အမေရိကန်တွေ သာကောကြီးကို ဘယ်လို ပညာပြန်ပေးမလဲ သို့မဟုတ် Covid 19 နဲ့ နိုင်ငံရေး

အမေရိကန်တွေ သာကောကြီးကို ဘယ်လို ပညာပြန်ပေးမလဲ သို့မဟုတ် Covid 19 နဲ့ နိုင်ငံရေး

Covid 19 သံသယဖြစ်ရင် Q ၁၄ ရက်ဝင်ရတယ်။ ရောဂါဖြစ်ရင် မပျောက်မချင်းကုရတယ်။ ရောဂါသေချာရင် အသက် ၆၅ နှစ် အထက်ဆို အသက်အန္တရယ်စိုးရိမ်ရပြီး ဆီးချိုလို ရောဂါအခံရှိရင်တော့ အသက်ဆုံးရှုံးဖို့များတယ်။ သေမယ်ဆိုရင်လည်း ၂၄ နာရီအတွင်း သေကြတာများတယ်။

အခု Second wave က အသက်အရွယ် လူလတ်ပိုင်းတွေကိုပါ အသက်အန္တရယ်ထိခိုက်စေနိုင်တယ်လို့ဆိုတယ် ။

ဒါဆို အသက် ၇၃နှစ်ရှိပြီဖြစ်တဲ့ အမေရိကန်သမ္မတ ထရမ့် Covid 19 ဖြစ်လို့ ဆေးရုံအထိရောက်သွားပြီး မကြာဘူး နောက်နေ့ ဆေးရုံကဆင်းလာတာ တကယ်ရောဂါဖြစ်ခဲ့တာလားလို့ တွေးစရာမဖြစ်ဘူးလား။

Covid 19 က Positive ဆိုရင် တရက်အတွင်း သေကြတာ တကယ်လည်းသေတဲ့ရောဂါပါ။

ကိုယ်တစ်ယောက်တည်း အထင်ပြောရရင် ထရမ့် ရိုက်စားလုပ်တော့မယ်ထင်တယ် ။ ထရမ့်က သူ့ကို Covid ရောဂါကူးစက်တာ ဘုရားသခင်ပေးတဲ့ ကောင်းချီးဖြစ်တယ်လို့လည်း ဆိုတယ် ။

တရုတ်နိုင်ငံရဲ့ ယုတ်တိမတန်တဲ့ မတော်တဆလို့ ပြောပြီး တစ်ကမ္ဘာလုံးကို ကမောက်ကမဖြစ်အောင်လုပ်ခဲ့တဲ့ Covid 19 ဗိုင်းရပ်နဲ့ ပတ်သတ်ပြီး အမေရိကန်သမ္မတ ထရမ့်က ဘယ်လိုဖြစ်ဖြစ် ပြန်တုံ့ပြန်အသုံးချမယ်ဆိုတာ ယုံကြည်ပါတယ် ။

သူ့နိုင်ငံထဲ လူ ၂သိန်းကျော် သေစေတာ အလကားအဖြစ်ခံမှာ မဟုတ်သလို အခုရလာတဲ့ အခွင့်အရေးအပေါ်မှာ ချီပြီး တုပ်ပြီးလုပ်ဖို့ ထရမ့် တွေးနေ ၊ အစီအစဉ်ဆွဲနေလိမ့်မယ်လို့ ထင်တယ် ။ ကိုယ်ဆိုလည်း လုပ်မှာပဲလေ။

အခု ထရမ့် Covid 19 ဖြစ်တယ်ဆိုတဲ့ ကိစ္စကလည်း အဲ့ဒီအစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်မယ်ထင်တယ်။ ရွေးကောက်ပွဲမှာ အကျိုးရှိဖို့ မဆိုင်ရင်တောင် ဆွဲစိမှာပဲ။

