တွံတေး သိန်းတန်ရဲ့ နောက်ဆုံး ခရီးအကြောင်း ကို ဆို့နင့်စွာ ပြောပြ ခဲ့ တဲ့ ပထမ ဇနီးဖြစ်သူ အဘွား ဒေါ်ခင်စန်းမြင့်

မြန်မာတေးသံရှင်အဆိုတော်ကြီးတွံတေးသိန်းတန်ဟာဆိုရင် အခုချိန်ထိပရိတ်သတ်တွေရဲ့ရင်ကိုကိုင်လှု ပ်နိုင်စွမ်းရှိသူပဲဖြစ်ပါတယ်။ကွယ် လွန်ခဲ့တာနှစ်ပေါင်းများစွာကြာခဲ့ပြီဆိုပေမဲ့လည်းပရိတ်သတ်တွေကတော့အခုချိန်ထိချစ်ခင်အားပေးနေဆဲဖြစ်သလို သူ့ရဲ့သီချင်းများကလည်းယနေ့ထက်တိုင်အောင်မြင်နေဆဲလူကြိုက်များနေဆဲပါပဲနော်တွံတေးသိန်းတန်ရဲ့ပထမဇနီးဖြစ်သူအဘွားဒေါ်ခင်စန်းမြင့်ကတော့ ကွယ်လွန်သွားခဲ့တဲ့ခင်ပွန်းဟောင်းနဲ့ပက်သက်ပြီးအမှတ်တရတွေထဲကတစ်ခုဖြစ်တဲ့တွံတေးသိန်းတန်ရဲ့နောက်ဆုံးခရီးအကြောင်းကိုအခုလိုပဲပြောပြခဲ့ပါတယ်။

အဘွားဒေါ်ခင်စန်းမြင့်ပြောခဲ့တာကတော့ဦးသိန်းတန်ကဆေးရုံမှာပဲအန်တီ့လက်ထဲမှာပဲဆုံးသွားခဲ့တာအမျိုးတော်တဲ့သူရောအမျိုးမတော်တဲ့သူရောအသုဘကိုလိုက်ပို့ကြ တာပေါ့ဦးသိန်းတန်ကို တော်တော်ကိုချစ်ကြတာပါလူတွေကလည်းအများကြီးပဲအဲ့ဒီ့အချိန်အန်တီကလည်းဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့ ဘူးဆိုကာ တွံတေးသိန်းတန်ရဲ့နောက်ဆုံးခရီးမှာပရိတ်သတ်တွေအများအပြား လိုက်ပါပို့ဆောင်ပေးခဲ့တဲ့အကြောင်းကိုပြောပြခဲ့ပါတယ်။အဘွားဒေါ်ခင်စန်းမြင့်ကလက်ရှိမှာရွှေပေါက္ကံမှာနေထိုင်နေတာနဲ့ပက်သက်ပြီးတော့လည်းအခုလိုပဲဆက်လက်ပြောပြခဲ့ပါတယ်အခုရွှေပေါက္ကံမှာနေတော့လည်းသားသမီးတွေကိုနင်တို့အဖေနဲ့ နီးနီးလေးပဲလို့ငါဒီမှာပဲနေတော့မယ်ဆိုပြီးပြောဖြစ်တယ်တကယ်လည်းအုတ်ဂူနဲ့နီးနီးလေးပဲသွားလိုက်ရင်ကားခမကုန် တော့ဘူး ..

အစကတော့အကုန်လုံးကဂူမသွင်းတော့ဘူးလုပ်ကြတာအန်တီက ဂူသွင်းဖြစ်အောင်သွင်းမယ်ဆိုပြီးလုပ်လို့အခုလိုအုတ်ဂူလေး ရှိနေတာပေါ့နော်မဟုတ်ရင်တော့လည်း မြောင်းထဲရောက်နေမှာပေါ့လိုဆိုကာခင်ပွန်းဟောင်းရဲ့နောက်ဆုံးလဲလျောင်းရာအနီးနားမှာပဲ ဆက်လက်နေထိုင်ဖြစ်တယ်လို့ပြောခဲ့ပါတယ်တွံတေးသိန်းတန်ရဲ့ပရိတ်သတ်တွေအားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ပြော ကြားလိုက်ပါတယ်နော်။

zawgyi version


