ရောဂါအဖြေမထွက်သေးပဲ ထွက်သွားတာတဲ့ဗျာ….(ကားဆရာတွေ အခုလိုတော့မလုပ်သင့်ပါဘူးဗျာ…

မြန်မာ-တရုတ်နယ်စပ် ကျင်စန်းကျော့ဂိတ်တွင် အောက်တိုဘာလ ၁၇ ရက်၊ နံနက်ပိုင်းက COVID-19 ရောဂါ စစ်ဆေးရန်အတွက် တို့ဖတ်နမူနာ ရယူပြီး အဖြေ မရမီ မောင်းနှင်သွားသည့် ကုန်တင်ယာဉ် ၂ စီးမှ ယာဉ်မောင်း ၂ ဦးနှင့် ယာဉ်နောက်လိုက်တစ်ဦးတို့တွင် COVID-19 ရောဂါပိုး တွေ့ရှိသည့်အတွက် ယင်းနေ့ည ၁၀ နာရီခန့်က နောင်ချိုမြို့အဝင်တွင် တားဆီးကာ နောင်ချိုဆေးရုံသို့ ပို့‌ဆောင်ခဲ့ကြောင်း သိရသည်။

“ညက မြို့အဝင် တိုးဂိတ်မရောက်ခင် ရွှေညောင်ပင် ကားရေးဆေးတဲ့ နေရာမှာ သူတို့ကိုတွေ့လို့ နောင်ချိုဆေးရုံကို ပို့ရပါတယ်။ အားလုံး ၃ ယောက်ပါ။ သူတို့ရဲ့ ဆေးစစ်အဖြေက Positive ဖြစ်လို့ သွားခေါ်တဲ့သူတွေလည်း PPE ဝတ်စုံ တွေ အပြည့်အစုံဝတ်ပြီး လုပ်ဆောင်ရပါတယ်” ဟု နောင်ချိုမြို့နယ်အခြေစိုက် ဖြူစင်မေတ္တာလူမှုရေးအသင်း ဥက္ကဋ္ဌ ဦးချိုတူးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နေ ယာဉ်မောင်း ၂ ဦးနှင့် ယာဉ်နောက်လိုက် ၁ ဦးတို့သည် အောက်တိုဘာလ ၁၇ ရက်၊ နံနက်ပိုင်းက မူဆယ် ကျင်စန်းကျော့ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ကျန်းမာရေးစစ်ဆေးခံပြီး အဖြေမရမီ ၎င်းတို့သဘောဖြင့် မူဆယ်မှ မန္တလေးသို့ ဆက်လက်ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓါတ်ခွဲအဖြေ တွေ့ရှိချက်အရ ၎င်းတို့ ၃ ဦးတွင် COVID-19 Positve တွေ့ရှိသည့်အတွက် သက်ဆိုင်ရာမှ သတင်း ပေးပို့ချက်အရ ယင်းကုန်တင်ယာဉ် ၂ စီးအား နောင်ချိုမြို့မှ ဌာနဆိုင်ရာများနှင့် ပရဟိတအဖွဲ့များ ပူးပေါင်း ရှာဖွေခဲ့ရာ ည ၁၀ နာရီခန့်က နောင်ချိုမြို့အဝင် တိုးလ်ဂိတ်အနီး ဂုတ်တွင်း-ရွှေညောင်ပင်စခန်း ကားရေးဆေးသည့် နေရာတွင် တွေ့ရှိသဖြင့် နောင်ချိုဆေးရုံရှီ သီးသန့်ဆောင်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။

Crd- Original Post

(ZAWGYI)