Covid 19 နဲ့ မျက်ရည်ချူ တာမျိုးပေါ့ ။

အမေရိကန် သမ္မတ ဆေးရုံကဆင်းပြီး အင်တိုက်အားတိုက် မဲပြန်ဆွယ်မယ်ဆိုတဲ့ အောက်တိုဘာ ၁၂ ရက်နေ့က ဖလော်ရီဒါမှာ ” ထောက်ခံသူတိုင်းကို Kiss ပေးလို့တယ် ” လို့ ပြောခဲ့တဲ့ ပွဲတက်ရောက်တဲ့ ပြွတ်သိပ်ကျပ်ညပ်နေတဲ့ ပြည်သူတွေ နှာခေါင်းစည်း ( Mask ) တပ်မထားတော့ဘူး ။ ပြိုင်ဖက် ဘိုင်ဒင်းကတော့ လူတွေကို ခပ်ခွာခွာနေစေပြီးမှ မဲဆွယ်ရတုန်းပါပဲ။

တရုတ်နိုင်ငံ ကျင်းတောင်မြို့မှာ လူသုံးသန်းကို ဗိုင်းရပ်ရှိမရှိ စစ်ဆေးတာ ရောဂါရှိသူ ၁၂ ဦးပဲ တွေ့တယ်တဲ့ ။

ထိုင်ဝမ် ၊ စင်္ကာပူ ၊ ထိုင်းအစရှိတဲ့ နိုင်ငံတွေမှာ လမ်းပေါ်မှာ ပြည်သူတွေ Mask တပ်မထားကြတော့ဘူး။

ထိုင်းနိုင်ငံမှာ ဆန္ဒပြသူတွေ အုပ်စုအားလုံး Mask တတ်ထားတာ မမြင်ရဘူး ။ တချို့ အနည်းငယ်ပဲ တတ်ထားကြတယ် ။

ဂျပန်က တရုတ် စင်္ကာပူအပါအဝင် နိုင်ငံ ၁၂ နိုင်ငံက လူတွေကို ပြည်ဝင်ခွင့်နဲ့ ခရီး သွားလာခွင့် ပြန်ပေးလိုက်ပြီ။

ဒါတွေကိုကြည့်ရင် Covid 19 က နိုင်ငံရေးလှည့်ကွက် တစ်ခုလိုပါပဲ။ ကုသဆေး၊ ကာကွယ်ဆေးကိုတွင်တွင်ကျယ်ကျယ် အသုံးပြုလို့ ရနေပြီးဖြစ်ပေမယ့် ဆင်းရဲတဲ့နိုင်ငံ ဆင်းရဲတဲ့သူတွေကို ဖုံးကွယ်ထားသလိုပဲ။

Covid 19 က ရွေးကောက်ပွဲလုပ်မယ့် နိုင်ငံတွေအတွက် လက်ရှိအာဏာရထားတဲ့ အဖွဲ့ကို အများကြီး သက်ရောက်မှုရှိစေတယ်။ ပညာပါပါရေလဲ အသုံးချတက်ဖို့သာလိုတယ် ။

နိုင်ငံတော်ဘတ်ဂျတ်ကို အသုံးချပြီး ကျွန်တော်တို့က ပြည်သူတွေအတွက် ဘယ်လောက်အကုန်အကျခံပြီး ဗိုင်းရပ်ကို ကာကွယ်ပေးနေတယ် ၊ ကုသပေးနေတယ် ၊ ထောက်ပံ့ပေးနေတယ်လို့ ပြောလို့ရတယ် ။

ထရမ့်လည်း ဒီလိုလုပ်တယ် ။ နိုင်ငံသားတစ်ဦးကို ဒေါ်လာ ၁၄၀၀ စီ ပေးဖို့လုပ်တယ် ။ ထရမ့်ပေးတာ သူ့ပိုက်ဆံ မဟုတ်ဘူး။ နိုင်ငံတော် ဘက်ဂျက် ၊ ပြည်သူတွေ ပေးထားတဲ့အခွန်တွေ ။ ဒီအချိန် ဘယ်အစိုးရဖြစ်ဖြစ် လုပ်ကြမယ့်ကိစ္စ ။ ပြိုင်ဖက်ဒီမိုကရက်က နန်စီပီလိုစီ တောင်းတဲ့ ၂ ထရီလီယံကိုတော့ ပယ်ချခဲ့တယ် ။

