ကပ်ဘေးကို အန်တုရင်ဆိုင်နေတဲ့ အခန်းငယ်လေးထဲက အထီးကျန်အမေအို

ဘိုးဘွားမိဘတွေဆီ ကိုဗစ်ပိုးမကူးအောင် လူငယ်တွေက ဂရုတစိုက်နေထိုင်နေရသလို အရိပ်တကြည့်ကြည့်နဲ့လည်း စောင့်ရှောက်နေရပါတယ်။ အခုအချိန်မှာ ကိုဗစ်ဗိုင်းရပ်စ်ပိုးဟာ သက်ကြီးရွယ်အိုတွေကို ပိုပြီးအထိနာစေတာကြောင့်

အများစုဟာ ကိုယ့်အိမ်က မိဘဘိုးဘွားတွေကို ဂရုတစိုက်နဲ့ စောင့်ရှောက်နေရတဲ့ကာလပါ။ ဒါပေမယ့် အသက် ၇၂အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်ညိုမှာတော့ သူ့အခန်းကျဉ်းလေးထဲမှာ သက်မဲ့စက်ချုပ်စက်လေးတစ်လုံးကလွဲလို့ အဖော်ရှိမနေပါဘူး။

ဒေါ်ညို ဒီအခန်းငယ်လေးထဲမှာ စက်ချုပ်စက်ကလေးအဖော်ပြုနေလာခဲ့တာ ကြာခဲ့ပါပြီလေ။ ဒေါ်ညိုက မြင်းခြံဇာတိ။ ပုလိပ်ချည်မျှင်စက်ရုံစတင်လည်ပတ်တော့ ၎င်း၏ခင်ပွန်းဖြစ်သူက စက်ရုံလုပ်သားအဖြစ် လာရောက်လုပ်ကိုင်ရင်းလက်ရှိနေထိုင်ရာ

မန္တလေးမြို့ ၇၂လမ်း ၃၂လမ်းထောင့်ရှိ စိတ္တရမဟီ ရပ်ကွက်အတွင်းသို့ ပြောင်းရေ့ွှနေထိုင်လာခဲ့ကြတာ အခုဆို နှစ်ပေါင်း ၅၀ကျော်ခဲ့ပြီ။ ဒေါ်ညိုတို့မိသားစုလေးဟာ သားလေးယောက်နှင့် ပျော်ရွှင်စရာမိသားစုလေးအဖြစ် ဖြတ်သန်းခဲ့ရဖူးပါတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့ ၁၅နှစ်မှာ ဒေါ်ညိုခင်ပွန်းကွယ်လွန်သွားခဲ့တယ်။ မုဆိုးမဘဝနဲ့ သားလေးယောက်မိခင်ဒေါ်ညိုဟာ စက်ကလေးချုပ်ရင်း ရုန်းကန်ခဲ့ပါသေးတယ်။ သားလေးယောက်ဟာလည်း အကြောင်းအမျိုးမျိုးတွေကြောင့် ဒေါ်ညိုနဲ့ သေကွဲတွေကွဲကွာသွားခဲ့ကြတယ်။

နောက်ဆုံးတော့ အခန်းကျဉ်းလေးထဲမှာ ဒေါ်ညိုတစ်ယောက်တည်း ကျန်ခဲ့ပြီး တစ်ယောက်တည်းနေလာတာ ခုဆို ၅ နှစ်ကျော်ပြီပေါ့။ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်၁၉ ဖြစ်ပွားချိန်မှာတော့ အားလုံးစီးပွားရေးလုပ်ငန်းများထိုက်ခိုက်မှုများရှိရာ ဒေါ်ညိုလဲ ပါဝင်လာခဲ့တယ်။

၎င်းနေထိုင်ရာ ၈ပေပတ်လည်ဆိုင်ခန်းလေးအား နှစ်စဉ် လိုင်စင်ခွန်နှင့်လစဉ်ကြေးပေးဖို့ပါ ဒေါ်ညိုအခက်အခဲရှိလာတယ်။ ၎င်းဆိုင်လေးမှ ရှာဖွေစုဆောင်းထားသည့် ငွေကြေးအနည်းငယ်နဲ့ ယခင်ကအများလာရောက်ပေးကမ်းလှူဒါန်းကြသည့်ငွေကြေးများကလည်း

