..ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) ကို နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းကြောင်းကြေညာ…

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကြေညာချက်အမှတ်( ၁၉၈/ ၂၀၂၀ )
၁၃၈၂ ခုနှစ် ၊ သီတင်းကျွတ်လဆန်း ၁ ရက်
( ၂၀၂၀ပြည့်နှစ် ၊ အောက်တိုဘာလ ၁၇ ရက် )
နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့ခြင်းကိုပယ်ဖျက်ပြီး
နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းကြောင်းကြေညာခြင်း


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တွင်မှတ်ပုံတင်ထားသော ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP)သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၂၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲ (၄)နှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၅ ၊နည်ဥပဒေခွဲ (ခ)၊ (ဂ)၊ (စ) တို့ပါပြဠာန်းချက်များနှင့် ငြိစွန်းကြောင်း စိစစ်တွေ့ရှိရသည့်အတွက် ၁၇-၁၀-၂၀၂၀ ရက်နေ့တွင်ကျင်းပသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စုံညီလုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဥ် (၅၀/၂၀၂၀) ၏ဆုံးဖြတ်ချက်အရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ၁၂၊ပုဒ်မခွဲ (ခ) နှင့်အညီ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့ခြင်းမှ ပယ်ဖျက်၍ ပါတီဖျတ်သိမ်းကြောင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများ၊ ပုဒ်မ ၂၇အရ ထုပ်ပြန်ကြေညာလိုက်သည်။

အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။

Source- Union Election Commision

(Zawgyi)





