မြိတ်တွင် Q စင်တာမှ အိမ်ပြန်ခွင့်ပြုလိုက်သူအချို့ Positive ဖြစ်နေ၍ ပြန်လည်ခေါ်ယူနေရ

မြိတ်တွင် Q စင်တာမှ အိမ်ပြန်ခွင့်ပြုလိုက်သူအချို့ Positive ဖြစ်နေ၍ ပြန်လည်ခေါ်ယူနေရ

Negative အဖြေထွက်သည်ဟု ယူဆပြီး မြိတ်မြို့ရှိ Quarantine စင်တာမှ အိမ်ပြန်ခွင့်ပြုလိုက်သူ အချို့တွင် ကိုဗစ် Positive အဖြေထွက်နေသည့်အတွက် နိုဝင်ဘာ ၂၇ ရက် ပရဟိတ အသင်းများက ပြန်လည် ခေါ်ယူပေးနေရကြောင်း သိရပါတယ်။

ကိုဗစ် Positive လူနာများနှင့် ထိတွေ့ခဲ့သူများကို မြိတ်မြို့ရှိ Q စင်တာများတွင် စောင့်ကြည့်ထားရာမှ သတ်မှတ်ရက် ၁၄ ရက်ပြည့်သည်အထိ အဖြေမထွက်သောကြောင့် ပြန်လည် ဆင်းခွင့်ရပြီဟု ယူဆသည့်အတွက် နေအိမ်များသို့ ပြန်ခွင့်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ သို့ရာတွင် Q စင်တာတွင်ရှိနေသည့် စောင့်ကြည့်လူနာများတွင် ၁၅ ဦးမှာ Positive ဖြစ်နေခဲ့ကြောင်း သိရပါတယ်။

နိုဝင်ဘာ ၂၆ ရက် ညနေပိုင်းတွင် စင်တာမှ ပြန်ခွင့်ရသည်ဟု ယူဆရပြီးပြန်သွားသူ ငါးဦးမှာ နေအိမ်များသို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ကျန်သည့် ၁၀ ဦးမှာ စောင့်ကြည့်စင်တာတွင် ရှိနေဆဲဖြစ်ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်မှာ Result စောင့်ဆိုင်းရန် ကြာမြင့်ခြင်း၊ Swab များကို သင့်ရာစနစ်ဖြင့် ပို့နေခြင်းကြောင့် ဖြစ်ပွားရပြီး Contact များကို ပြန်လည်ပြီး ခေါ်ယူနေရကြောင်း သိရပါတယ်။

“မော်လမြိုင်ပို့နေတာ အခက်အခဲရှိသလား၊ အခက်အခဲရှိနေရင် ကားကြုံနဲ့ ပို့နေတာမျိုးဖြစ်ဖြစ်၊ ကားအဆင်ပြေမှ ပို့မယ်ဆိုတဲ့ပုံစံမျိုး မဟုတ်ဘဲ တစ်ယောက်ပဲဖြစ်ပါစေ။ လူ ၃၀ မှ ၁၀၀ အထိ Swab ယူပြီးပို့ပေးပါ့မယ်။ နေ့ညမရွေးကူညီမယ်။ အခက်အခဲဖြစ်နေရင် ပြောပါ။ ပရဟိသမားတွေက အခမဲ့ ကူညီမယ် ဆိုတာကို ကျွန်တော်ဆွေးနွေးထားတာ ရှိတယ်။ ခရိုင်ပြည်သူ့ကျန်းမာက ပြောတာက မော်လမြိုင်မှာ ပိုးစစ်ဆေးတဲ့သူတွေများတော့ တနင်္သာရီတိုင်း ဒေသကြီး ဘက်ကလာတဲ့ Swab တွေကို စစ်ရာမှာ နောက်ကျလေ့ ရှိတယ်လို့ သိရတယ်။ ဖြစ်နိုင်မယ်ဆိုရင် ရန်ကုန်ကိုပို့ရမယ် ဆိုရင်လည်း ပို့ပေးမယ်ဆိုပြီး ဆွေးနွေးထားတာ ရှိပါတယ်။ ခရိုင်ပြည်သူ့ ကျန်းမာအနေနဲ့ကလည်း ဒါတွေကိုချိတ်ဆက်ပြီး ညှိနှိုင်းတိုင်ပင် သင့်ပါတယ်။ Q စင်တာမှာရှိတဲ့သူတွေကို စစ်ဆေးရာမှာ မော်လမြိုင်ကို ပို့ပြီးမှ အတည်ပြုချက် ယူတာများပါတယ်။ အခုဖြစ်တဲ့ပုံစံမျိုးက အတည်ပြုချက် မရောက်လာခင် ပြန်ဆင်းခိုင်းလိုက်တဲ့ ပုံစံမျိုး ဖြစ်သွားတော့ ထွက်လာတဲ့အဖြေက Positive ဖြစ်နေတာကို သိလိုက်ရတဲ့အခါမှာ အိမ်မှာ ပြန်လိုက် ခေါ်ကြရတော့ အတော်လေးကို ဂယက်ရိုက်သွားကြတယ်။ အိမ်ကိုရောက်သွားတဲ့အတွက် မိသားစုနှင့် Contact တွေက ပိုများလာတယ်” ဟု မြိတ်ခရိုင် COVID-19 ကာ/ထိန်း/ကု ကော်မတီအဖွဲ့ဝင် ဦးမြတ်ကိုကိုက ပြောကြားပါတယ်။

