မြန်မာတို့နှင့်အလွဲများ (သို့) ကြံဖန်ကြွားတတ်သော ရွှေဉာဏ်တော် စူးရောက်ပုံများ

မြန်မာတို့နှင့်အလွဲများ”

မြန်မာသည် မဟုတ်တာကို အလွန်ကြွားဝါချင်လှ၏ ။ ရေခဲသေတ္တာ ကို ဧည့်ခန်းတွင်ထားခဲ့ကြသည် ၊ အ၀တ်လျှော်စက်ကို အိမ်ရှေ့တွင်လူမြင်အောင်ပြ၏ (ထားစရာနေရာမရှိသဖြင့်ထားရခြင်းကို မဆိုလို) ၊ မှန်ဗီရို ၇ှိုးကေ့စ်ကိုဧည့်ခန်းတွင်ထားကာ ထို မှန်ဗီရို ထဲတွင် လက်ဘက်ရည် ပန်းကန် (Tea Set) များကို အလှထည့်ထားကြသည်မှာ လူ ၅၀ ခန့်ကို လက်ဖက်ရည်တိုက်၍ ရသည် ။ သို့သော် ထို Tea Set များကိုအပြင်ထုတ်၍ အသုံးပြုတာတော့ တစ်ခါမှမမြင်ဖူးချေ ။

တခါကရွာတရွာတွင် ရေရှားပါးသဖြင့် နိုင်ငံခြားသားအလှူရှင် များကိုထိုရွာသို့ခေါ်သွားဖူးသည် ။ နိုင်ငံခြားသားများသည် သူတို့နိုင်ငံတွင်သိပ်ပြီး ချမ်းသာကြသူများမဟုတ် ။ စေတနာထက်သန်သောကြောင့် ငွေကြေးများစုပေါင်းကောက်ခံပြီး စက်ရေတွင်းတူးရန်လာလှူကြခြင်းဖြစ်သည် ။ တရွာလုံး ၀မ်းသာအားရ အလှူရှင်တွေ နှင့် နှုတ်ဆက်ကြ ၊ဓာတ်ပုံရိုက်ကြသည် ။ ညကျတော့ ဆိုင်းသံ ဗုံသံတွေကြားရသဖြင့် နိုင်ငံခြားသားများကသွားကြည့်ကြသည် ။

ဘာအခမ်းအနားလဲဟုမေးကြည့်ရာ ရွာ ကစုပေါင်းပြီးဌားထားသော အငြိမ့် ဖြစ်နေသည် ။ စုပေါင်းရှင်ပြုပွဲတခုအတွက် အောင်ပွဲကျင်းပကြခြင်းဖြစ်ပါသတဲ့ ။ အငြိမ့်ငှားခကိုတော့ရွာသားများစုပေါင်းထည့်ကြသည် ။ အငြိမ့်ငှားရမ်းခစျေးနှုန်းကိုမေးကြည့်ရာ စက်ရေတွင်းတူးခ အပြီးအစီးစျေးနှုန်း လောက်ပင်ဖြစ်နေ၏ ။ နိုင်ငံခြားသားအလှူရှင်များမှာ အံ့သြလွန်းသဖြင့် ခေါင်းတခါ လည်တခါခါဖြစ်ကုန်ကြသည် ။ ရေတွင်းတူးဖို့ လှူမည့်အလှူ၇ှင်မပေါ်သော် လည်း တရွာလုံးမှာ တိုက်ခံအိမ်တွေ အများကြီးရှိသည် ၊ စကိုင်းနက် ရုပ်သံစလောင်းများကိုလည်း အိမ်တော်တော်များများတွင်တွေ့ခဲ့ရသည် ။

နိုင်ငံခြားသား စက်ရေတွင်းအလှူရှင်များမှာ အိုးကမပူ ၊ စလောင်းကပူသလို ဖြစ်နေကြသည် ။ ငပိသည်က အိပ်နေပြီး ဆားသည်က ယင်မောင်းနေရသလိုဖြစ်နေသည် ။ မြန်မာတို့က အပေါ်ယံတွေမှာ တလွဲဆံပင်ကောင်းကြသည် ။ မြွေကိုက်၍မကြာခနလူသေသောရွာတွင် မြွေဆိပ်ဖြေဆေး ရေခဲသေတ္တာထဲမှာ အသင့်ထည့်ဆောင်ထားကြဖို့ မည်သူမျှစိတ်မ၀င်စားကြချေ။

