ကွယ်လွန်သွားတဲ့ ဖခင်နဲ့ အဖြစ်ချင်းတိုက်ဆိုက်နေတဲ့ မီးမီးခဲရဲ့ နာရေးသတင်းအတွက် စိတ်မကောင်းကြောင်းပြောလာတဲ့ ဥက္ကာမင်းမောင်

သရုပ်ဆောင် ဥက္ကာမင်းမောင်ကတော့ အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးသွားခဲ့ပြီး အမေရိကန်နိုင်ငံမှာ အခြေချနေထိုင်နေခဲ့တာပဲ ဖြစ်ပါတယ်။ ဥက္ကာမင်းမောင်က သူကိုယ်တိုင် တိုင်းတစ်ပါးကိုရောက်ရှိနေပေမယ့် သူချစ်တဲ့ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ အနုပညာညီအစ်ကိုမောင်နှမတွေအပေါ်မှာလည်း သံယောဇဉ်ကြီးမားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ဥက္ကာမင်းမောင်က သူ့ရဲ့ ဖခင်နဲ့ အဖြစ်ချင်းတူနေတဲ့ မီးမီးခဲအတွက် ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်း အခုလိုပဲ ပြောလာပါတယ်။

“မမီးမီးခဲ ကောင်းရာသုဂတိလားပါစေ.. စိတ်မကောင်းပါဘူး.. ကြယ်ကြွေလမ်းခွဲနဲ့ ငါ့အကြောင်းနဲ့ ငါ့ကံ သီချင်းတွေအခုထိဖုန်းထဲမှာ ရှိပြီး နားထောင်တုန်းပါ.. သူတို့ ညီအမ နှစ်ယောက်လုံးကို အရမ်း ကြိုက်ခဲ့တာငယ်ငယ်ထဲက အခုထိ.. အေးချမ်းပါစေ.. ကျွန်တော့်အဖေလိုပဲ ကင်ဆာက သူ့ဘဝကြီးကို အနိုင်ပိုင်းသွားပြီပေါ့နော်။ တနေ့လုံးရင်ထဲ မကောင်းလို့ မမီးမီးခဲ သီချင်းတွေထိုင်နားထောင်နေတာ.. လူသေသွားပေမယ့် သူ့အသံလေးကတော့ ထာဝရ သူ့ပရိတ်သတ်ရင်ထဲ စွဲကျန်နေခဲ့မှာပါ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် ဝမ်းနည်းစိတ်မကောင်းဖြစ်တဲ့အကြောင်းကို ပြောလာပါတယ်။

ဥက္ကာမင်းမောင်ကတော့ ရင်သားကင်ဆာနဲ့ ကွယ်လွန်သွားတဲ့ မီးမီးခဲရဲ့အဖြစ်ကြောင့် ဖခင်ဖြစ်သူကိုပါ လွမ်းဆွတ်သွားခဲ့တာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

zawgyi version

သရုပ္ေဆာင္ ဥကၠာမင္းေမာင္ကေတာ့ အနုပညာအလုပ္ေတြနဲ့ အလွမ္းေဝးသြားခဲ့ျပီး အေမရိကန္နိုင္ငံမွာ အေျခခ်ေနထိုင္ေနခဲ့တာပဲ ျဖစ္ပါတယ္။ ဥကၠာမင္းေမာင္က သူကိုယ္တိုင္ တုိင္းတစ္ပါးကိုေရာက္ရိွေနေပမယ့္ သူခ်စ္တဲ့ မိတ္ေဆြ သူငယ္ခ်င္းေတြနဲ့ အနုပညာညီအစ္ကိုေမာင္နွမေတြအေပၚမွာလည္း သံေယာဇဥ္ၾကီးမားသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ဒီကေန့မွာလည္း ဥကၠာမင္းေမာင္က သူ့ရဲ့ ဖခင္နဲ့ အျဖစ္ခ်င္းတူေနတဲ့ မီးမီးခဲအတြက္ ဝမ္းနည္းစိတ္မေကာင္းျဖစ္ရေၾကာင္း အခုလိုပဲ ေျပာလာပါတယ္။

“မမီးမီးခဲ ေကာင္းရာသုဂတိလားပါေစ.. စိတ္မေကာင္းပါဘူး.. ၾကယ္ေႂကြလမ္းခြဲနဲ႔ ငါ့အေၾကာင္းနဲ႔ ငါ့ကံ သီခ်င္းေတြအခုထိဖုန္းထဲမွာ ရွိၿပီး နားေထာင္တုန္းပါ.. သူတို႔ ညီအမ ႏွစ္ေယာက္လုံးကို အရမ္း ႀကိဳက္ခဲ့တာငယ္ငယ္ထဲက အခုထိ.. ေအးခ်မ္းပါေစ.. ကြၽန္ေတာ့္အေဖလိုပဲ ကင္ဆာက သူ႔ဘဝႀကီးကို အႏိုင္ပိုင္းသြားၿပီေပါ့ေနာ္။ တေန႔လုံးရင္ထဲ မေကာင္းလို႔ မမီးမီးခဲ သီခ်င္းေတြထိုင္နားေထာင္ေနတာ.. လူေသသြားေပမယ့္ သူ႔အသံေလးကေတာ့ ထာဝရ သူ႔ပရိတ္သတ္ရင္ထဲ စြဲက်န္ေနခဲ့မွာပါ” ဆိုျပီး သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာကေနတဆင့္ ဝမ္းနည္းစိတ္မေကာင္းျဖစ္တဲ့အေၾကာင္းကို ေျပာလာပါတယ္။

ဥကၠာမင္းေမာင္ကေတာ့ ရင္သားကင္ဆာနဲ့ ကြယ္လြန္သြားတဲ့ မီးမီးခဲရဲ့အျဖစ္ေၾကာင့္ ဖခင္ျဖစ္သူကိုပါ လြမ္းဆြတ္သြားခဲ့တာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။