ကိုဗစ်ကုသရေး ဧရာ၀တီစင်တာအတွက် အလှူရှင်များ နေ့စဉ်လှူဒါန်းလျက်ရှိ

ကိုဗစ်ကုသရေး ဧရာ၀တီစင်တာအတွက် အလှူရှင်များ နေ့စဉ်လှူဒါန်းလျက်ရှိ
================================

ကိုဗစ်ရောဂါရေး ဌာနအဖြစ် ဆောင်ရွက်လျက်ရှိနေသာ ဧရာ၀တီစင်တာသို့ အလှူရှင်များက နေ့စဉ် အလှူငွေများ လှူဒါန်းနေကြကြောင်း အဆိုပါစင်တာက သိရသည်။

ငွေကျပ် သိန်းတစ်ရာကို သွားရောက်လှူဒါန်းခဲ့သော FEEL GROUP ၏ ပဲ့ကိုင်ရှင် ဦးစိုးညီညီက “တစ်နေ့ သိန်း၅၀၀ကုန်ကျစရိတ်ရှိနေတဲ့ ဧရာဝတီစင်တာအတွက် လူရောငွေပါ အခက်အခဲမြောက်များ စွာ ကြားထဲက မနားမနေတိုင်းပြည်သူအတွက် လူတိုင်းတစ်‌ယောက်ဆီကိုလူတန်းစားမခွဲခြားဘဲ စေတနာ မေတ္တာ ထက်သန်စွာ အားထည့်လုပ်ပေးနေတဲ့ကိုဇော် (ဦးဇော်ဇော်) ကိုလေးစားအားကျစိတ်နဲ့ FEEL GROUP မှ ကျပ်သိန်း၁၀၀တိတိလှူဒါန်းခဲ့ပါတယ်”ဟု ပြည်မြန်မာ ကို ပြောသည်။

ယနေ့ အောက်တိုဘာလ ၂၈ ရက်တွင် ယခုနှစ်ဘောလုံးရာသီ မြန်မာနေရှင်နယ်လိဂ်အမှတ်ပေး ဘောလုံး ပြိုင်ပွဲတွင် ချန်ပီယံဆု ရရှိခဲ့သော ရှမ်းယူ နိုက်တက်အသင်းက အလှူ ငွေ ကျပ် ၁၀သိန်းကို သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

COVID 19 ကပ်ရောဂါ ကုသရေးဌာန တစ် ခုဖြစ်သော Ayeyawady Centre တွင် တာ၀န်ထမ်းဆောင် နေကြသောဆရာ၀န်ကြီးများ၊သူနာပြုများ၊ ဆေး ကုသမှု ခံယူနေကြသော လူနာများနှင့် စေတနာ့၀န်ထမ်း များအတွက် MPT Myanmar National League 2020 Champions Shan United FC (စီနီယာအသင်း) နှင့် အမာခံပရိသတ်များ၏ စုပေါင်းလှူ ဒါန်းမှုဖြစ် သော အလှူငွေကျပ် တစ်ဆယ်သိန်းကို အသင်းခေါင်း ဆောင် ကိုသီဟစည်သူ ကကိုယ်စား သွားရောက် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဆောင်ရွက်ပေးနေသည့် ဧရာ၀တီစင်တာသို့ အလှူ ရှင်များမှာလည်း အများအပြားလာရောက်လှူဒါန်းမှုများရှိနေရာ အောက်တိုဘာလ ၁၇ရက်အထိ စေတနာ ရှင်များ၏လှူဒါန်းငွေကျပ် ၁ဒဿမ ၄ဘီလီယံ နှင့် ဆေးဝါး၊ အစားအသောက်၊ လူသုံးကုန်ပစ္စည်းများ လှူ ဒါန်းမှု ၁ဒဿ၁ ဘီလီယံ စုစုပေါင်း ၂ဒဿမ ၅ဘီလိယံ( ကျပ် သိန်းနှစ်သောင်း)ကို လက်ခံရရှိခဲ့ပြီဖြစ် ကြောင်း သိရသည်။