ပြောရလျှင် မြန်မာတို့သည်အပေါ်ယံကြော ကိုအတော်အလေးထားသော လူမျိုးဖြစ်သည် ။ သာသနာ့ဘောင်၀င်ဖို့ ရှင်ပြုတာပင် ဆယ်ပါးသီလ၊ သင်္ကန်းတောင်း၊ ရှင့်ကျင့်၀တ်စသည်တို့ရဖို့မရဖို့ထက် ၊ ၀န်းခင်းဖို့ ၊ ဆင်နှင့်ရှင်လောင်းလှည့်ဖို့၊ နာမည်ကြီးအငြိမ့် ထည့်ဖို့ပို၍အားသန်ကြသောလူမျိုးဖြစ်သည် ။

အ၀တ်အစား၀တ်ရာတွင် ကျန်းမာရေးနှင့်ညီညွတ်ဖို့ ၊ ရာသီဥတုနှင့်လိုက်ဖက်ဖို့၊ မိမိသွားသော အခမ်းအနားနှင့်လျော်ညီဖို့ဆိုတာထက် ဝါဖို့ကြွားဖို့ကို အဓိကထားကြသည် ။

အလှူလူပ်ရာတွင် လိုအပ်နေသော နေရာကို ထိထိရောက်ရောက်လှူဒါန်းဖို့ထက် မုခ်ဦးကြီးများတွင် ကမ္ဗည်းထိုးပြီးနာမည်ကြီးဟိန်းနေအောင်မြင်ရသောနေရာတွင် လှူချင်ကြသည် ။

အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source-သရ၀ဏ် (ပြည်) ၏ အနှစ်သာရရှိကြဖို့မှ…

Crd- Original Post

(ZAWGYI)

ျမန္မာတို႔ႏွင့္အလြဲမ်ား”

ျမန္မာသည္ မဟုတ္တာကို အလြန္ႂကြားဝါခ်င္လွ၏ ။ ေရခဲေသတၱာ ကို ဧည့္ခန္းတြင္ထားခဲ့ၾကသည္ ၊ အ၀တ္ေလွ်ာ္စက္ကို အိမ္ေရွ႕တြင္လူျမင္ေအာင္ျပ၏ (ထားစရာေနရာမရွိသျဖင့္ထားရျခင္းကို မဆိုလို) ၊ မွန္ဗီ႐ို ၇ႈိးေက့စ္ကိုဧည့္ခန္းတြင္ထားကာ ထို မွန္ဗီ႐ို ထဲတြင္ လက္ဘက္ရည္ ပန္းကန္ (Tea Set) မ်ားကို အလွထည့္ထားၾကသည္မွာ လူ ၅၀ ခန္႔ကို လက္ဖက္ရည္တိုက္၍ ရသည္ ။ သို႔ေသာ္ ထို Tea Set မ်ားကိုအျပင္ထုတ္၍ အသုံးျပဳတာေတာ့ တစ္ခါမွမျမင္ဖူးေခ် ။

တခါက႐ြာတ႐ြာတြင္ ေရရွားပါးသျဖင့္ ႏိုင္ငံျခားသားအလႉရွင္ မ်ားကိုထို႐ြာသို႔ေခၚသြားဖူးသည္ ။ ႏိုင္ငံျခားသားမ်ားသည္ သူတို႔ႏိုင္ငံတြင္သိပ္ၿပီး ခ်မ္းသာၾကသူမ်ားမဟုတ္ ။ ေစတနာထက္သန္ေသာေၾကာင့္ ေငြေၾကးမ်ားစုေပါင္းေကာက္ခံၿပီး စက္ေရတြင္းတူးရန္လာလႉၾကျခင္းျဖစ္သည္ ။ တ႐ြာလုံး ၀မ္းသာအားရ အလႉရွင္ေတြ ႏွင့္ ႏႈတ္ဆက္ၾက ၊ဓာတ္ပုံ႐ိုက္ၾကသည္ ။ ညက်ေတာ့ ဆိုင္းသံ ဗုံသံေတြၾကားရသျဖင့္ ႏိုင္ငံျခားသားမ်ားကသြားၾကည့္ၾကသည္ ။