ျမန္မာ-တ႐ုတ္နယ္စပ္ က်င္စန္းေက်ာ့ဂိတ္တြင္ ေအာက္တိုဘာလ ၁၇ ရက္၊ နံနက္ပိုင္းက COVID-19 ေရာဂါ စစ္ေဆးရန္အတြက္ တို႔ဖတ္နမူနာ ရယူၿပီး အေျဖ မရမီ ေမာင္းႏွင္သြားသည့္ ကုန္တင္ယာဥ္ ၂ စီးမွ ယာဥ္ေမာင္း ၂ ဦးႏွင့္ ယာဥ္ေနာက္လိုက္တစ္ဦးတို႔တြင္ COVID-19 ေရာဂါပိုး ေတြ႕ရွိသည့္အတြက္ ယင္းေန႔ည ၁၀ နာရီခန္႔က ေနာင္ခ်ိဳၿမိဳ႕အဝင္တြင္ တားဆီးကာ ေနာင္ခ်ိဳေဆး႐ုံသို႔ ပို႔‌ေဆာင္ခဲ့ေၾကာင္း သိရသည္။

“ညက ၿမိဳ႕အဝင္ တိုးဂိတ္မေရာက္ခင္ ေ႐ႊေညာင္ပင္ ကားေရးေဆးတဲ့ ေနရာမွာ သူတို႔ကိုေတြ႕လို႔ ေနာင္ခ်ိဳေဆး႐ုံကို ပို႔ရပါတယ္။ အားလုံး ၃ ေယာက္ပါ။ သူတို႔ရဲ႕ ေဆးစစ္အေျဖက Positive ျဖစ္လို႔ သြားေခၚတဲ့သူေတြလည္း PPE ဝတ္စုံ ေတြ အျပည့္အစုံဝတ္ၿပီး လုပ္ေဆာင္ရပါတယ္” ဟု ေနာင္ခ်ိဳၿမိဳ႕နယ္အေျခစိုက္ ျဖဴစင္ေမတၱာလူမႈေရးအသင္း ဥကၠ႒ ဦးခ်ိဳတူးက ကေမာၻဇတိုင္းသို႔ ေျပာသည္။

မႏၲေလးတိုင္းေဒသႀကီး၊ စဥ့္ကိုင္ၿမိဳ႕ေန ယာဥ္ေမာင္း ၂ ဦးႏွင့္ ယာဥ္ေနာက္လိုက္ ၁ ဦးတို႔သည္ ေအာက္တိုဘာလ ၁၇ ရက္၊ နံနက္ပိုင္းက မူဆယ္ က်င္စန္းေက်ာ့ က်န္းမာေရးစစ္ေဆးေရးဂိတ္တြင္ က်န္းမာေရးစစ္ေဆးခံၿပီး အေျဖမရမီ ၎တို႔သေဘာျဖင့္ မူဆယ္မွ မႏၲေလးသို႔ ဆက္လက္ထြက္ခြာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဓါတ္ခြဲအေျဖ ေတြ႕ရွိခ်က္အရ ၎တို႔ ၃ ဦးတြင္ COVID-19 Positve ေတြ႕ရွိသည့္အတြက္ သက္ဆိုင္ရာမွ သတင္း ေပးပို႔ခ်က္အရ ယင္းကုန္တင္ယာဥ္ ၂ စီးအား ေနာင္ခ်ိဳၿမိဳ႕မွ ဌာနဆိုင္ရာမ်ားႏွင့္ ပရဟိတအဖြဲ႕မ်ား ပူးေပါင္း ရွာေဖြခဲ့ရာ ည ၁၀ နာရီခန္႔က ေနာင္ခ်ိဳၿမိဳ႕အဝင္ တိုးလ္ဂိတ္အနီး ဂုတ္တြင္း-ေ႐ႊေညာင္ပင္စခန္း ကားေရးေဆးသည့္ ေနရာတြင္ ေတြ႕ရွိသျဖင့္ ေနာင္ခ်ိဳေဆး႐ုံရွီ သီးသန္႔ေဆာင္သို႔ ပို႔ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အခုလိုအခ်ိန္ေပးၿပီးဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္ေသာ ေန႔ေလးကိုပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Crd- Original Post