ချစ်သူကောင်မလေးကို တက္ကသိုလ်တက်ဖို့ အလုပ်လုပ်ပြီးကျောင်းထားပေးခဲ့တဲ့ ကောင်လေး

ချစ်သူကောင်မလေးကို တက္ကသိုလ်တက်ဖို့ အလုပ်လုပ်ပြီးကျောင်းထားပေးခဲ့တဲ့ ကောင်လေး

ဖိလစ်ပိုင်နိုင်ငံ၊ San Jose Del Monte မှ Ador Adrian Gabrieles နှင့် Aira Arcamo တို့နှစ်ယောက်က အထက် တန်းကျောင်းသား ဘဝထဲက ချစ်သူတွေဖြစ်လာခဲ့တာပါ။ သူတို့နှစ်ယောက်ဟာ အချစ်နဲ့အောင်မြင်မှုကို ကြိုးစားရယူနိုင်ကြောင်း သက်သေပြခဲ့တာပါ။

ဇာတ်လမ်းကတော့ Ador နဲ့ Aira တို့ဟာအထက်တန်းကျောင်း ပြီးသွားတဲ့ နှစ်ကစခဲ့တာပါ။ ကောင်မလေးက တစ်ရက်တော့ သူ့ချစ်သူ ဆီလာပြီး တက္ကသိုလ်မတက်နိုင်တော့ဘူးလို့ ပြောခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူ့အိမ်က သူ့မောင်နှမတွေအကုန်လုံး ကျောင်းအပ်နိုင်ခဲ့ပေမယ့် သူမကိုတော့ အိမ်ကမတတ်နိုင်လို့ဆိုပြီး ကျောင်းဆက်မတက်ခိုင်းကြောင်းပြောပြီး ငိုနေခဲ့ပါတယ်။

အဲ့လိုနဲ့ Ador ဟာ ချစ်သူမျက်ရည်ကျတာကို မမြင်ရက်တဲ့အတွက် Aira ကို ကျောင်းတစ်ကယ်တက်ချင်လားလို့မေးခဲ့ပြီး Aira ဟာ ခေါင်းငြိမ့်ပြတဲ့အတွက် ချစ်သူကောင်လေးက ကောင်မလေးကို၊ ကျောင်းသွားအပ်ပြီးတက်လိုက် ဘွဲ့ရတဲ့အထိ ကျောင်းစရိတ်နဲ့ ကျူရှင်စရိတ်ကို ငါအကုန်ရှာပေးမယ်ဆိုပြီး ကောင်မလေးကို ကတိပေးခဲ့ပါတယ်။

ဒီအချိန်မှာ ကောင်လေးက အသက် ၁၈ နှစ် သာရှိပြီး ပညာအရည်အချင်းကလည်း အထက်တန်းအောင်ရုံသာ ရှိသေးသည်။ ဒါ့အပြင် အင်္ဂလိပ်ဘာသာစကားကိုလည်း ကျွမ်းကျွမ်းကျင်ကျင်မတတ်သေးတော့ အင်တာဗျူးတိုင်းဟာလည်း မအောင်မြင်ခဲ့ပါဘူး။ ဖိလစ်ပိုင်နိုင်ငံရဲ့ ရုံးသုံးစကားဟာလည်း 90% လောက်က အင်္ဂလိပ်လို ဖြစ်တဲ့အတွက် ကောင်လေးဟာလည်း ပြောလေ့ပြောထမရှိတာကြောင့် အလုပ်ရဖို့ အရမ်းခက်ခဲခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ရာထူးအနိမ့်ပိုင်းထဲက အရောင်းဝန်ထမ်းလိုမျိုး ဆိုင်တွေနဲ့ဆက်သွယ် ၊ စာပေးစာယူ လုပ်ရတဲ့အလုပ်ကို ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ပစ္စည်းတွေကို ထမ်းပို့ရ အရပ်ထဲက လူတွေနဲ့ ဆက်ဆံရာမှာလည်း မတူသလိုမတန်သလို ရွံသလိုလိုတွေ ဆက်ဆံံရခံခဲ့ရပြီး လစာလည်းနည်းလွန်းတာကြောင့် လုံးဝကို အဆင်မပြေဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ချစ်သူကောင်မလေးရဲ့ မျက်နှာကြောင့်သာ ဒီအလုပ်ကိုပဲ ကြိုးစားလုပ်ကိုင်ရင်း တစ်ဖက်မှာလည်း

