သူတို့၏မှားယွင်းမှုတစ်ခုကို သ‌ဘောထားကြီးစွာ နဲ့နားလည်ခွင့်လွှတ်ပေးတဲ့ Rဇနည် ကို ကျေးဇူးတင်တောင်းပန်ကြောင်းပြောလိုက် တဲ့ အနဂ္ဂနဲ့ သံသာဝင်း

အဆိုတော် အနဂ္ဂနဲ့ သံသာဝင်းတို့ကတော့ “အောင်လံလွှင့်မည် NLD” သီချင်းအတွက် စိတ်အား ထက်သန်စွာနဲ့ လုံးပန်းခဲ့ကြသူတွေ ဖြစ်ပါတယ်။ ဒီကနေ့ စက်တင် ဘာလ (၁၁) ရက်နေ့မှာတော့ “အောင်လံလွှင့်မည် NLD” သီချင်း ထွက်ရှိလာခဲ့ပြီး အဆိုတော်ပေါင်း (၄၅) ယောက် ပါဝင်ခဲ့ကြ တာကို တွေ့ရပါတယ်။ ဒါပေမယ့် အဆိုတော် R ဇာနည်ရဲ့ နာမည်က သီချင်း MV မှာ ကျန်ရစ်ခဲ့ တဲ့ အ တွက် အနဂ္ဂနဲ့ သံသာဝင်း က အခုလိုပဲ တောင်းပန်စကားပြောခဲ့တာကို တွေ့ရပါတယ်။

အနဂ္ဂက “R Zarni ရဲ့ နားလည်ပေးတဲ့သဘောထားကြီးမှု ခွင့်လွှတ်ပေးမှုတို့အတွက်ကျေးဇူးပါ 🙏၊ ” ဆိုပြီး ကျေးဇူးတင်စကားပြောခဲ့သလို သံသာဝင်းကလည်း “အောင်လံလွှင့်မည် NLD” သီချင်းစာတန်းထိုး Typing ရိုက်တဲ့အချိန်မှာ ကိုRဇာနည် နာမည်လေး မတော်တဆကျန်ခဲ့ပါ တယ်ရှင်😬😬 ကို Rဇာနည်ကိုရော အား လုံးကိုတောင်းပန်ပါတယ်ရှင်..😔😔” ဆိုပြီး သူတို့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ လေးလေးစားစားနဲ့ ပြောလာပါတယ်။

R ဇာနည်ကတော့ “အောင်လံလွှင့်မည် NLD” သီချင်းမှာ သူ့ရဲ့ နာမည်မပါတဲ့အတွက် သဘော ထား ကြီးစွာနဲ့ နားလည်ခွင့်လွှတ်ခဲ့သလို သံသာဝင်းနဲ့ အနဂ္ဂတို့က လ ည်း သီချင်းဆို ပြန်စိစစ်ပြီး R ဇာနည် ရဲ့ နာမည်ကို ထည့်သွင်းပြီး ချက်ချင်းဆိုသလို ပြင်ဆင်ပေးခဲ့ပါတယ်။ ပရိသတ်ကြီး လည်း အခုဆိုရင် “အောင်လံလွှင့်မည် NL D” သီချင်းလေးကို နားဆင်ပြီးလောက်ပြီလို့ ထင်ပါ တယ်။ ဖတ်ရှုပေးကြတဲ့  ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ် နေ့ ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Anegga & Than Thar Win’s fb

Crd; Cele Connections

[Zawgyi]

အဆိုေတာ္ အနဂၢနဲ႔ သံသာဝင္းတို႔ကေတာ့ “ေအာင္လံလႊင့္မည္ NLD” သီခ်င္းအတြက္ စိတ္အား ထက္သန္စြာနဲ႔ လုံးပန္းခဲ့ၾကသူေတြ ျဖစ္ပါတယ္။ ဒီကေန႔ စက္တင္ ဘာလ (၁၁) ရက္ေန႔မွာေတာ့ “ေအာင္လံလႊင့္မည္ NLD” သီခ်င္း ထြက္ရွိလာခဲ့ၿပီး အဆိုေတာ္ေပါင္း (၄၅) ေယာက္ ပါဝင္ခဲ့ၾက တာကို ေတြ႕ရပါတယ္။ ဒါေပမယ့္ အဆိုေတာ္ R ဇာနည္ရဲ႕ နာမည္က သီခ်င္း MV မွာ က်န္ရစ္ခဲ့ တဲ့ အ တြက္ အနဂၢနဲ႔ သံသာဝင္း က အခုလိုပဲ ေတာင္းပန္စကားေျပာခဲ့တာကို ေတြ႕ရပါတယ္။

အနဂၢက “R Zarni ရဲ႕ နားလည္ေပးတဲ့သေဘာထားႀကီးမႈ ခြင့္လႊတ္ေပးမႈတို႔အတြက္ေက်းဇူးပါ 🙏၊ ” ဆိုၿပီး ေက်းဇူးတင္စကားေျပာခဲ့သလို သံသာဝင္းကလည္း “ေအာင္လံလႊင့္မည္ NLD” သီခ်င္းစာတန္းထိုး Typing ႐ိုက္တဲ့အခ်ိန္မွာ ကိုRဇာနည္ နာမည္ေလး မေတာ္တဆက်န္ခဲ့ပါ တယ္ရွင္😬😬 ကို Rဇာနည္ကိုေရာ အား လုံးကိုေတာင္းပန္ပါတယ္ရွင္..😔😔” ဆိုၿပီး သူတို႔ရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ ေလးေလးစားစားနဲ႔ ေျပာလာပါတယ္။

R ဇာနည္ကေတာ့ “ေအာင္လံလႊင့္မည္ NLD” သီခ်င္းမွာ သူ႔ရဲ႕ နာမည္မပါတဲ့အတြက္ သေဘာ ထား ႀကီးစြာနဲ႔ နားလည္ခြင့္လႊတ္ခဲ့သလို သံသာဝင္းနဲ႔ အနဂၢတို႔က လ ည္း သီခ်င္းဆို ျပန္စိစစ္ၿပီး R ဇာနည္ ရဲ႕ နာမည္ကို ထည့္သြင္းၿပီး ခ်က္ခ်င္းဆိုသလို ျပင္ဆင္ေပးခဲ့ပါတယ္။ ပရိသတ္ႀကီး လည္း အခုဆိုရင္ “ေအာင္လံလႊင့္မည္ NL D” သီခ်င္းေလးကို နားဆင္ၿပီးေလာက္ၿပီလို႔ ထင္ပါ တယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ ေန႔ ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Anegga & Than Thar Win’s fb

Crd; Cele Connections