ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေသော် လည်း ရာထူး က နှုတ်ထွက် မည် မဟုတ် သည့် ထိုင်း ဝန်ကြီးချုပ်

ပိတ်ပင် တားမြစ်ချက်ကို အာခံကာ ဆန္ဒပြမှုတွေဆက်လက်ဖြစ်ပေါ်နေပြီး ရာထူးက နုတ်ထွက်မှာမဟုတ်ဟု ထိုင်း ဝန်ကြီးချုပ် ပြောဆိုခဲ့ပါသည်။ဆန္ဒပြမှုတွေအပေါ် ပိတ်ပင်တားမြစ်ချက်ကို အာခံကာ ထောင်နဲ့ချီတဲ့ အစိုးရ ဆန့်ကျင် ဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့ပြီးနောက် သူ ရာထူးက နုတ်ထွက်ခြင်းမရှိကြောင်းနဲ့ ဥပဒေကို ဖီဆန်တာတွေ မလုပ်ဖို့ ထိုင်း ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ဆန္ဒပြသူတွေကို သတိပေးခဲ့ပါတယ်။


ပရာယွတ် ရာထူးနုတ်ထွက်ပေးရေး ဘုရင်မင်းမြတ် မဟာဝီဇရလောင်ကွန်းရဲ့ လုပ်ပိုင်ခွင့် အာဏာတွေ လျှော့ချရေး တောင်းဆိုတဲ့ ဆန္ဒပြမှုတွေ ပေါ်ပေါက်နေတာ းလနီးပါးကြာလာပြီး ကြာသပတေးနေ့မနက်အစောပိုင်းမှာတော့ လူ ငါးဦးထက်ပိုပြီး လူစုလူဝေးမလုပ်ရ တားမြစ်ချက်ကို ပြဌာန်းခဲ့ပါတယ်။ ဆန္ဒပြသူတွေဟာ ပိတ်ပင်တားမြစ်ချက်ကို အာခံပြီး ကြာသပတေးနေ့ ညနေပိုင်းက ဘန်ကောက်မြို့မှာ အကြီးဆုံး ဆန္ဒပြပွဲကြီး ပြုလုပ်ခဲ့ပါတယ်။“ကျွန်တော် နုတ်မထွက်ပါဘူး” လို့ ကက်ဘိနက် အရေးပေါ် အစည်းအဝေးအပြီး သတင်းထောက်တွေကို ပရာယွတ်က ပြောဆိုခဲ့ပါတယ်။ “အစိုးရအနေနဲ့ အရေးပေါ် အမိန့်ဒီကရီကို အသုံးပြုသွားပါမယ်။

အခြေအနေတွေက အကြမ်းဖက်အသွင်ဖြစ်လာတာကြောင့် ကျွန်တော်တို့ ဆက်ကျင့်သုံးပါမယ်။ ရက် ၃၀ လောက် အသုံးပြုမှာဖြစ်ပြီး အခြေအနေတွေ လျော့ပါးသွားရင်တော့ ဒီထက် ရက်နည်းပါမယ်” လို့၎င်းက ပြောဆိုခဲ့ပါတယ်။ အရေးပေါ် ဥပေဒေ စည်းမျဉ်းတွေကို မချိုးဖောက်ကြဖို့ ၎င်းက လူထုကို သတိပေးခဲ့ပြီး စောင့်ကြည့်နေမှာဖြစ်ကြောင်းနဲ့ အမှားအယွင်းလုပ်လာခဲ့ပါက ဥပဒေအတိုင်း လုပ်ဆောင်သွားမှာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။၂၀၁၄ ခုနှစ် အဏာသိမ်းမှုနဲ့ နိုင်ငံအာဏာစတင်ရယူခဲ့တဲ့ ပရာယွတ်ကို ဆန္ဒပြသူတွေက ရာထူးက ဖယ်ရှားနိုင်ဖို့ကြိုးပမ်းနေပြီး သူဟာ အာဏာဆက်လက်တည်မြဲနေဖို့အတွက် ပြီးခဲ့တဲ့နှစ်က ရွေးကောက်ပွဲကို လိုသလိုပုံဖော်လုပ်ဆောင်ခဲ့တယ်လို့ ဆန္ဒပြသူတွေက ပြောဆိုပါတယ်။ပရာယွတ်ကတော့ ရွေးကောက်ပွဲဟာ တရားမျှတခဲ့ကြောင်း ပြောဆိုပါတယ်။ ဒါ့အပြင် ဆန္ဒပြသူတွေဟာ စစ်အုပ်ချုပ်ရေးအောက်မှာ ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေကို အစားထိုးဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ရေးဆွဲရေးကိုလည်း တောင်းဆိုခဲ့ကြပါတယ်။

