် သားဆုံးသွားပြီးနောက် ဒေါ်ချောစု အောင်စာရင်းထွက်မည့်နေ့ကို အင်မတန်ကြောက်ရွံ့နေခဲ့ပြီ။

သြဂုတ် ၉ ရက် နံနက် ၀၀:၃၀ (သြဂုတ် ၈ ရက် ည ၁၂:၃၀) မှာ အောင်စာရင်းတွေ ထွက်တော့မည်ဆိုတော့ ဒေါ်ချောစု ဘယ်လိုမှ နေလို့ ထိုင်လို့မရ တော့။ဒီနှစ်က ကိုဗစ်ကာလမို့ အောင်စာရင်းကို အွန်လိုင်းကနေ ညကတည်းက ထုတ်ပြန်မည်ဆို တာကြောင့် အဖေဖြစ်သူ ကလည်းဖုန်းဘီလ် တစ်ထောင်တန်နှစ် ကတ်သွားဝယ်ကာ ဖုန်းလေးကိုင်ပြီး ထိုင်စောင့်နေသည်။ မနက် တစ်ချက်၊ နှစ်ချက်လောက်မှ သိရမည်ထင်ခဲ့သည်။ ည ၁၂ နာရီခွဲကျော်တော့ ဖုန်းတွေလာသည်။သားကြီး ချစ်ကို အောင်သည်တဲ့။

ထိုကျမှ ဖုန်းဖွင့်၊ အင်တာနက်ဖွင့်ကာသား ခုံနံပါတ်ရှာတော့ ဟုတ်ပါသည် သားကြီးအမည်အောင် စာရင်းမှာ ပါလာခဲ့လေပြီ။ဒေါ်ချောစုတို့ တစ်မိသားစု လုံး မျက်ရည်မဆည်နိုင်။ တစ်ည လုံးလည်း အိပ်မရကြ။သားကြီး သူငယ်ချင်းတွေကလည်း ဖုန်း ဆက်ပြောကြ။ တစ်မိသား စုလုံး ရင်တွေနာကျင်ရသည်။ သားအတွက် ဒေါ်ချောစု တို့ မျက်ရည်ကျရပြန်လေပြီ။ ဒေါ်ချောစု မျက်ရည်မကျဖြစ် အောင် ကြိုးစားပြီး ထိန်းပါသည်။သားက ဒေါ်ချောစု မျက်ရည်ကျ တာကို မကြိုက်ပါ။ မမြင်ချင်ပါ။

သားမမြင်လိုသည့် မြင်ကွင်းကို ဒေါ်ချောစု မဖြစ်စေလိုပါ။ သို့သော် မျက်ရည်တွေက တားမရ။သူ့အဖေဆို မျက်ရည်မကျအောင်မျက်နှာကို အပေါ်မော့ထားသော် လည်း ဘယ်လိုမှထိန်းမရ။ သား ကြီးကို သူက သိပ်ချစ်သည်။သားကြီးကို ချစ်စနိုးနှင့် မကြာခဏ လည်း ဆဲသည်။ သားကြီးက သူ့ အဖေဆဲလေပျော်လေ။ သားကြီးက ဆယ်တန်းအောင်လျှင် ဒေါ်ချောစုတို့ မိဘ နှစ်ပါးကို ပူဆာထားတာတစ်ခုရှိ သည်။ ငွေကုန်ကြေးကျများမည့် ပစ္စည်းတစ်ခုခုမဟုတ်ပါ။အမေသားစာမေးပွဲအောင်ရင် သင်္ကန်းလေး တစ်ပတ်လောက် ဆီးချင် လို့’’တဲ့။ဒေါ်ချောစုတို့ ဖြစ်အောင်လုပ်ပေးမည့်အကြောင်း ပြောခဲ့ကြပါသည်။ ခုသား စာမေးပွဲအောင်ခဲ့ပြီ။ သင်္ကန်းဆီးပေးချင် သည်။ သို့သော် သား က ဘယ်မှာ နည်း။သားသာ ဒီလိုရက်မျိုးမှာ သားကြီးရှိနေမည်ဆိုလျှင် ဘယ် လောက်တောင် ပျော်လိုက်မည် နည်း။သားကြီးခမျာ လေးနှစ် တောင် ဇွဲနပဲရှိရှိ ခက်ခက်ခဲခဲဖြေ ဆိုသွားခဲ့ရရှာသူ။ သူ့အောင်မြင်မှုလေးတောင်မှ သိမသွားခဲ့ရ။