စားသောက်စရိတ်အတွက်ပါသွားခဲ့တယ်။ ကိုဗစ်ကာလ စားရေးသောက်ရေးအတွက် ရပ်ကွက်မှ ပေးသည့် ဆန် ဆီဆား ထောက်ပံ့ကြေးများရရှိသလို စေတနာရှင်အချို့က စားစရာများလာရောက်ပေးကမ်းသည့်အတွက် စားရေးမှာအဆင်ပြေသော်လည်း

နှစ်စဉ် မြို့တော်စည်ပင်အခွန်ဌာနသို့ပေးသွင်းနေရသည့် လိုင်စင်ခွန်နှင့် လစဉ်ကြေး၂သိန်း ၈သောင်းကျပ်ကို မပေးသွင်းနိုင်လျှင် ၎င်းနေထိုင်ရာနေရာလေး ပျောက်သွားမည်ကို လည်း အဖွားအို ဒေါ်ညိုတစ်ယောက် ရတက်မအေးနိုင်ဘဲရှိနေတယ်။

အဖွားဒေါ်ညိုဟာ ၎င်း၏ ၈ပေပတ်လည် အခမ်းလေးနေစရာပျောက်သွားမှာ စိုးရိမ်နေသည့်အကြောင်းတရားကလည်း လမ်းပေါ်မှ တခြားသူများလာရောက်စွန့်ပစ်ထားသည့် ကြောင်ကလေးများနှင့် ခွေးလေးများအား ခေါ်ယူမွေးစားထားသည့်အတွက် ၎င်းတို့

ခိုကိုးရာမဲ့သွားမယ့်အရေးကိုလည်း တွေးပူနေပါတယ်။ယခင်အချိန်များက တစ်နေကုန် တစ်ကုတ်ကုတ်အပ်ထည်တွေနဲ့ အလုပ်ရှုပ်နေတက်တဲ့ ဒေါ်ညိုတစ်ယောက် လက်ရှိကိုဗစ်ကာလမှာတော့ အပ်ထည်အပ်မည့်သူများကို မျှော်နေရပါတယ်။

တစ်ယောက်တည်း စိတ်ဓါတ်မကျစေဖို့ ကိုးကွယ်ရာ တရားစာများ ဖတ်ကာကိုယ့်ကိုယ်ကို အားပေးနေနေလေ့ရှိတယ်။ ရပ်ကွက်နှင့် တခြားလာရောက်ကျွေးမွေးကြသူများအတွက်လည်း အဖွားဒေါ်ညိုသည့် နေ့စဉ်ဘုရားဝတ်တက်ကာ အမျှပေးဝေဆုတောင်းပေးတတ်တယ်။

တခါတရံတော့ သားတွေကို သတိရလို့ မျက်ရည်ဝဲကာ ဓါတ်ပုံလေးတွေထုတ်ကြည့်ပြီး မျက်ရည်ဝဲချင်ဝဲနေတတ်တယ်။ လက်ရှိအချိန်မှာတော့ ဒေါ်ညိုဟာ အဆိုပါ ၈ပေပတ်လည် စက်ချုပ်ဆိုင်လေးထဲတွင်တစ်ဦးတည်းနေထိုင်ကာ ၎င်း၏ဖောက်သည်တို့အပ်သည့် လူကြီးအထည် (ရင်ဖုန်းအကျီ)လေးများကို ချုပ်ရင်း

ရပ်ကွက်အတွင်းမှ ချုပ်ခိုင်းသည့် အထက်ဆင်တပ်ခြင်း အပေါက်အပြဲ အထည်လေးများကိုလည်း ထမင်းဖိုးဟင်းဖိုးအဖြစ်ချုပ်ကာ ဒေါ်ညိုတစ်ယောက် ကပ်ဘေးကို တစ်ယောက်တည်း ရင်ဆိုင်ရင်း ဘဝကို ဖြတ်သန်းလျက်ရှိနေပါတယ်။ ခရက်ဒစ် zaw Zaw

zawgyi version

ဘိုးဘြားမိဘေတြဆီ ကိုဗစ္ပိုးမကူးေအာင္ လူငယ္ေတြက ဂ႐ုတစိုက္ေနထိုင္ေနရသလို အရိပ္တၾကည့္ၾကည့္နဲ႕လည္း ေစာင့္ေရွာက္ေနရပါတယ္။ အခုအခ်ိန္မွာ ကိုဗစ္ဗိုင္းရပ္စ္ပိုးဟာ သက္ႀကီး႐ြယ္အိုေတြကို ပိုၿပီးအထိနာေစတာေၾကာင့္