သူအားနည်းတဲ့ အင်္ဂလိပ်ဘာသာရပ်ကို အပြင်းအထန်လေ့လာခဲ့ပါတယ်။ အလုပ်လုပ်ရင်း အလုပ်ပိတ်ရက်တွေမှာ အင်တာဗျူးတွေလိုက်ဖြေရင်း တစ်ရက်မှာတော့ Call Center တစ်ခုမှာ အလုပ်တစ်နေရာ ရခဲ့ပါတယ်။ လစာကလည်း အသင့်အတင့်ရရှိပြီး အရင်လို ကာယအားနဲ့ နေပူထဲမှာ ပင်ပင်ပန်းပန်းတွေ မလုပ်ရတော့တာမို့ ကောင်လေးဟာ ဒီအလုပ်မှာပဲ အခြေချလုပ်ကိုင်ခဲ့ပါတယ်

ကောင်လေးက သူအလုပ်ကြိုးစားရတာနဲ့တန်အောင် သူရဲ့ချစ်သူကောင်မလေးကို တစ်နှစ်တစ်တန်း မှန်မှန်အောင်အောင် ကြိုးစားပေးပြီး လိမ်လိမ်မာမာ နေပေးခဲ့တဲ့အတွက် ချီးကျူးတဲ့ စာ လေးကို လူမှုကွန်ရက်ပေါ်မှာ တင်ခဲ့တာပါ။ သို့ပေမယ့် လူမှုကွန်ရက် အသုံးပြုသူတွေက ဝေဖန်အပြစ်တင်ခဲ့ကြပြီး ကောင်လေးက ကြိုးကြိုးစားစား အလုပ်လုပ်ပြီး ကျောင်းထားပေးခဲ့ပေမယ့် ချစ်သူကောင်မလေးက အလုပ်ရတာနဲ့ ကောင်လေးကို ပစ်သွားမှာဆိုပြီး ပြောဆိုနေခဲ့ပါတယ်။

ဒီလိုနဲ့ Ador နဲ့ Aria တို့ နှစ်ယောက်ဟာ လိုလိုလားလားနဲ့ သဘောတူညီမှုတစ်ခု ပြုလုပ်ခဲ့ကြပါတယ်။ ဒါကတော့ ကောင်မလေးဘွဲ့ရလို့ လစာအဆင်ပြေတဲ့ အလုပ်တစ်ခု ရခဲ့ရင် ကောင်လေးက တစ်လှည့် အလုပ်ထွက်ပြီး ကျောင်းပြန်တတ်မှာပါ။ ဒါကိုတော့ သူတို့ချစ်သူနှစ်ဦး တစ်ယောက်ကိုတစ်ယောက် သဘောတူညီချက်ဖြစ်ပြီး သူတို့ကြားထဲက အတွင်းရေးကို မသိကြပဲ ဝေဖန်နေခဲ့ကြတဲ့ သူတွေကိုတော့ သူတို့ချစ်သူနှစ်ယောက်လုံးက လုံးဝ လျစ်လျူရှူထားခဲ့ပါတယ်။

အချိန်ပေးပြီး ဖတ်ရှု့အားပေးခဲ့ကြတဲ့ ချစ်ပရိသတ်ကြီးလည်း ပတ်ဝန်းကျင်က သွေးထိုးတဲ့ ကြားစကားတွေကို ပစ်ပယ်ပြီး တစ်ယောက်ကိုတစ်ယောက် ယုံကြည်ပြီး နားလည်စွာနဲ့ ရှေ့ဆက်နိုင်ကြဖို့ မျှော်လင့်ပါတယ်။ ဒီစာထဲက ကောင်းလေးနဲ့ ကောင်မလေး ရဲ့ လုပ်ရပ်လေးတွေက အရမ်းကို လေးစားပြီး ချီးကျူးဖို့ကောင်းပါတယ်နော်။ ပရိသတ်ကြီးအားလုံးလည်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပြီး သာယာပျော်ရွှင်တဲ့ နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။
မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါတယ်။

Crd-Original Post