Covid 19 ကာကွယ်ဆေးကို အမေရိကန် ၊ တရုတ်နဲ့ တချို့ နိုင်ငံတွေ ရပြီးပြီလို့ ပြောနိုင်ပေမယ့် လက်ရှိဈေးကွက်မှာရှိနေတဲ့ ဆေးအားလုံးက ယုံကြည်စရာ အကုန်တော့မရှိသေးဘူး ။

အမေရိကန်သမ္မတကို ကုသတဲ့ remdesivir ဆိုတဲ့ ဆေးကလည်း Covid 19 ရောဂါကို ထိရောက်တဲ့ အထောက်အကူ မပေးဘူးလို့ CNN က ကြေငြာတယ် ။ သဘောက တကယ်စိတ်ချရတဲ့ ဆေးအဆင့်မဟုတ်သေးဘူး။

တရုတ်နိုင်ငံက ထုတ်တဲ့ ကာကွယ်ဆေးတစ်မျိုး စမ်းသပ်တာ အောက်ပိုင်းသေသွားတယ်ဆိုတဲ့ သတင်းမျိုးလို ထွက်လာပြီး Johnson & Johnson ကုမ္ပဏီကထုတ်တဲ့ ဆေးကလည်း အမည်မသိတဲ့ ဖျားနာမှုနဲ့ ရင်ဆိုင်ရလို့ ဆေးစမ်းသပ်တာ ခဏရပ်ထားရတယ် ဆိုတယ် ။

Covid 19 အတွက် ဖျန်းဆေးဆိုတာလည်း ကြားမိတယ် ။ ပြောကြတာ အဲ့ဒီ ဆေးဖျန်းထားတဲ့ နေရာဝန်းကျင်မှာ Covid 19 ရောဂါပိုးကို ကာကွယ်နိုင်တယ်ဆိုတယ်။ သေချာတော့ မသိဘူး ။

Covid 19 ကြောင့် ထိခိုက် နစ်နာသွားရတဲ့ လူတွေ ကဏ္ဍတွေ မရေတွက်နိုင်အောင် များခဲ့ပြီး မထင်မှတ်လောက်အောင် အကျိုးရှိသွားတဲ့ ကဏ္ဍတွေလည်း ရှိခဲ့တယ် ။

ဘယ်လိုပဲဖြစ်ဖြစ် အားလုံးအဆိုးထဲက အကျိုးရအောင် ပြန်ကြိုးစားရမှာပဲ ။ နိုင်ငံရေးသမားတွေကတော့ Covid 19 ကို အကြိုက်ပေါ့ ။ ရေလဲ သုံးတတ်ဖို့ပဲ လိုတယ် ။

ရိုးသားပြီး ဆင်းရဲတဲ့ သာမန်ပြည်သူတွေကို ချမနင်းဖို့ပဲ အရေးကြီးတယ်။

အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်းသာယာပျော်ရွင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
မိုးတင့် ( ရန်ကုန် တက္ကသိုလ် )
မိုးတင့်ဆွေ (ဆရာကြီး စာစုထဲမှ ကူးယူပါသည်၊ လေးစားစွာ ခရက်ဒစ်ပေးပါသည်)

(ZAWGYI)

အေမရိကန္ေတြ သာေကာႀကီးကို ဘယ္လို ပညာျပန္ေပးမလဲ သို႔မဟုတ္ Covid 19 နဲ႔ ႏိုင္ငံေရး

Covid 19 သံသယျဖစ္ရင္ Q ၁၄ ရက္ဝင္ရတယ္။ ေရာဂါျဖစ္ရင္ မေပ်ာက္မခ်င္းကုရတယ္။ ေရာဂါေသခ်ာရင္ အသက္ ၆၅ ႏွစ္ အထက္ဆို အသက္အႏၲရယ္စိုးရိမ္ရၿပီး ဆီးခ်ိဳလို ေရာဂါအခံရွိရင္ေတာ့ အသက္ဆုံးရႈံးဖို႔မ်ားတယ္။ ေသမယ္ဆိုရင္လည္း ၂၄ နာရီအတြင္း ေသၾကတာမ်ားတယ္။

