နေ့ညမအိပ် လိုအပ်နေသူတွေကို လိုက်လံ ကူညီပေးနေတာကြောင့် အားနည်းကာ အကြောဆေးသွင်းရတဲ့ အထိ ဖြစ်ခဲ့တဲ့ ဒိန်းဒေါင်

ပရိတ်သတ်ကြီးရေ ဒိန်းဒေါင်ကတော့ Covid ကာလမှာ အလှူတွေ လုပ်ပြီး ပရဟိတ အလုပ်တွေ ကို အားတတ်သရော် နဲ့နေ့မအား ညမနား လိုက်လံလှူဒါန်းနေတာပါ။ ချွန်တွန်းပရဟိတ အဖွဲ့ကို လည်းတည်ထောင်ထားပြီဖြစ်တဲ့ ဒိန်းဒေါင် က နေ့စဉ်ရက်ဆက် ပရဟိတ အလုပ်တွေကိုလုပ်ကိုင်နေတာကြောင့်လည်းကျန်းမာရေးထိခိုက်လာတဲ့ ဒိန်းဒေါင် က ယနေ့မှာတော့ အားနည်းကာအကြောဆေး သွင်းရတဲ့အထိ ဖြစ်ခဲ့ တာပါ။

အောက်ခြေဘဝတွေရဲ့ခက်ခဲမှုတွေဟာ မြင်ရသူတိုင်းအတွက်တော့ စိတ်မသက်သာစရာပါပဲ။ တကယ်လက်တွေ့သွားကူညီတဲ့ သူတွေအဖို့တော့ ဆိုဖွယ်ရာမရှိတော့ပါဘူး။ထိုအကြောင်းကို သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ အခုလိုမျှဝေခဲ့တာပါ။ဆေးခန်းမှာအကြောဆေးသွင်းနေရတဲ့ပုံကို ”ဖြေးဖြေးအကူအညီတောင်းကြပါဗျ နေ့မအိပ် ညမအိပ်နဲ့ အကြောဆေးသွင်းရပြီဗျ ” ဆိုပြီး မျှဝေထားခဲ့တာပါ။

နေ့မအိပ်ညမအိပ် ကူညီ ပေးခဲ့တဲ့ ဦးဒိန်းဒေါင် တစ်ယောက်ကတော့ အလှုခံတဲ့သူတွေများပြားတာကြောင့် လိုက်လံ ကူညီပေးရင်း အကြောဆေးတောင် သွင်းရတဲ့ အထိဖြစ်ခဲ့တာပါ။ပရဟိတ အလုပ်တွေ ကို ကိုယ်ကျိုးမငဲ့ ပဲ ဆောင်ရွက်ခဲ့တဲ့ ဦးဒိန်းဒေါင်တစ်ယောက် အမြန်ဆုံး သက်သာပျောက်ကင်းပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်နော်။


အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်းသာယာပျော်ရွင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Crd- Original Post

(ZAWGYI)






Crd- Original Post