မြိတ်မြို့တွင် နိုဝင်ဘာ ၂၇ ရက်က ထပ်တိုးခဲ့သည့် Positive လူနာများမှာ တောရကျောင်းရပ် အထက်တန်းကျောင်း စင်တာမှ သုံးဦး၊ မြိတ်တက္ကသိုလ် ပုလဲမာန်စင်တာမှ ငါးဦး၊ ပုလဲရွှေရည်စင်တာမှ ခုနစ်ဦးတို့ဖြစ် ကြောင်းသိရပါတယ်။

အိမ်ပြန်ခွင့်ရပြီဟု ယူဆရသည့် ငါးဦးမှာ နေအိမ်များသို့ ပြန်ခဲ့ပြီးနောက် Positive ထွက်နေခြင်းဖြစ်ရာ တစ်ဦးမှာ ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်သို့ ထွက်ခွာသွားရာ ပရဟိတအသင်းများက လိုက်လံခေါ်ယူနေရကြောင်း သိရပါတယ်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ခရိုင်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနနှင့် မြိတ်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရှိ တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းရာ ဖုန်းပြန်လည် ဖြေကြားခြင်း မရှိခဲ့ကြောင်း သိရပါတယ်

Crd-Original Post

(ZAWGYI)

ၿမိတ္တြင္ Q စင္တာမွ အိမ္ျပန္ခြင့္ျပဳလိုက္သူအခ်ိဳ႕ Positive ျဖစ္ေန၍ ျပန္လည္ေခၚယူေနရ

Negative အေျဖထြက္သည္ဟု ယူဆၿပီး ၿမိတ္ၿမိဳ႕ရွိ Quarantine စင္တာမွ အိမ္ျပန္ခြင့္ျပဳလိုက္သူ အခ်ိဳ႕တြင္ ကိုဗစ္ Positive အေျဖထြက္ေနသည့္အတြက္ ႏိုဝင္ဘာ ၂၇ ရက္ ပရဟိတ အသင္းမ်ားက ျပန္လည္ ေခၚယူေပးေနရေၾကာင္း သိရပါတယ္။

ကိုဗစ္ Positive လူနာမ်ားႏွင့္ ထိေတြ႕ခဲ့သူမ်ားကို ၿမိတ္ၿမိဳ႕ရွိ Q စင္တာမ်ားတြင္ ေစာင့္ၾကည့္ထားရာမွ သတ္မွတ္ရက္ ၁၄ ရက္ျပည့္သည္အထိ အေျဖမထြက္ေသာေၾကာင့္ ျပန္လည္ ဆင္းခြင့္ရၿပီဟု ယူဆသည့္အတြက္ ေနအိမ္မ်ားသို႔ ျပန္ခြင့္ေပးခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။ သို႔ရာတြင္ Q စင္တာတြင္ရွိေနသည့္ ေစာင့္ၾကည့္လူနာမ်ားတြင္ ၁၅ ဦးမွာ Positive ျဖစ္ေနခဲ့ေၾကာင္း သိရပါတယ္။

ႏိုဝင္ဘာ ၂၆ ရက္ ညေနပိုင္းတြင္ စင္တာမွ ျပန္ခြင့္ရသည္ဟု ယူဆရၿပီးျပန္သြားသူ ငါးဦးမွာ ေနအိမ္မ်ားသို႔ ေရာက္ရွိခဲ့ျခင္းျဖစ္ၿပီး က်န္သည့္ ၁၀ ဦးမွာ ေစာင့္ၾကည့္စင္တာတြင္ ရွိေနဆဲျဖစ္ေၾကာင္း သိရသည္။ အဆိုပါ ျဖစ္စဥ္မွာ Result ေစာင့္ဆိုင္းရန္ ၾကာျမင့္ျခင္း၊ Swab မ်ားကို သင့္ရာစနစ္ျဖင့္ ပို႔ေနျခင္းေၾကာင့္ ျဖစ္ပြားရၿပီး Contact မ်ားကို ျပန္လည္ၿပီး ေခၚယူေနရေၾကာင္း သိရပါတယ္။

