ချစ်ခင်လေးစားရသော ဖခင်ဖြစ်သူ ဟာသလူရွှင်တော်ကြီး အရိုင်းကို ပထမဆုံးပွဲထုတ်ခဲ့ပြီး သူမရဲ့ဘလော့လေးကိုအစပြုခဲ့တဲ့ ပျိုပျိုမေ (ရုပ်သံ)

ပရိသတ်ကြီးရေ အားလုံးသိပြီးသားဖြစ်တဲ့ ဟာသ သရုပ်ဆောင် လူရွှင်တော်ကြီး ဦးအရိုင်းမှာ ပျိုပျိုမေ ဆိုတဲ့သမီးလေးတစ်ယောက်ရှိပါတယ်နော်။ လတ်တလောမှာတော့ ပျိုပျိုမေက

သူမရဲ့ ကိုယ်ပိုင် Page လေးတစ်ခုဖြစ်တဲ့ ” Moments with Pinky” ဆိုတဲ့ Page လေးကနေတဆင့် အနုပညာရှင်တွေရဲ့အမှတ်ရတွေကို ခေါ်ယူမေးမြန်းပေးသွားမယ်လို့ သိရပါတယ်။

ဒီတစ်ပတ် Saturday အတွက် Guest ကတော့ Pinky မေမေရဲ့အမျိုးသား ဟာသလူရွှင်တော်သရုပ်ဆောင် “ဦးအရိုင်း” ပဲဖြစ်ပါတယ် ဆိုတဲ့စာသားလေးနဲ့အတူပျိုပျိုမေကသူမရဲ့ဖခင်ကို

ပထမဆုံးပွဲဦးထုတ်ခဲ့ပါတယ်။ သူမတို့သားအဖ အဓိကထားပြောသွားမယ့် Topic လေးကတော့ (ကလေးဘဝကအမှတ်တရများ)” ဆိုတဲ့ခေါင်းစဉ်လေးအောက်ကနေဖြစ်ပြီး

အရိုင်းကိုဖြစ်ဖြစ် သူမကိုဖြစ်ဖြစ် သားအဖ၂ယောက်လုံးကိုဖြစ်ဖြစ် မေးချင်တာပြောချင်တာ သိချင်တာလေးတွေရှိရင် မေးမြန်းသွားလို့ရကြောင်းကိုလည်း ပျိုပျိုမေကသူမရဲ့ ပေ့ချ်ကနေတဆင့်

ရေးသားဖော်ပြခဲ့ပါတယ်။ ဖခင်ဖြစ်သူ ဦးအရိုင်းကတော့ ကိုဗစ်ကာလမှာ အခန်းထဲမှာတကုပ်ကုပ်နဲ့ သူကအကြံအစီရှိနေတာကိုး။ ဘာတဲ့ ” Moments with Pinky” တဲ့။

ကောင်းပါတယ် ဖအေကိုပထမဆုံးပွဲထုတ်တဲ့သမီးပေါ့။ ပရိသတ်နဲ့တွေ့ဖို့အတွက် နည်းပညာရဲ့နည်းအမျိုးမျိုးဟာ ကျေးဇူးတင်စရာပဲ။ ကဲရယ်စရာမောစရာ၊ အမှတ်တရာလေးတွေ၊

ငယ်ငယ်က အကြောင်းလေးတွေပြောရင်း တွေ့ကြရအောင်ပါဆိုတဲ့စာသားလေးကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ရေးသားဖော်ပြခဲ့ပြီး ပရိသတ်တွေနဲ့တွေ့ပြီး ဟာသတွေ ပြောဖို့အဆင်သင့်ဖြစ်နေပါပြီတဲ့နော်။

အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။

“Moments With Pinky“Episode-1(Ft.U Ah Yine) ✨

Posted by Pyo Pyo May – Pinky on Saturday, October 17, 2020

Crd- Original Post

(ZAWGYI)





အရိုင်းကိုဖြစ်ဖြစ် သူမကိုဖြစ်ဖြစ် သားအဖ၂ယောက်လုံးကိုဖြစ်ဖြစ် မေးချင်တာပြောချင်တာ သိချင်တာလေးတွေရှိရင် မေးမြန်းသွားလို့ရကြောင်းကိုလည်း ပျိုပျိုမေကသူမရဲ့ ပေ့ခ်ျကနေတဆင့်






Crd- Original Post