..ကိုဗစ်ကို ပေါ့ဆမိလို့ လူနာတင်ကားပေါ်မှာတင် အသက်ဆုံးခဲ့ရတဲ့သူ အကြောင်း ပြောပြတဲ့ ဒေါက်တာခင်ခင်ကြီး…

ကိုဗစ်ကို ပေါ့ဆမိလို့ လူနာတင်ကားပေါ်မှာတင် အသက်ဆုံးခဲ့ရတဲ့သူ အကြောင်း ပြောပြတဲ့ ဒေါက်တာခင်ခင်ကြီး
ကိုဗစ်နဲ့ပတ်သက်လို့ ဒီရက်ပိုင်းစိတ်တွေမလန်းဘူး စိတ်ထဲဝမ်းနည်းမိတာက ပြီးခဲ့တဲ့အပတ်က မူလတန်းကတည်းကငယ်သူငယ်ချင်း ဆယ်တန်းအောင်ပြီး ကျောင်းတွေပိတ်တုန်းလဲ သင်တန်းမျိုးစုံအတူတူတက်ခဲ့တဲ့သူငယ်ချင်း ကိုဗစ်ကြောင့် သေဆုံးရတယ် ဘာလို့လဲ
အိမ်မှာသူ့အဖေကစဖျားတယ် ချောင်းဆိုးတယ် ညီမလုပ်သူက ဆေးရုံပို့မယ်လို့ပြောတယ် သူကဆေးရုံမှာလဲ လူတွေမနိုင်ဘူး ကျပ်ညှပ်နေတာပဲ ရောဂါကသိပ်မဆိုးပါဘူးဆိုပြီး

ပေါ့တွက်မိတယ် အိမ်မှာပဲထားတယ် နောက်ရက်သူပါ ဖျားလာတယ် ချောင်းဆိုးလာတယ် နောက်တခြားသူတွေက သိသွားတော့ မဖြစ်ဘူး ဆေးရုံပို့မှဆိုပြီး လုပ်ကြတယ် ဆေးရုံကားပေါ်မှာ သူနောက်ဆုံးပြောသွားတာက ငါကိုဗစ်ဖြစ်ပြီထင်တယ်ဆိုတဲ့ စကားပဲ အင်းစိန်ဆေးရုံမရောက်ခင် ကားပေါ်မှာပဲ အသက်ဆုံးပါတယ် တကယ့်ကို နှမျောစရာဖြစ်ပါတယ် သေပြီးမှ ဓာတ်ခွဲ နမူနာယူပြီး စစ်ရတာ positive ထွက်ပါတယ်
သူ့အဖေကကျတော့ အင်းစိန်ဆေးရုံမှာ ပြည့်နေလို့ မြောက်ဥက္ကလာပဆေးရုံကို ပို့ပါတယ် သူ့သမီးအငယ်နဲ့အတူပါ ရောက်ရောက်ချင်း အတော့်ကို ဆိုးပါတယ် အသက်ကလဲ ၇၇ နဂိုရောဂါအခံတွေကလဲရှိတော့ အတော့်ကို ကုသခဲ့ရပါတယ် ဓာတ်ခွဲနမူနာယူတော့လဲ သူလဲ positive ဖြစ်ပါတယ် ခုတော့ ကုသမှုတွေရပြီး အစားအသောက်တွေဝင်ပြီး အားနေတရားထိုင်နေနိုင်ပါပြီ ဘယ်လောက်ဝမ်းသာစရာကောင်းပါသလဲ
သားအဖ ၃ ယောက်မှာ သမီးအငယ်လေးကတော့ ပိုးမတွေ့ negative ပါ သူကတော့ ရောဂါပြင်းပြင်းထန်ထန် မခံစားရပါ။ ပြောချင်တာက ကိုဗစ်ဟာ မိသားစုတွေကို သေခြင်းတရားနဲ့ ရင်ဆိုင်ခိုင်းပြီး သေခွဲခွဲပါတာ် အဖေလုပ်သူကတော့ သူ့သမီးကြီးသေတာ မသိသေးပါ စိတ်မကောင်းဖြစ်ပြီး ပိုဆိုးမှာစိုးလို့ဖြစ်ပါတယ် လက်ရှိလဲဆေးရုံမှာ မဆင်းရသေးပါဘူး။
ကိုဗစ်ကြောင့် တကယ့်ကို ကြောက်စရာလန့်စရာအဖြစ်ကို ရောက်ရှိစေနိုင်တာမို့ ဂရုစိုက်ကြပါ။ ဒါဟာအဖြစ်မှန်ကို မခြွင်းမချန် အများအကျိုးရှိအောင် တင်ပြတာဖြစ်ပါတယ် အသိတရားရကြပါစေ။

အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်းသာယာပျော်ရွင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ဒေါက်တာခင်ခင်ကြီး

(ZAWGYI)