အခု Second wave က အသက္အ႐ြယ္ လူလတ္ပိုင္းေတြကိုပါ အသက္အႏၲရယ္ထိခိုက္ေစႏိုင္တယ္လို႔ဆိုတယ္ ။

ဒါဆို အသက္ ၇၃ႏွစ္ရွိၿပီျဖစ္တဲ့ အေမရိကန္သမၼတ ထရမ့္ Covid 19 ျဖစ္လို႔ ေဆး႐ုံအထိေရာက္သြားၿပီး မၾကာဘူး ေနာက္ေန႔ ေဆး႐ုံကဆင္းလာတာ တကယ္ေရာဂါျဖစ္ခဲ့တာလားလို႔ ေတြးစရာမျဖစ္ဘူးလား။

Covid 19 က Positive ဆိုရင္ တရက္အတြင္း ေသၾကတာ တကယ္လည္းေသတဲ့ေရာဂါပါ။

ကိုယ္တစ္ေယာက္တည္း အထင္ေျပာရရင္ ထရမ့္ ႐ိုက္စားလုပ္ေတာ့မယ္ထင္တယ္ ။ ထရမ့္က သူ႔ကို Covid ေရာဂါကူးစက္တာ ဘုရားသခင္ေပးတဲ့ ေကာင္းခ်ီးျဖစ္တယ္လို႔လည္း ဆိုတယ္ ။

တ႐ုတ္ႏိုင္ငံရဲ႕ ယုတ္တိမတန္တဲ့ မေတာ္တဆလို႔ ေျပာၿပီး တစ္ကမာၻလုံးကို ကေမာက္ကမျဖစ္ေအာင္လုပ္ခဲ့တဲ့ Covid 19 ဗိုင္းရပ္နဲ႔ ပတ္သတ္ၿပီး အေမရိကန္သမၼတ ထရမ့္က ဘယ္လိုျဖစ္ျဖစ္ ျပန္တုံ႔ျပန္အသုံးခ်မယ္ဆိုတာ ယုံၾကည္ပါတယ္ ။

သူ႔ႏိုင္ငံထဲ လူ ၂သိန္းေက်ာ္ ေသေစတာ အလကားအျဖစ္ခံမွာ မဟုတ္သလို အခုရလာတဲ့ အခြင့္အေရးအေပၚမွာ ခ်ီၿပီး တုပ္ၿပီးလုပ္ဖို႔ ထရမ့္ ေတြးေန ၊ အစီအစဥ္ဆြဲေနလိမ့္မယ္လို႔ ထင္တယ္ ။ ကိုယ္ဆိုလည္း လုပ္မွာပဲေလ။

အခု ထရမ့္ Covid 19 ျဖစ္တယ္ဆိုတဲ့ ကိစၥကလည္း အဲ့ဒီအစီအစဥ္ရဲ႕ အစိတ္အပိုင္းတစ္ခုပဲ ျဖစ္မယ္ထင္တယ္။ ေ႐ြးေကာက္ပြဲမွာ အက်ိဳးရွိဖို႔ မဆိုင္ရင္ေတာင္ ဆြဲစိမွာပဲ။