ဘာအခမ္းအနားလဲဟုေမးၾကည့္ရာ ႐ြာ ကစုေပါင္းၿပီးဌားထားေသာ အၿငိမ့္ ျဖစ္ေနသည္ ။ စုေပါင္းရွင္ျပဳပြဲတခုအတြက္ ေအာင္ပြဲက်င္းပၾကျခင္းျဖစ္ပါသတဲ့ ။ အၿငိမ့္ငွားခကိုေတာ့႐ြာသားမ်ားစုေပါင္းထည့္ၾကသည္ ။ အၿငိမ့္ငွားရမ္းခေစ်းႏႈန္းကိုေမးၾကည့္ရာ စက္ေရတြင္းတူးခ အၿပီးအစီးေစ်းႏႈန္း ေလာက္ပင္ျဖစ္ေန၏ ။ ႏိုင္ငံျခားသားအလႉရွင္မ်ားမွာ အံ့ၾသလြန္းသျဖင့္ ေခါင္းတခါ လည္တခါခါျဖစ္ကုန္ၾကသည္ ။ ေရတြင္းတူးဖို႔ လႉမည့္အလႉရွင္မေပၚေသာ္ လည္း တ႐ြာလုံးမွာ တိုက္ခံအိမ္ေတြ အမ်ားႀကီးရွိသည္ ၊ စကိုင္းနက္ ႐ုပ္သံစေလာင္းမ်ားကိုလည္း အိမ္ေတာ္ေတာ္မ်ားမ်ားတြင္ေတြ႕ခဲ့ရသည္ ။

ႏိုင္ငံျခားသား စက္ေရတြင္းအလႉရွင္မ်ားမွာ အိုးကမပူ ၊ စေလာင္းကပူသလို ျဖစ္ေနၾကသည္ ။ ငပိသည္က အိပ္ေနၿပီး ဆားသည္က ယင္ေမာင္းေနရသလိုျဖစ္ေနသည္ ။ ျမန္မာတို႔က အေပၚယံေတြမွာ တလြဲဆံပင္ေကာင္းၾကသည္ ။ ေႁမြကိုက္၍မၾကာခနလူေသေသာ႐ြာတြင္ ေႁမြဆိပ္ေျဖေဆး ေရခဲေသတၱာထဲမွာ အသင့္ထည့္ေဆာင္ထားၾကဖို႔ မည္သူမွ်စိတ္မ၀င္စားၾကေခ်။

ေျပာရလွ်င္ ျမန္မာတို႔သည္အေပၚယံေၾကာ ကိုအေတာ္အေလးထားေသာ လူမ်ိဳးျဖစ္သည္ ။ သာသနာ့ေဘာင္၀င္ဖို႔ ရွင္ျပဳတာပင္ ဆယ္ပါးသီလ၊ သကၤန္းေတာင္း၊ ရွင့္က်င့္၀တ္စသည္တို႔ရဖို႔မရဖို႔ထက္ ၊ ၀န္းခင္းဖို႔ ၊ ဆင္ႏွင့္ရွင္ေလာင္းလွည့္ဖို႔၊ နာမည္ႀကီးအၿငိမ့္ ထည့္ဖို႔ပို၍အားသန္ၾကေသာလူမ်ိဳးျဖစ္သည္ ။

အ၀တ္အစား၀တ္ရာတြင္ က်န္းမာေရးႏွင့္ညီၫြတ္ဖို႔ ၊ ရာသီဥတုႏွင့္လိုက္ဖက္ဖို႔၊ မိမိသြားေသာ အခမ္းအနားႏွင့္ေလ်ာ္ညီဖို႔ဆိုတာထက္ ဝါဖို႔ႂကြားဖို႔ကို အဓိကထားၾကသည္ ။

အလႉလူပ္ရာတြင္ လိုအပ္ေနေသာ ေနရာကို ထိထိေရာက္ေရာက္လႉဒါန္းဖို႔ထက္ မုခ္ဦးႀကီးမ်ားတြင္ ကမၺည္းထိုးၿပီးနာမည္ႀကီးဟိန္းေနေအာင္ျမင္ရေသာေနရာတြင္ လႉခ်င္ၾကသည္ ။

အခုလိုအခ်ိန္ေပးၿပီးဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source-သရ၀ဏ္ (ျပည္) ၏ အႏွစ္သာရရွိၾကဖို႔မွ…

Crd- Original Post