ဧရာ၀တီဖောင်ဒေးရှင်းအနေဖြင့် မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါပိုးကူးစက်မှု ဒုတိယလှိုင်းအဖြစ် မြင့်တက် လာချိန်တွင်သု၀ဏ္ဏ မြက်ခင်းတုဘောလုံးကွင်းများတွင် (Hospital Tent)ယာယီဆေးရုံများ တည်ဆောက် ၍လည်းကောင်း၊ သု၀ဏ္ဏဘောလုံးကွင်းတွင် ICU/HDU အထူးကြပ်မတ်ကုသ ဆောင်များတည်ဆောက်၍ လည်းကောင်း၊ လက်ရွေးစင်ကစားသမားများ၏ အဆောင်များတွင် ယာယီဆေးရုံများအဖြစ် ပြင်ဆင်၍ လည်ကောင်း စုစုပေါင်း ကိုဗစ်လူနာ ၁၀၀၀ အတွက် တစ်ပြိုင်နက်တည်း လက်ခံကုသပေးနိုင်ရန် စီစဉ် ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် အနံ့ပျောက် ကိုဗစ်သံသယလူနာများအား ကိုဗစ်စစ်ဆေးမှုများ ပြုလုပ်နိုင်ရန်အတွက် သု၀ဏ္ဏဘော လုံးကွင်းတွင် Tests and Care စင်တာတစ်ခုကိုလည်း ပြင်ဆင်ဆောင်ရွက်ထားနိုင်ခဲ့သည်။ ထိုကုတင် ၁၀၀၀ ဆံ့ ကိုဗစ်ကုသရေး ဧရာ၀တီစင်တာများ နှင့် Test and Care ဧရာဝတီစင်တာတို့တွင် ဆရာဝန်၊ သူနာပြု၊ စေတနာ့ဝန်ထမ်း စုစုပေါင်း (၇၀၀)ကျော်တို့ ကူညီ ဆောင်ရွက်နေကြောင်း သိရသည်။

အခုလိုအချိန်ပေးပြီး ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်သောနေ့လေးကိုပိုင်ဆိုင်နိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်

မိုင်းစောလွင်

(ZAWGYI)

ကိုဗစ္ကုသေရး ဧရာ၀တီစင္တာအတြက္ အလႉရွင္မ်ား ေန႔စဥ္လႉဒါန္းလ်က္ရွိ
================================

ကိုဗစ္ေရာဂါေရး ဌာနအျဖစ္ ေဆာင္႐ြက္လ်က္ရွိေနသာ ဧရာ၀တီစင္တာသို႔ အလႉရွင္မ်ားက ေန႔စဥ္ အလႉေငြမ်ား လႉဒါန္းေနၾကေၾကာင္း အဆိုပါစင္တာက သိရသည္။

ေငြက်ပ္ သိန္းတစ္ရာကို သြားေရာက္လႉဒါန္းခဲ့ေသာ FEEL GROUP ၏ ပဲ့ကိုင္ရွင္ ဦးစိုးညီညီက “တစ္ေန႔ သိန္း၅၀၀ကုန္က်စရိတ္ရွိေနတဲ့ ဧရာဝတီစင္တာအတြက္ လူေရာေငြပါ အခက္အခဲေျမာက္မ်ား စြာ ၾကားထဲက မနားမေနတိုင္းျပည္သူအတြက္ လူတိုင္းတစ္‌ေယာက္ဆီကိုလူတန္းစားမခြဲျခားဘဲ ေစတနာ ေမတၱာ ထက္သန္စြာ အားထည့္လုပ္ေပးေနတဲ့ကိုေဇာ္ (ဦးေဇာ္ေဇာ္) ကိုေလးစားအားက်စိတ္နဲ႔ FEEL GROUP မွ က်ပ္သိန္း၁၀၀တိတိလႉဒါန္းခဲ့ပါတယ္”ဟု ျပည္ျမန္မာ ကို ေျပာသည္။

ယေန႔ ေအာက္တိုဘာလ ၂၈ ရက္တြင္ ယခုႏွစ္ေဘာလုံးရာသီ ျမန္မာေနရွင္နယ္လိဂ္အမွတ္ေပး ေဘာလုံး ၿပိဳင္ပြဲတြင္ ခ်န္ပီယံဆု ရရွိခဲ့ေသာ ရွမ္းယူ ႏိုက္တက္အသင္းက အလႉ ေငြ က်ပ္ ၁၀သိန္းကို သြားေရာက္ လႉဒါန္းခဲ့ေၾကာင္း သိရသည္။