ကိုဗစ္ကို ေပါ့ဆမိလို႔ လူနာတင္ကားေပၚမွာတင္ အသက္ဆုံးခဲ့ရတဲ့သူ အေၾကာင္း ေျပာျပတဲ့ ေဒါက္တာခင္ခင္ႀကီး
ကိုဗစ္နဲ႔ပတ္သက္လို႔ ဒီရက္ပိုင္းစိတ္ေတြမလန္းဘူး စိတ္ထဲဝမ္းနည္းမိတာက ၿပီးခဲ့တဲ့အပတ္က မူလတန္းကတည္းကငယ္သူငယ္ခ်င္း ဆယ္တန္းေအာင္ၿပီး ေက်ာင္းေတြပိတ္တုန္းလဲ သင္တန္းမ်ိဳးစုံအတူတူတက္ခဲ့တဲ့သူငယ္ခ်င္း ကိုဗစ္ေၾကာင့္ ေသဆုံးရတယ္ ဘာလို႔လဲ
အိမ္မွာသူ႔အေဖကစဖ်ားတယ္ ေခ်ာင္းဆိုးတယ္ ညီမလုပ္သူက ေဆး႐ုံပို႔မယ္လို႔ေျပာတယ္ သူကေဆး႐ုံမွာလဲ လူေတြမႏိုင္ဘူး က်ပ္ညႇပ္ေနတာပဲ ေရာဂါကသိပ္မဆိုးပါဘူးဆိုၿပီး ေပါ့တြက္မိတယ္ အိမ္မွာပဲထားတယ္ ေနာက္ရက္သူပါ ဖ်ားလာတယ္ ေခ်ာင္းဆိုးလာတယ္ ေနာက္တျခားသူေတြက သိသြားေတာ့ မျဖစ္ဘူး ေဆး႐ုံပို႔မွဆိုၿပီး လုပ္ၾကတယ္ ေဆး႐ုံကားေပၚမွာ သူေနာက္ဆုံးေျပာသြားတာက ငါကိုဗစ္ျဖစ္ၿပီထင္တယ္ဆိုတဲ့ စကားပဲ အင္းစိန္ေဆး႐ုံမေရာက္ခင္ ကားေပၚမွာပဲ အသက္ဆုံးပါတယ္ တကယ့္ကို

ႏွေမ်ာစရာျဖစ္ပါတယ္ ေသၿပီးမွ ဓာတ္ခြဲ နမူနာယူၿပီး စစ္ရတာ positive ထြက္ပါတယ္
သူ႔အေဖကက်ေတာ့ အင္းစိန္ေဆး႐ုံမွာ ျပည့္ေနလို႔ ေျမာက္ဥကၠလာပေဆး႐ုံကို ပို႔ပါတယ္ သူ႔သမီးအငယ္နဲ႔အတူပါ ေရာက္ေရာက္ခ်င္း အေတာ့္ကို ဆိုးပါတယ္ အသက္ကလဲ ၇၇ နဂိုေရာဂါအခံေတြကလဲရွိေတာ့ အေတာ့္ကို ကုသခဲ့ရပါတယ္ ဓာတ္ခြဲနမူနာယူေတာ့လဲ သူလဲ positive ျဖစ္ပါတယ္ ခုေတာ့ ကုသမႈေတြရၿပီး အစားအေသာက္ေတြဝင္ၿပီး အားေနတရားထိုင္ေနႏိုင္ပါၿပီ ဘယ္ေလာက္ဝမ္းသာစရာေကာင္းပါသလဲ
သားအဖ ၃ ေယာက္မွာ သမီးအငယ္ေလးကေတာ့ ပိုးမေတြ႕ negative ပါ သူကေတာ့ ေရာဂါျပင္းျပင္းထန္ထန္ မခံစားရပါ။ ေျပာခ်င္တာက ကိုဗစ္ဟာ မိသားစုေတြကို ေသျခင္းတရားနဲ႔ ရင္ဆိုင္ခိုင္းၿပီး ေသခြဲခြဲပါတာ္ အေဖလုပ္သူကေတာ့ သူ႔သမီးႀကီးေသတာ မသိေသးပါ စိတ္မေကာင္းျဖစ္ၿပီး ပိုဆိုးမွာစိုးလို႔ျဖစ္ပါတယ္ လက္ရွိလဲေဆး႐ုံမွာ မဆင္းရေသးပါဘူး။
ကိုဗစ္ေၾကာင့္ တကယ့္ကို ေၾကာက္စရာလန႔္စရာအျဖစ္ကို ေရာက္ရွိေစႏိုင္တာမို႔ ဂ႐ုစိုက္ၾကပါ။ ဒါဟာအျဖစ္မွန္ကို မႁခြင္းမခ်န္ အမ်ားအက်ိဳးရွိေအာင္ တင္ျပတာျဖစ္ပါတယ္ အသိတရားရၾကပါေစ။

အခုလိုအခ်ိန္ေပးၿပီးဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္းသာယာေပ်ာ္႐ြင္ေသာ ေန႔ေလးကိုပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

ေဒါက္တာခင္ခင္ႀကီး