Covid 19 နဲ႔ မ်က္ရည္ခ်ဴ တာမ်ိဳးေပါ့ ။

အေမရိကန္ သမၼတ ေဆး႐ုံကဆင္းၿပီး အင္တိုက္အားတိုက္ မဲျပန္ဆြယ္မယ္ဆိုတဲ့ ေအာက္တိုဘာ ၁၂ ရက္ေန႔က ဖေလာ္ရီဒါမွာ ” ေထာက္ခံသူတိုင္းကို Kiss ေပးလို႔တယ္ ” လို႔ ေျပာခဲ့တဲ့ ပြဲတက္ေရာက္တဲ့ ႁပြတ္သိပ္က်ပ္ညပ္ေနတဲ့ ျပည္သူေတြ ႏွာေခါင္းစည္း ( Mask ) တပ္မထားေတာ့ဘူး ။ ၿပိဳင္ဖက္ ဘိုင္ဒင္းကေတာ့ လူေတြကို ခပ္ခြာခြာေနေစၿပီးမွ မဲဆြယ္ရတုန္းပါပဲ။

တ႐ုတ္ႏိုင္ငံ က်င္းေတာင္ၿမိဳ႕မွာ လူသုံးသန္းကို ဗိုင္းရပ္ရွိမရွိ စစ္ေဆးတာ ေရာဂါရွိသူ ၁၂ ဦးပဲ ေတြ႕တယ္တဲ့ ။

ထိုင္ဝမ္ ၊ စကၤာပူ ၊ ထိုင္းအစရွိတဲ့ ႏိုင္ငံေတြမွာ လမ္းေပၚမွာ ျပည္သူေတြ Mask တပ္မထားၾကေတာ့ဘူး။

ထိုင္းႏိုင္ငံမွာ ဆႏၵျပသူေတြ အုပ္စုအားလုံး Mask တတ္ထားတာ မျမင္ရဘူး ။ တခ်ိဳ႕ အနည္းငယ္ပဲ တတ္ထားၾကတယ္ ။

ဂ်ပန္က တ႐ုတ္ စကၤာပူအပါအဝင္ ႏိုင္ငံ ၁၂ ႏိုင္ငံက လူေတြကို ျပည္ဝင္ခြင့္နဲ႔ ခရီး သြားလာခြင့္ ျပန္ေပးလိုက္ၿပီ။

ဒါေတြကိုၾကည့္ရင္ Covid 19 က ႏိုင္ငံေရးလွည့္ကြက္ တစ္ခုလိုပါပဲ။ ကုသေဆး၊ ကာကြယ္ေဆးကိုတြင္တြင္က်ယ္က်ယ္ အသုံးျပဳလို႔ ရေနၿပီးျဖစ္ေပမယ့္ ဆင္းရဲတဲ့ႏိုင္ငံ ဆင္းရဲတဲ့သူေတြကို ဖုံးကြယ္ထားသလိုပဲ။

Covid 19 က ေ႐ြးေကာက္ပြဲလုပ္မယ့္ ႏိုင္ငံေတြအတြက္ လက္ရွိအာဏာရထားတဲ့ အဖြဲ႕ကို အမ်ားႀကီး သက္ေရာက္မႈရွိေစတယ္။ ပညာပါပါေရလဲ အသုံးခ်တက္ဖို႔သာလိုတယ္ ။

ႏိုင္ငံေတာ္ဘတ္ဂ်တ္ကို အသုံးခ်ၿပီး ကြၽန္ေတာ္တို႔က ျပည္သူေတြအတြက္ ဘယ္ေလာက္အကုန္အက်ခံၿပီး ဗိုင္းရပ္ကို ကာကြယ္ေပးေနတယ္ ၊ ကုသေပးေနတယ္ ၊ ေထာက္ပံ့ေပးေနတယ္လို႔ ေျပာလို႔ရတယ္ ။

ထရမ့္လည္း ဒီလိုလုပ္တယ္ ။ ႏိုင္ငံသားတစ္ဦးကို ေဒၚလာ ၁၄၀၀ စီ ေပးဖို႔လုပ္တယ္ ။ ထရမ့္ေပးတာ သူ႔ပိုက္ဆံ မဟုတ္ဘူး။ ႏိုင္ငံေတာ္ ဘက္ဂ်က္ ၊ ျပည္သူေတြ ေပးထားတဲ့အခြန္ေတြ ။ ဒီအခ်ိန္ ဘယ္အစိုးရျဖစ္ျဖစ္ လုပ္ၾကမယ့္ကိစၥ ။ ၿပိဳင္ဖက္ဒီမိုကရက္က နန္စီပီလိုစီ ေတာင္းတဲ့ ၂ ထရီလီယံကိုေတာ့ ပယ္ခ်ခဲ့တယ္ ။