zawgyi version

ပိတ္ပင္ တားျမစ္ခ်က္ကို အာခံကာ ဆႏၵျပမႈေတြဆက္လက္ျဖစ္ေပၚေနၿပီး ရာထူးက ႏုတ္ထြက္မွာမဟုတ္ဟု ထိုင္း ဝန္ႀကီးခ်ဳပ္ ေျပာဆိုခဲ့ပါသည္။ဆႏၵျပမႈေတြအေပၚ ပိတ္ပင္တားျမစ္ခ်က္ကို အာခံကာ ေထာင္နဲ႔ခ်ီတဲ့ အစိုးရ ဆန႔္က်င္ ဆႏၵျပမႈေတြ ေပၚေပါက္လာခဲ့ၿပီးေနာက္ သူ ရာထူးက ႏုတ္ထြက္ျခင္းမရွိေၾကာင္းနဲ႔ ဥပေဒကို ဖီဆန္တာေတြ မလုပ္ဖို႔ ထိုင္း ဝန္ႀကီးခ်ဳပ္ ပရာယြတ္ ခ်န္အိုခ်ာက ဆႏၵျပသူေတြကို သတိေပးခဲ့ပါတယ္။


ပရာယြတ္ ရာထူးႏုတ္ထြက္ေပးေရး ဘုရင္မင္းျမတ္ မဟာဝီဇရေလာင္ကြန္းရဲ့ လုပ္ပိုင္ခြင့္ အာဏာေတြ ေလၽွာ့ခ်ေရး ေတာင္းဆိုတဲ့ ဆႏၵျပမႈေတြ ေပၚေပါက္ေနတာ းလနီးပါးၾကာလာၿပီး ၾကာသပေတးေန႔မနက္အေစာပိုင္းမွာေတာ့ လူ ငါးဦးထက္ပိုၿပီး လူစုလူေဝးမလုပ္ရ တားျမစ္ခ်က္ကို ျပဌာန္းခဲ့ပါတယ္။ ဆႏၵျပသူေတြဟာ ပိတ္ပင္တားျမစ္ခ်က္ကို အာခံၿပီး ၾကာသပေတးေန႔ ညေနပိုင္းက ဘန္ေကာက္ၿမိဳ႕မွာ အႀကီးဆုံး ဆႏၵျပပြဲႀကီး ျပဳလုပ္ခဲ့ပါတယ္။“ကၽြန္ေတာ္ ႏုတ္မထြက္ပါဘူး” လို႔ ကက္ဘိနက္ အေရးေပၚ အစည္းအေဝးအၿပီး သတင္းေထာက္ေတြကို ပရာယြတ္က ေျပာဆိုခဲ့ပါတယ္။ “အစိုးရအေနနဲ႔ အေရးေပၚ အမိန႔္ဒီကရီကို အသုံးျပဳသြားပါမယ္။

အေျခအေနေတြက အၾကမ္းဖက္အသြင္ျဖစ္လာတာေၾကာင့္ ကၽြန္ေတာ္တို႔ ဆက္က်င့္သုံးပါမယ္။ ရက္ ၃၀ ေလာက္ အသုံးျပဳမွာျဖစ္ၿပီး အေျခအေနေတြ ေလ်ာ့ပါးသြားရင္ေတာ့ ဒီထက္ ရက္နည္းပါမယ္” လို႔၎က ေျပာဆိုခဲ့ပါတယ္။ အေရးေပၚ ဥေပေဒ စည္းမ်ဥ္းေတြကို မခ်ိဳးေဖာက္ၾကဖို႔ ၎က လူထုကို သတိေပးခဲ့ၿပီး ေစာင့္ၾကည့္ေနမွာျဖစ္ေၾကာင္းနဲ႔ အမွားအယြင္းလုပ္လာခဲ့ပါက ဥပေဒအတိုင္း လုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း ဆိုခဲ့ပါတယ္။၂၀၁၄ ခုႏွစ္ အဏာသိမ္းမႈနဲ႔ နိုင္ငံအာဏာစတင္ရယူခဲ့တဲ့ ပရာယြတ္ကို ဆႏၵျပသူေတြက ရာထူးက ဖယ္ရွားနိုင္ဖို႔ႀကိဳးပမ္းေနၿပီး သူဟာ အာဏာဆက္လက္တည္ျမဲေနဖို႔အတြက္ ၿပီးခဲ့တဲ့ႏွစ္က ေရြးေကာက္ပြဲကို လိုသလိုပုံေဖာ္လုပ္ေဆာင္ခဲ့တယ္လို႔ ဆႏၵျပသူေတြက ေျပာဆိုပါတယ္။ပရာယြတ္ကေတာ့ ေရြးေကာက္ပြဲဟာ တရားမၽွတခဲ့ေၾကာင္း ေျပာဆိုပါတယ္။ ဒါ့အျပင္ ဆႏၵျပသူေတြဟာ စစ္အုပ္ခ်ဳပ္ေရးေအာက္မွာ ေရးဆြဲခဲ့တဲ့ အေျခခံဥပေဒကို အစားထိုးဖို႔ ဖြဲ႕စည္းပုံ အေျခခံဥပေဒသစ္ ေရးဆြဲေရးကိုလည္း ေတာင္းဆိုခဲ့ၾကပါတယ္။