မြန်မာတွင် ကိုဗစ်ကြောင့် သေဆုံးသူများထဲမှ ဘာရောဂါမှမရှိသူ (၂၆) ရာခိုင်နှုန်းထိ တိုးလာ

မြန်မာပြည်တွင် ကိုဗစ်ကြောင့် သေဆုံးသူများထဲမှ ဘာရောဂါမှမရှိသူ သေဆုံးမှု (၂၆) ရာခိုင်နှုန်းထိ တိုးလာ…ရောဂါအခံမရှိဘဲ သေဆုံးသည့် ကိုဗစ်လူနာ စာရင်း တက်လာတယ်လို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဗဟိုကူးစက်မှုတိုက်ဖျက်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီး က ပြောကြားလိုက်ပါတယ်။

“အောက်တိုဘာ ၂၁ ရက် ည ၈ နာရီ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ပိုးတွေ့ သူ ၁၁၉၄ ဦး , ပိုးတွေ့မှု နှုန်းက ၈ ဒသမ ၃ ရာခိုင်နှုန်း ရှိပြီး ပြန်ကောင်းတာက ၄၇ ဒသမ ၅ ရာခိုင်နှုန်းရှိတယ်။

ထပ်မံသေဆုံးတာက ၂၇ ဦး, သေဆုံးမှုနှုန်းက ၂ ဒသမ ၄၅ ရာခိုင်နှုန်း ၊ နောက်ခံ ရောဂါရှိသူသည် သေဆုံးသူ၏ ၇၄ ရာခိုင်နှုန်း (မှတ်ချက် နောက်ခံရောဂါမရှိသူတွင် သေဆုံးမှု ၂၆ ရာခိုင်နှုန်း ရှိပြီး တက်လာသည်ကို တွေ့မြင်နိုင်ပါသည်) သံသယလက္ခဏာရှိသူ စောင့်ကြည့်လူနာ များနှင့် ဆေးရုံတွင် ကွာရတင်း ထားသူများတွင် ပိုးတွေ့နှုန်း ၃၆ ရာခိုင်နှုန်း ၊ ကွာရတင်း စင်တာများနှင့် ကားဆရာများ အထူးရဲများစစ်ဆေးမှုတွင် ပိုးတွေ့နှုန်း ၅ ဒသမ ၁၄ ရာခိုင်နှုန်း တွေ့ရတယ်”

ဒေါက်တာခင်ခင်ကြီး

zawgyi version




ဒေါက်တာခင်ခင်ကြီး