Covid 19 ကာကြယ္ေဆးကို အေမရိကန္ ၊ တ႐ုတ္နဲ႔ တခ်ိဳ႕ ႏိုင္ငံေတြ ရၿပီးၿပီလို႔ ေျပာႏိုင္ေပမယ့္ လက္ရွိေဈးကြက္မွာရွိေနတဲ့ ေဆးအားလုံးက ယုံၾကည္စရာ အကုန္ေတာ့မရွိေသးဘူး ။

အေမရိကန္သမၼတကို ကုသတဲ့ remdesivir ဆိုတဲ့ ေဆးကလည္း Covid 19 ေရာဂါကို ထိေရာက္တဲ့ အေထာက္အကူ မေပးဘူးလို႔ CNN က ေၾကျငာတယ္ ။ သေဘာက တကယ္စိတ္ခ်ရတဲ့ ေဆးအဆင့္မဟုတ္ေသးဘူး။

တ႐ုတ္ႏိုင္ငံက ထုတ္တဲ့ ကာကြယ္ေဆးတစ္မ်ိဳး စမ္းသပ္တာ ေအာက္ပိုင္းေသသြားတယ္ဆိုတဲ့ သတင္းမ်ိဳးလို ထြက္လာၿပီး Johnson & Johnson ကုမၸဏီကထုတ္တဲ့ ေဆးကလည္း အမည္မသိတဲ့ ဖ်ားနာမႈနဲ႔ ရင္ဆိုင္ရလို႔ ေဆးစမ္းသပ္တာ ခဏရပ္ထားရတယ္ ဆိုတယ္ ။

Covid 19 အတြက္ ဖ်န္းေဆးဆိုတာလည္း ၾကားမိတယ္ ။ ေျပာၾကတာ အဲ့ဒီ ေဆးဖ်န္းထားတဲ့ ေနရာဝန္းက်င္မွာ Covid 19 ေရာဂါပိုးကို ကာကြယ္ႏိုင္တယ္ဆိုတယ္။ ေသခ်ာေတာ့ မသိဘူး ။

Covid 19 ေၾကာင့္ ထိခိုက္ နစ္နာသြားရတဲ့ လူေတြ က႑ေတြ မေရတြက္ႏိုင္ေအာင္ မ်ားခဲ့ၿပီး မထင္မွတ္ေလာက္ေအာင္ အက်ိဳးရွိသြားတဲ့ က႑ေတြလည္း ရွိခဲ့တယ္ ။

ဘယ္လိုပဲျဖစ္ျဖစ္ အားလုံးအဆိုးထဲက အက်ိဳးရေအာင္ ျပန္ႀကိဳးစားရမွာပဲ ။ ႏိုင္ငံေရးသမားေတြကေတာ့ Covid 19 ကို အႀကိဳက္ေပါ့ ။ ေရလဲ သုံးတတ္ဖို႔ပဲ လိုတယ္ ။

႐ိုးသားၿပီး ဆင္းရဲတဲ့ သာမန္ျပည္သူေတြကို ခ်မနင္းဖို႔ပဲ အေရးႀကီးတယ္။

အခုလိုအခ်ိန္ေပးၿပီးဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္းသာယာေပ်ာ္႐ြင္ေသာ ေန႔ေလးကိုပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။
မိုးတင့္ ( ရန္ကုန္ တကၠသိုလ္ )
မိုးတင့္ေဆြ (ဆရာႀကီး စာစုထဲမွ ကူးယူပါသည္၊ ေလးစားစြာ ခရက္ဒစ္ေပးပါသည္)