အမ်ားစုဟာ ကိုယ့္အိမ္က မိဘဘိုးဘြားေတြကို ဂ႐ုတစိုက္နဲ႕ ေစာင့္ေရွာက္ေနရတဲ့ကာလပါ။ ဒါေပမယ့္ အသက္ ၇၂အ႐ြယ္ရွိၿပီျဖစ္တဲ့ ေဒၚညိုမွာေတာ့ သူ႕အခန္းက်ဥ္းေလးထဲမွာ သက္မဲ့စက္ခ်ဳပ္စက္ေလးတစ္လုံးကလြဲလို႔ အေဖာ္ရွိမေနပါဘူး။

ေဒၚညို ဒီအခန္းငယ္ေလးထဲမွာ စက္ခ်ဳပ္စက္ကေလးအေဖာ္ျပဳေနလာခဲ့တာ ၾကာခဲ့ပါၿပီေလ။ ေဒၚညိုက ျမင္းၿခံဇာတိ။ ပုလိပ္ခ်ည္မွ်င္စက္႐ုံစတင္လည္ပတ္ေတာ့ ၎၏ခင္ပြန္းျဖစ္သူက စက္႐ုံလုပ္သားအျဖစ္ လာေရာက္လုပ္ကိုင္ရင္းလက္ရွိေနထိုင္ရာ

မႏၲေလးၿမိဳ႕ ၇၂လမ္း ၃၂လမ္းေထာင့္ရွိ စိတၱရမဟီ ရပ္ကြက္အတြင္းသို႔ ေျပာင္းေ႐့ႊေနထိုင္လာခဲ့ၾကတာ အခုဆို ႏွစ္ေပါင္း ၅၀ေက်ာ္ခဲ့ၿပီ။ ေဒၚညိုတို႔မိသားစုေလးဟာ သားေလးေယာက္ႏွင့္ ေပ်ာ္႐ႊင္စရာမိသားစုေလးအျဖစ္ ျဖတ္သန္းခဲ့ရဖူးပါတယ္။

ဒါေပမယ့္ လြန္ခဲ့တဲ့ ၁၅ႏွစ္မွာ ေဒၚညိုခင္ပြန္းကြယ္လြန္သြားခဲ့တယ္။ မုဆိုးမဘ၀နဲ႕ သားေလးေယာက္မိခင္ေဒၚညိုဟာ စက္ကေလးခ်ဳပ္ရင္း ႐ုန္းကန္ခဲ့ပါေသးတယ္။ သားေလးေယာက္ဟာလည္း အေၾကာင္းအမ်ိဳးမ်ိဳးေတြေၾကာင့္ ေဒၚညိုနဲ႕ ေသကြဲေတြကြဲကြာသြားခဲ့ၾကတယ္။

ေနာက္ဆုံးေတာ့ အခန္းက်ဥ္းေလးထဲမွာ ေဒၚညိုတစ္ေယာက္တည္း က်န္ခဲ့ၿပီး တစ္ေယာက္တည္းေနလာတာ ခုဆို ၅ ႏွစ္ေက်ာ္ၿပီေပါ့။ ကမာၻ႔ကပ္ေရာဂါ ကိုဗစ္၁၉ ျဖစ္ပြားခ်ိန္မွာေတာ့ အားလုံးစီးပြားေရးလုပ္ငန္းမ်ားထိုက္ခိုက္မႈမ်ားရွိရာ ေဒၚညိုလဲ ပါ၀င္လာခဲ့တယ္။

၎ေနထိုင္ရာ ၈ေပပတ္လည္ဆိုင္ခန္းေလးအား ႏွစ္စဥ္ လိုင္စင္ခြန္ႏွင့္လစဥ္ေၾကးေပးဖို႔ပါ ေဒၚညိုအခက္အခဲရွိလာတယ္။ ၎ဆိုင္ေလးမွ ရွာေဖြစုေဆာင္းထားသည့္ ေငြေၾကးအနည္းငယ္နဲ႕ ယခင္ကအမ်ားလာေရာက္ေပးကမ္းလႉဒါန္းၾကသည့္ေငြေၾကးမ်ားကလည္း

