မဆုံးခင် ရက်ပိုင်းအလိုက ဆေးရုံပေါ်မှာပဲ သီချင်းသစ် တစ်ပုဒ်ကို ဖုန်းနဲ့အသံသွင်းခဲ့ပြီး ပရိသတ်တွေ အတွက် ချန်ရစ်ခဲ့တဲ့ မီးမီးခဲ

ဂီတမှူး၊ တေးရေးဆရာ စောဘွဲ့မှူးရဲ့ သမီးဖြစ်သူ မီးမီးခဲ ကတော့ ဖခင်ဖြစ်သူရဲ့ ခြေရာကိုနင်းပြီး သီချင်းတွေသီဆိုခဲ့ရာ ဂီတလောကမှာ တောက်ပတဲ့ ကြယ်ပွင့်တစ်ပွင့်ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။ စိတ်မကောင်းစရာတစ်ခုက မီးမီးခဲက မနေ့က အောက်တိုဘာလ (၁၆) ရက်နေ့မှာပဲ ကင်ဆာရောဂါအခံကြောင့် ဆေးရုံပေါ်မှာ ဆေးကုသမှုခံယူနေရင်းနဲ့ပဲ ကွယ်လွန်သွား ခဲ့တာပဲ ဖြစ်ပါတယ်။ မီးမီးခဲက ဂီတကို ဝါသနာကြီးသူတစ်ယောက်ပီပီ မကွယ်လွန်မီ ရက်ပိုင်းအလိုက ဆေးရုံပေါ်မှာပဲ သီချင်းသစ်တစ်ပုဒ်ကို ဖုန်းလေးနဲ့ အသံသွင်းခဲ့တယ်လို့ သိရပါတယ်။


“မီးခဲ…မဆုံးခင် ရက်ပိုင်းအလိုမှာ ဆရာဒေါမနစ် ဆီကသီချင်းလေး တစ်ပုဒ်တောင်းခဲ့ပြီး ကျွန်တော့်ကိုစီစဉ်ပေးဖို့ပြောခဲ့လို့ Mung Pi ကိုတီးခိုင်းပြီး ပြန်ပို့ပေးခဲ့တယ်။ သူအိမ်ပြန်ရောက်တဲ့ခါ သေချာဆိုမယ်ဆိုပြီး စီစဉ်ထားပေမယ့် ရောဂါပိုဆိုးလာလို့ ဆရာဝန်ကအိမ်ပေးမပြန်တော့ဘူး။ ဒါကြောင့် ဖုန်းလေးနဲ့ ဆေးရုံပေါ်မှာ သူအကြမ်းဆိုထားခဲ့တာလေးပဲကျန်ခဲ့ပါတယ်။ ကိုအောင်ဒူး ကို Mixing ဆွဲပေးဖို့ ပြောထားပါတယ်။ ဒီသီချင်းလေးက သူ့အတွက် နောက်ဆုံး(နောက်ဆုံး )ဆိုခဲ့တဲ့ သီချင်းလေးအဖြစ် ကျန်နေခဲ့မှာပါ။ အားလုံးပြီးတဲ့အခါ သူ့အမျိုးသား Brice သူဆန္ဒရှိသလို ထုတ်လွှင့်ဖို့ ပြန်ပို့ပေးသွားပါမယ်…” ဆိုပြီး တေးရေးစံပီးက ပြောထားပါတယ်။


မီးမီးခဲကတော့ မကွယ်လွန်ခင်အချိန်လေးမှာတော့ ပရိသတ်တွေ အတွက် သီချင်းတစ်ပုဒ်ကို ကြိုးစားပြီး အသံသွင်းခဲ့တာပဲ ဖြစ်ပါတယ်။ မီးမီးခဲရဲ့ အမျိုးသားကသာ သီချင်းကို ထုတ်လုပ်ဖို့ ဆန္ဒရှိမယ်ဆိုရင် ဒီသီချင်လေးကို ပရိသတ်တွေ နားဆင်ရမှာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

