ရိုးသားပြီးချစ်စရာကောင်းတဲ့ သူငယ်ချင်းလေး မီးမီးခဲအတွက် စိတ်မကောင်းကြီးစွာဖြစ်နေရတဲ့ R ဇာနည်

အဆိုတော် R ဇာနည် နဲ့ မီးမီးခဲကတော့ ခေတ်ပြိုင်အဆိုတော်တွေပီပီ တစ်ချိန်က စတိတ်ရှိုးတွေတော်တော်များများမှာ ဆုံဖြစ်ခဲ့ကြတဲ့ အဆိုတော်နှစ်ယောက်ပဲ ဖြစ်ပါတယ်။ R ဇာနည် နဲ့ မီးမီးခဲက စုံတွဲတေးသီချင်းတွေများစွာမှာလည်း ပရိသတ်ကြိုက်နှစ်သက်အားပေးမှုကို ခံခဲ့ရတဲ့ အဆိုတော်တွေပဲ ဖြစ်ပါတယ်။ မနေ့က အောက်တိုဘာလ (၁၆) ရက်နေ့မှာတော့ မီးမီးခဲက ကွယ်လွန်သွားခဲ့ပြီဖြစ်ပြီး R ဇာနည်ကလည်း သူ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းအတွက် ဝမ်းနည်းစိတ်မကောင်းဖြစ်နေတာပဲ ဖြစ်ပါတယ်။

R ဇာနည်က “R.I.P မီးမီးခဲ… အလုပ်တွေအများကြီး အတူတွဲလုပ်ခဲဖူးတယ်။ ခရီးတွေအစုံသွားခဲ့ကြဖူးတယ်။ အမှတ်တရတွေအများကြီးရှိကြတယ်။ ရိုးသားပြီးချစ်စရာကောင်းတဲ့သူငယ်ချင်းရေ… ကောင်းကင်ဘုံမှာ အေးချမ်းပါစေ။ မတွေ့တာကြာပြီး ပြန်တွေ့တာတစ်နှစ်အတိပဲ။ ပြီးခဲ့တဲ့နှစ်ဒီလိုအချိန်တွေ့ကြတယ်။ သီချင်းတွေဆိုကြတယ် အမှတ်တရပါပဲ။ အလုပ်လုပ်နေရင်းသတင်းတွေတက်လာတယ်။ တို့ဘဝတွေကဒီလိုပါပဲ …..မိသားစုနဲ့ထပ်တူဝမ်းနဲစွာဖြင့်….” ဆိုပြီး ဝမ်းနည်းစကား ဆိုထားပါတယ်။

R ဇာနည်ကတော့ သူငယ်ချင်း မီးမီးခဲအတွက် တော်တော်လေး စိတ်ထိခိုက်ဝမ်းနည်းနေရတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း R ဇာနည်ရဲ့ ထပ်တူ ဝမ်းနည်းစိတ်မကောင်းဖြစ်နေကြမယ်လို့ မျှော်လင့်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

zawgyi version

အဆိုေတာ္ R ဇာနည္ နဲ့ မီးမီးခဲကေတာ့ ေခတ္ျပိဳင္အဆိုေတာ္ေတြပီပီ တစ္ခ်ိန္က စတိတ္ရိႈးေတြေတာ္ေတာ္မ်ားမ်ားမွာ ဆံုျဖစ္ခဲ့ၾကတဲ့ အဆိုေတာ္နွစ္ေယာက္ပဲ ျဖစ္ပါတယ္။ R ဇာနည္ နဲ့ မီးမီးခဲက စံုတြဲေတးသီခ်င္းေတြမ်ားစြာမွာလည္း ပရိသတ္ၾကိဳက္နွစ္သက္အားေပးမႈကို ခံခဲ့ရတဲ့ အဆိုေတာ္ေတြပဲ ျဖစ္ပါတယ္။ မေန့က ေအာက္တိုဘာလ (၁၆) ရက္ေန့မွာေတာ့ မီးမီးခဲက ကြယ္လြန္သြားခဲ့ျပီျဖစ္ျပီး R ဇာနည္ကလည္း သူ့ရဲ့ အရင္းနွီးဆံုး သူငယ္ခ်င္းအတြက္ ဝမ္းနည္းစိတ္မေကာင္းျဖစ္ေနတာပဲ ျဖစ္ပါတယ္။

R ဇာနည္က “R.I.P မီးမီးခဲ… အလုပ္ေတြအမ်ားႀကီး အတူတြဲလုပ္ခဲဖူးတယ္။ ခရီးေတြအစုံသြားခဲ့ၾကဖူးတယ္။ အမွတ္တရေတြအမ်ားႀကီးရွိၾကတယ္။ ႐ိုးသားၿပီးခ်စ္စရာေကာင္းတဲ့သူငယ္ခ်င္းေရ… ေကာင္းကင္ဘုံမွာ ေအးခ်မ္းပါေစ။ မေတြ႕တာၾကာၿပီး ျပန္ေတြ႕တာတစ္ႏွစ္အတိပဲ။ ၿပီးခဲ့တဲ့ႏွစ္ဒီလိုအခ်ိန္ေတြ႕ၾကတယ္။ သီခ်င္းေတြဆိုၾကတယ္ အမွတ္တရပါပဲ။ အလုပ္လုပ္ေနရင္းသတင္းေတြတက္လာတယ္။ တို႔ဘဝေတြကဒီလိုပါပဲ …..မိသားစုနဲ႔ထပ္တူဝမ္းနဲစြာျဖင့္….” ဆိုျပီး ဝမ္းနည္းစကား ဆိုထားပါတယ္။

R ဇာနည္ကေတာ့ သူငယ္ခ်င္း မီးမီးခဲအတြက္ ေတာ္ေတာ္ေလး စိတ္ထိခိုက္ဝမ္းနည္းေနရတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း R ဇာနည္ရဲ့ ထပ္တူ ဝမ္းနည္းစိတ္မေကာင္းျဖစ္ေနၾကမယ္လို့ ေမွ်ာ္လင့္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။