စားေသာက္စရိတ္အတြက္ပါသြားခဲ့တယ္။ ကိုဗစ္ကာလ စားေရးေသာက္ေရးအတြက္ ရပ္ကြက္မွ ေပးသည့္ ဆန္ ဆီဆား ေထာက္ပံ့ေၾကးမ်ားရရွိသလို ေစတနာရွင္အခ်ိဳ႕က စားစရာမ်ားလာေရာက္ေပးကမ္းသည့္အတြက္ စားေရးမွာအဆင္ေျပေသာ္လည္း

ႏွစ္စဥ္ ၿမိဳ႕ေတာ္စည္ပင္အခြန္ဌာနသို႔ေပးသြင္းေနရသည့္ လိုင္စင္ခြန္ႏွင့္ လစဥ္ေၾကး၂သိန္း ၈ေသာင္းက်ပ္ကို မေပးသြင္းနိုင္လွ်င္ ၎ေနထိုင္ရာေနရာေလး ေပ်ာက္သြားမည္ကို လည္း အဖြားအို ေဒၚညိုတစ္ေယာက္ ရတက္မေအးနိုင္ဘဲရွိေနတယ္။

အဖြားေဒၚညိုဟာ ၎၏ ၈ေပပတ္လည္ အခမ္းေလးေနစရာေပ်ာက္သြားမွာ စိုးရိမ္ေနသည့္အေၾကာင္းတရားကလည္း လမ္းေပၚမွ တျခားသူမ်ားလာေရာက္စြန႔္ပစ္ထားသည့္ ေၾကာင္ကေလးမ်ားႏွင့္ ေခြးေလးမ်ားအား ေခၚယူေမြးစားထားသည့္အတြက္ ၎တို႔

ခိုကိုးရာမဲ့သြားမယ့္အေရးကိုလည္း ေတြးပူေနပါတယ္။ယခင္အခ်ိန္မ်ားက တစ္ေနကုန္ တစ္ကုတ္ကုတ္အပ္ထည္ေတြနဲ႕ အလုပ္ရႈပ္ေနတက္တဲ့ ေဒၚညိုတစ္ေယာက္ လက္ရွိကိုဗစ္ကာလမွာေတာ့ အပ္ထည္အပ္မည့္သူမ်ားကို ေမွ်ာ္ေနရပါတယ္။

တစ္ေယာက္တည္း စိတ္ဓါတ္မက်ေစဖို႔ ကိုးကြယ္ရာ တရားစာမ်ား ဖတ္ကာကိုယ့္ကိုယ္ကို အားေပးေနေနေလ့ရွိတယ္။ ရပ္ကြက္ႏွင့္ တျခားလာေရာက္ေကြၽးေမြးၾကသူမ်ားအတြက္လည္း အဖြားေဒၚညိုသည့္ ေန႕စဥ္ဘုရား၀တ္တက္ကာ အမွ်ေပးေဝဆုေတာင္းေပးတတ္တယ္။

တခါတရံေတာ့ သားေတြကို သတိရလို႔ မ်က္ရည္ဝဲကာ ဓါတ္ပုံေလးေတြထုတ္ၾကည့္ၿပီး မ်က္ရည္ဝဲခ်င္ဝဲေနတတ္တယ္။ လက္ရွိအခ်ိန္မွာေတာ့ ေဒၚညိုဟာ အဆိုပါ ၈ေပပတ္လည္ စက္ခ်ဳပ္ဆိုင္ေလးထဲတြင္တစ္ဦးတည္းေနထိုင္ကာ ၎၏ေဖာက္သည္တို႔အပ္သည့္ လူႀကီးအထည္ (ရင္ဖုန္းအက်ီ)ေလးမ်ားကို ခ်ဳပ္ရင္း

ရပ္ကြက္အတြင္းမွ ခ်ဳပ္ခိုင္းသည့္ အထက္ဆင္တပ္ျခင္း အေပါက္အၿပဲ အထည္ေလးမ်ားကိုလည္း ထမင္းဖိုးဟင္းဖိုးအျဖစ္ခ်ဳပ္ကာ ေဒၚညိုတစ္ေယာက္ ကပ္ေဘးကို တစ္ေယာက္တည္း ရင္ဆိုင္ရင္း ဘ၀ကို ျဖတ္သန္းလ်က္ရွိေနပါတယ္။ ခရက္ဒစ္ zaw Zaw