“ေမာ္လၿမိဳင္ပို႔ေနတာ အခက္အခဲရွိသလား၊ အခက္အခဲရွိေနရင္ ကားႀကဳံနဲ႔ ပို႔ေနတာမ်ိဳးျဖစ္ျဖစ္၊ ကားအဆင္ေျပမွ ပို႔မယ္ဆိုတဲ့ပုံစံမ်ိဳး မဟုတ္ဘဲ တစ္ေယာက္ပဲျဖစ္ပါေစ။ လူ ၃၀ မွ ၁၀၀ အထိ Swab ယူၿပီးပို႔ေပးပါ့မယ္။ ေန႔ညမေ႐ြးကူညီမယ္။ အခက္အခဲျဖစ္ေနရင္ ေျပာပါ။ ပရဟိသမားေတြက အခမဲ့ ကူညီမယ္ ဆိုတာကို ကြၽန္ေတာ္ေဆြးေႏြးထားတာ ရွိတယ္။ ခ႐ိုင္ျပည္သူ႔က်န္းမာက ေျပာတာက ေမာ္လၿမိဳင္မွာ ပိုးစစ္ေဆးတဲ့သူေတြမ်ားေတာ့ တနသၤာရီတိုင္း ေဒသႀကီး ဘက္ကလာတဲ့ Swab ေတြကို စစ္ရာမွာ ေနာက္က်ေလ့ ရွိတယ္လို႔ သိရတယ္။ ျဖစ္ႏိုင္မယ္ဆိုရင္ ရန္ကုန္ကိုပို႔ရမယ္ ဆိုရင္လည္း ပို႔ေပးမယ္ဆိုၿပီး ေဆြးေႏြးထားတာ ရွိပါတယ္။ ခ႐ိုင္ျပည္သူ႔ က်န္းမာအေနနဲ႔ကလည္း ဒါေတြကိုခ်ိတ္ဆက္ၿပီး ညႇိႏႈိင္းတိုင္ပင္ သင့္ပါတယ္။ Q စင္တာမွာရွိတဲ့သူေတြကို စစ္ေဆးရာမွာ ေမာ္လၿမိဳင္ကို ပို႔ၿပီးမွ အတည္ျပဳခ်က္ ယူတာမ်ားပါတယ္။ အခုျဖစ္တဲ့ပုံစံမ်ိဳးက အတည္ျပဳခ်က္ မေရာက္လာခင္ ျပန္ဆင္းခိုင္းလိုက္တဲ့ ပုံစံမ်ိဳး ျဖစ္သြားေတာ့ ထြက္လာတဲ့အေျဖက Positive ျဖစ္ေနတာကို သိလိုက္ရတဲ့အခါမွာ အိမ္မွာ ျပန္လိုက္ ေခၚၾကရေတာ့ အေတာ္ေလးကို ဂယက္႐ိုက္သြားၾကတယ္။ အိမ္ကိုေရာက္သြားတဲ့အတြက္ မိသားစုႏွင့္ Contact ေတြက ပိုမ်ားလာတယ္” ဟု ၿမိတ္ခ႐ိုင္ COVID-19 ကာ/ထိန္း/ကု ေကာ္မတီအဖြဲ႕ဝင္ ဦးျမတ္ကိုကိုက ေျပာၾကားပါတယ္။

ၿမိတ္ၿမိဳ႕တြင္ ႏိုဝင္ဘာ ၂၇ ရက္က ထပ္တိုးခဲ့သည့္ Positive လူနာမ်ားမွာ ေတာရေက်ာင္းရပ္ အထက္တန္းေက်ာင္း စင္တာမွ သုံးဦး၊ ၿမိတ္တကၠသိုလ္ ပုလဲမာန္စင္တာမွ ငါးဦး၊ ပုလဲေ႐ႊရည္စင္တာမွ ခုနစ္ဦးတို႔ျဖစ္ ေၾကာင္းသိရပါတယ္။

အိမ္ျပန္ခြင့္ရၿပီဟု ယူဆရသည့္ ငါးဦးမွာ ေနအိမ္မ်ားသို႔ ျပန္ခဲ့ၿပီးေနာက္ Positive ထြက္ေနျခင္းျဖစ္ရာ တစ္ဦးမွာ ေကာ့ေသာင္းခ႐ိုင္ ဘုတ္ျပင္းၿမိဳ႕နယ္သို႔ ထြက္ခြာသြားရာ ပရဟိတအသင္းမ်ားက လိုက္လံေခၚယူေနရေၾကာင္း သိရပါတယ္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး ခ႐ိုင္ျပည္သူ႔ က်န္းမာေရး ဦးစီးဌာနႏွင့္ ၿမိတ္ၿမိဳ႕နယ္ ျပည္သူ႔က်န္းမာေရး ဦးစီးဌာနရွိ တာဝန္ရွိသူမ်ားကို ဆက္သြယ္ေမးျမန္းရာ ဖုန္းျပန္လည္ ေျဖၾကားျခင္း မရွိခဲ့ေၾကာင္း သိရပါတယ္