COVID 19 ကပ္ေရာဂါ ကုသေရးဌာန တစ္ ခုျဖစ္ေသာ Ayeyawady Centre တြင္ တာ၀န္ထမ္းေဆာင္ ေနၾကေသာဆရာ၀န္ႀကီးမ်ား၊သူနာျပဳမ်ား၊ ေဆး ကုသမႈ ခံယူေနၾကေသာ လူနာမ်ားႏွင့္ ေစတနာ့၀န္ထမ္း မ်ားအတြက္ MPT Myanmar National League 2020 Champions Shan United FC (စီနီယာအသင္း) ႏွင့္ အမာခံပရိသတ္မ်ား၏ စုေပါင္းလႉ ဒါန္းမႈျဖစ္ ေသာ အလႉေငြက်ပ္ တစ္ဆယ္သိန္းကို အသင္းေခါင္း ေဆာင္ ကိုသီဟစည္သူ ကကိုယ္စား သြားေရာက္ လႉဒါန္းခဲ့ျခင္း ျဖစ္သည္။

ကိုဗစ္ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးအတြက္ ေဆာင္႐ြက္ေပးေနသည့္ ဧရာ၀တီစင္တာသို႔ အလႉ ရွင္မ်ားမွာလည္း အမ်ားအျပားလာေရာက္လႉဒါန္းမႈမ်ားရွိေနရာ ေအာက္တိုဘာလ ၁၇ရက္အထိ ေစတနာ ရွင္မ်ား၏လႉဒါန္းေငြက်ပ္ ၁ဒႆမ ၄ဘီလီယံ ႏွင့္ ေဆးဝါး၊ အစားအေသာက္၊ လူသုံးကုန္ပစၥည္းမ်ား လႉ ဒါန္းမႈ ၁ဒႆ၁ ဘီလီယံ စုစုေပါင္း ၂ဒႆမ ၅ဘီလိယံ( က်ပ္ သိန္းႏွစ္ေသာင္း)ကို လက္ခံရရွိခဲ့ၿပီျဖစ္ ေၾကာင္း သိရသည္။

ဧရာ၀တီေဖာင္ေဒးရွင္းအေနျဖင့္ ျမန္မာႏိုင္ငံတြင္ ကိုဗစ္ေရာဂါပိုးကူးစက္မႈ ဒုတိယလႈိင္းအျဖစ္ ျမင့္တက္ လာခ်ိန္တြင္သု၀ဏၰ ျမက္ခင္းတုေဘာလုံးကြင္းမ်ားတြင္ (Hospital Tent)ယာယီေဆး႐ုံမ်ား တည္ေဆာက္ ၍လည္းေကာင္း၊ သု၀ဏၰေဘာလုံးကြင္းတြင္ ICU/HDU အထူးၾကပ္မတ္ကုသ ေဆာင္မ်ားတည္ေဆာက္၍ လည္းေကာင္း၊ လက္ေ႐ြးစင္ကစားသမားမ်ား၏ အေဆာင္မ်ားတြင္ ယာယီေဆး႐ုံမ်ားအျဖစ္ ျပင္ဆင္၍ လည္ေကာင္း စုစုေပါင္း ကိုဗစ္လူနာ ၁၀၀၀ အတြက္ တစ္ၿပိဳင္နက္တည္း လက္ခံကုသေပးႏိုင္ရန္ စီစဥ္ ေဆာင္႐ြက္ေပးခဲ့ျခင္း ျဖစ္သည္။

ထို႔ျပင္ အနံ႔ေပ်ာက္ ကိုဗစ္သံသယလူနာမ်ားအား ကိုဗစ္စစ္ေဆးမႈမ်ား ျပဳလုပ္ႏိုင္ရန္အတြက္ သု၀ဏၰေဘာ လုံးကြင္းတြင္ Tests and Care စင္တာတစ္ခုကိုလည္း ျပင္ဆင္ေဆာင္႐ြက္ထားႏိုင္ခဲ့သည္။ ထိုကုတင္ ၁၀၀၀ ဆံ့ ကိုဗစ္ကုသေရး ဧရာ၀တီစင္တာမ်ား ႏွင့္ Test and Care ဧရာဝတီစင္တာတို႔တြင္ ဆရာဝန္၊ သူနာျပဳ၊ ေစတနာ့ဝန္ထမ္း စုစုေပါင္း (၇၀၀)ေက်ာ္တို႔ ကူညီ ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

အခုလိုအခ်ိန္ေပးၿပီး ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္ေသာေန႔ေလးကိုပိုင္ဆိုင္ႏိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္ေနာ္

မိုင္းေစာလြင္