မိသားစုထဲမှာ အစ်ကိုဖြစ်သူတစ်ယောက်ပဲ Positive အဖြေထွက်ခဲ့တယ်ဆိုတဲ့ ကိုဗစ် ကူးစက်ခံခဲ့ရသူ သရုပ်ဆောင်နေလင်း

ဟာသ ဇာတ်ပို့ သရုပ်ဆောင်နေလင်းမှာ ကိုဗစ် Positive တွေ့ရှိတယ် မကြာသေးမီကမှ သတင်းရရှိခဲ့ပါတယ် ။

ဒါပေမယ့် ကိုနေလင်းတစ်ယောက် ကိုယ်တိုင် ပြတ်ပြတ်သားသား Positive သွာပြီး Q ဝင်နေပေမယ့် ကျန်းမာရေးအခြေနေလည်းကောင်း သူ့ဆီကတဆင့်ရောဂါမပြန့်ပွားနိုင်တော့လို့စိတ်အေးသွားရပေမယ့်

ဒီနေ့မနက်အမေရယ် အဖွားရယ် အစ်ကိုရယ် Swap ယူ ‌ရောဂါစစ်မယ်ဆိုတော့ မနက်အစောတည်းကစိတ်လောပီး အိပ်ယာအစောနိုးလို့ အဖြေကိုအရမ်းသိချင်နေမိတယ် ဆိုလို့ဆိုပါတယ် ။

ဆေးစစ်ချက်အဖြေမှာ အားလုံး Negativeဖြစ်မှ အကောင်းဆုံးဖြစ်မှာဆိုတော့ ကံကြမ္မာလည်းအဲ့ဒီလောက်တော့ မျက်နှာသာမပေးနိုင်မှန်း တွက်ထားမိတယ်

အမေနဲ့အဖွားနှစ်ယောက်တည်းက တစ်ယောက်အဖြေမကောင်းရင်လည်းဘယ်လိုမှ အဆင်မပြေနိုင် နှစ်ယောက်လုံးမကောင်းဘူးဆိုရင်တော့ မတွေးရဲစရာ အစ်ကိုနဲ့အမေအဖွားအဲ့ဒီ ၃ယောက်တည်းကအစ်ကို တစ်ယောက်က Positive သွားရင်လည်းတစ်ယောက်တည်း ပြန်ရမယ့်သူက အိမ်မှာဘယ်လိုမှအဆင်မပြေနိုင်ဘူး

ဘယ်လိုဆုတောင်းရမှန်းမသိအောင်ကို အကြပ်ရိုက်တွေးရခက်စိတ်တွေပူနေခဲ့ရတယ် လို့ နေလင်းက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာ မိသားစုအတွက် အကြပ်ရိုက်နေကြောင်းရေးသားဖော်ပြခဲ့ပါတယ် ။

နောက်ဆုံးတော့ကံကြမ္မာက မျှတခဲ့တယ်လို့ပဲဆိုရမှာပါ ။ မိခင်ဖြစ်သူနဲ့အဖွားရဲ့ကိုယ်စားအစ်ကိုတစ်ယောက်တည်းပဲ Positive အဖြေထွက်ခဲ့တယ်လို့သိရပါတယ် ။

အစ်ကို့အတွက်စိတ်မကောင်းပေမယ့်အမေနဲ့အဖွားတို့အတွက်လပ်တလောစိတ်အေးခဲ့ရပါတယ် လို့နေလင်းက သူတို့မိသားစုရဲ့ အခြေအနေကို ပရိသတ်တွေကို အသိပေးခဲ့တာပဲဖြစ်ပါတယ် ။

ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်…

Crd-CeleWiki

(ZAWGYI)










Crd-CeleWiki