crd

zawgyi version

ဂီတမႉး၊ ေတးေရးဆရာ ေစာဘြဲ႕မႉးရဲ႕ သမီးျဖစ္သူ မီးမီးခဲ ကေတာ့ ဖခင္ျဖစ္သူရဲ႕ ေျခရာကိုနင္းၿပီး သီခ်င္းေတြသီဆိုခဲ့ရာ ဂီတေလာကမွာ ေတာက္ပတဲ့ ၾကယ္ပြင့္တစ္ပြင့္ျဖစ္ခဲ့တာပဲ ျဖစ္ပါတယ္။ စိတ္မေကာင္းစရာတစ္ခုက မီးမီးခဲက မေန႔က ေအာက္တိုဘာလ (၁၆) ရက္ေန႔မွာပဲ ကင္ဆာေရာဂါအခံေၾကာင့္ ေဆး႐ုံေပၚမွာ ေဆးကုသမႈခံယူေနရင္းနဲ႔ပဲ ကြယ္လြန္သြား ခဲ့တာပဲ ျဖစ္ပါတယ္။ မီးမီးခဲက ဂီတကို ဝါသနာႀကီးသူတစ္ေယာက္ပီပီ မကြယ္လြန္မီ ရက္ပိုင္းအလိုက ေဆး႐ုံေပၚမွာပဲ သီခ်င္းသစ္တစ္ပုဒ္ကို ဖုန္းေလးနဲ႔ အသံသြင္းခဲ့တယ္လို႔ သိရပါတယ္။


“မီးခဲ…မဆုံးခင္ ရက္ပိုင္းအလိုမွာ ဆရာေဒါမနစ္ ဆီကသီခ်င္းေလး တစ္ပုဒ္ေတာင္းခဲ့ၿပီး ကြၽန္ေတာ့္ကိုစီစဥ္ေပးဖို႔ေျပာခဲ့လို႔ Mung Pi ကိုတီးခိုင္းၿပီး ျပန္ပို႔ေပးခဲ့တယ္။ သူအိမ္ျပန္ေရာက္တဲ့ခါ ေသခ်ာဆိုမယ္ဆိုၿပီး စီစဥ္ထားေပမယ့္ ေရာဂါပိုဆိုးလာလို႔ ဆရာဝန္ကအိမ္ေပးမျပန္ေတာ့ဘူး။ ဒါေၾကာင့္ ဖုန္းေလးနဲ႔ ေဆး႐ုံေပၚမွာ သူအၾကမ္းဆိုထားခဲ့တာေလးပဲက်န္ခဲ့ပါတယ္။ ကိုေအာင္ဒူး ကို Mixing ဆြဲေပးဖို႔ ေျပာထားပါတယ္။ ဒီသီခ်င္းေလးက သူ႔အတြက္ ေနာက္ဆုံး(ေနာက္ဆုံး )ဆိုခဲ့တဲ့ သီခ်င္းေလးအျဖစ္ က်န္ေနခဲ့မွာပါ။ အားလုံးၿပီးတဲ့အခါ သူ႔အမ်ိဳးသား Brice သူဆႏၵရွိသလို ထုတ္လႊင့္ဖို႔ ျပန္ပို႔ေပးသြားပါမယ္…” ဆိုၿပီး ေတးေရးစံပီးက ေျပာထားပါတယ္။

မီးမီးခဲကေတာ့ မကြယ္လြန္ခင္အခ်ိန္ေလးမွာေတာ့ ပရိသတ္ေတြ အတြက္ သီခ်င္းတစ္ပုဒ္ကို ႀကိဳးစားၿပီး အသံသြင္းခဲ့တာပဲ ျဖစ္ပါတယ္။ မီးမီးခဲရဲ႕ အမ်ိဳးသားကသာ သီခ်င္းကို ထုတ္လုပ္ဖို႔ ဆႏၵရွိမယ္ဆိုရင္ ဒီသီခ်င္ေလးကို ပရိသတ္ေတြ နားဆင္ရမွာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

crd