..မကွေး၌ ဆန် (၂၀၇)အိတ်နှင့် ဟင်းသီးဟင်းရွက် ပိသာချိန် (၁၀၅၀၀)ကို မြန်မာကိုင်ဒိုကုမ္ပဏီမှ လှူဒါန်း…

မကွေး၌ ဆန် (၂၀၇)အိတ်နှင့် ဟင်းသီးဟင်းရွက် ပိသာချိန် (၁၀၅၀၀)ကို မြန်မာကိုင်ဒိုကုမ္ပဏီမှ လှူဒါန်း…

ကိုဗစ်ကာလအတွင်း ရိက္ခာအထောက်အပံ့ရရှိနိုင်ရန်အတွက် မြန်မာကိုင်ဒို ကုမ္ပဏီလီမိတက်မှ မကွေးမြို့

နေ့စဉ်ဆွမ်းလောင်းရုံးအသင်းသို့ (၂၄)ပြည်ဝင် ဆန်(၆၅) အိတ်၊ မကွေးတိုင်းရဲတပ်ဖွဲ့မှူးရုံးသို့ (၂၄)ပြည်ဝင် ဆန် (၁၄၂)အိတ်နှင့်အတူ မကွေးမြို့နယ်၊ ညောင်ပင်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းများ

သီလရှင်စာသင်တိုက်ကျောင်းများ၊ ဖန်ခါးမြေဘိုးဘွားရိပ်သာ၊ ဝါဂွမ်းကျေးရွာနှင့် ရန်အောင်မြင် ဘကကျောင်း၊ ကိုမိုး(မကွေးပရဟိတ)မှတစ်ဆင့် လိုအပ်ချက်ရှိနေသူများအား စုစုပေါင်းတန်ဖိုးကျပ် (၁၂,၀၀၀,၀၀ဝ)

(ကျပ်သိန်းတစ်ရာ့ နှစ်ဆယ့်တိတိ) တန်ဖိုးရှိ (၂၄)ပြည်ဝင် ဆန်(၂၀၇) အိတ်နှင့် ရှမ်းပြည်နယ်ဒေသထွက် ဂေါ်ရခါးသီး၊ အားလူး၊ ဂေါ်ဖီထုပ်အစရှိသော ဟင်းသီးဟင်းရွက်ကုန်ချိန် (၁၀၅၀၀) ပိသာတို့အား

အောက်တိုဘာလ (၁၅)ရက်နှင့် (၁၆)ရက်နေ့များတွင် အသီးသီး ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ မြန်မာကိုင်ဒိုကုမ္ပဏီအနေဖြင့် ကိုဗစ်ကမ္ဘာ့ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှ ယခုအချိန်အထိ

ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ပါဝင်လှူဒါန်း ဆောင်ရွက်ခဲ့ရာ စုစုပေါင်းတန်ဖိုးငွေကျပ် သိန်း(၆,၀၀၀)ခန့် လှူဒါန်းခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။
အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။…
Crd- Original Post

(Zawgyi)

မေကြး၌ ဆန္ (၂၀၇)အိတ္ႏွင့္ ဟင္းသီးဟင္း႐ြက္ ပိသာခ်ိန္ (၁၀၅၀၀)ကို ျမန္မာကိုင္ဒိုကုမၸဏီမွ လႉဒါန္း။ ။ ကိုဗစ္ကာလအတြင္း ရိကၡာအေထာက္အပံ့ရရွိႏိုင္ရန္အတြက္ ျမန္မာကိုင္ဒို ကုမၸဏီလီမိတက္မွ မေကြးၿမိဳ႕

ေန႔စဥ္ဆြမ္းေလာင္း႐ုံးအသင္းသို႔ (၂၄)ျပည္ဝင္ ဆန္(၆၅) အိတ္၊ မေကြးတိုင္းရဲတပ္ဖြဲ႕မႉး႐ုံးသို႔ (၂၄)ျပည္ဝင္ ဆန္ (၁၄၂)အိတ္ႏွင့္အတူ မေကြးၿမိဳ႕နယ္၊ ေညာင္ပင္ေက်း႐ြာ၊ ဘုန္းေတာ္ႀကီးေက်ာင္းမ်ား

သီလရွင္စာသင္တိုက္ေက်ာင္းမ်ား၊ ဖန္ခါးေျမဘိုးဘြားရိပ္သာ၊ ဝါဂြမ္းေက်း႐ြာႏွင့္ ရန္ေအာင္ျမင္ ဘကေက်ာင္း၊ ကိုမိုး(မေကြးပရဟိတ)မွတစ္ဆင့္ လိုအပ္ခ်က္ရွိေနသူမ်ားအား စုစုေပါင္းတန္ဖိုးက်ပ္ (၁၂,၀၀၀,၀၀ဝ)

(က်ပ္သိန္းတစ္ရာ့ ႏွစ္ဆယ့္တိတိ) တန္ဖိုးရွိ (၂၄)ျပည္ဝင္ ဆန္(၂၀၇) အိတ္ႏွင့္ ရွမ္းျပည္နယ္ေဒသထြက္ ေဂၚရခါးသီး၊ အားလူး၊ ေဂၚဖီထုပ္အစရွိေသာ ဟင္းသီးဟင္း႐ြက္ကုန္ခ်ိန္ (၁၀၅၀၀) ပိသာတို႔အား

ေအာက္တိုဘာလ (၁၅)ရက္ႏွင့္ (၁၆)ရက္ေန႔မ်ားတြင္ အသီးသီး ေထာက္ပံ့ေပးအပ္လႉဒါန္းခဲ့ေၾကာင္း သိရသည္။ ျမန္မာကိုင္ဒိုကုမၸဏီအေနျဖင့္ ကိုဗစ္ကမာၻ႔ကပ္ေရာဂါ စတင္ျဖစ္ပြားခ်ိန္မွ ယခုအခ်ိန္အထိ

ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး လုပ္ငန္းမ်ားတြင္ အသုံးျပဳရန္အတြက္ ပါဝင္လႉဒါန္း ေဆာင္႐ြက္ခဲ့ရာ စုစုေပါင္းတန္ဖိုးေငြက်ပ္ သိန္း(၆,၀၀၀)ခန႔္ လႉဒါန္းခဲ့ၿပီး ျဖစ္ေၾကာင္း သိရွိရသည္။
အခုလိုအခ်ိန္ေပးၿပီးဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္းသာယာေပ်ာ္႐ႊင္ေသာ ေန႔ေလးကိုပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။….
Crd- Original Post