အဆော့ကလည်းမက်၊ အစားကို လည်း သံယောဇဉ်မပြတ်တဲ့ ယွန်းဝတီ လွင်မိုးရဲ့သားလေးLIAM

သရုပ်ဆောင် ယွန်းဝတီလွင်မိုးတော့ ပြီးခဲ့တဲ့ (၂၀၁၈) ခုနှစ်အတွင်းမှာ အိမ်ထောင်ကျခဲ့ပြီး ချစ်စ ရာ ကောင်းတဲ့ သားလေးတစ်ယောက်ကို မွေးဖွားထားခဲ့တာ ဖြစ်ပါတယ်။ ယွန်းဝတီလွင်မိုးရဲ့ သား လေး Liam ကလည်း ချစ်စရာကောင်းပြီး အသည်းယားဖွယ် အမူအယာလေးတွေကြောင့် မိသားစုတွေသာမက ပရိသတ်တွေကပါ ချစ်နေကြရသူလေးတစ်ယောက်ပဲဖြစ်ပါတယ်။ ယွန်းဝ တီ လွင်မိုးကတော့ နိုင်ငံခြားမှာ ခင်ပွန်းနဲ့အတူတူ နေထိုင်နေပေမယ့် Liam လေးကတော့ ဖိုးဖိုး၊ ဖွားဖွားနဲ့အတူတူ မြန်မာနိုင်ငံမှာ နေထိုင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။


ယွန်းဝတီလွင်မိုးရဲ့ သားလေး Liam ကတော့ ပြီးခဲ့တဲ့ သြဂုတ်လက (၂) နှစ်ပြည့်သွားခဲ့ပြီဖြစ်ပြီး တစ်နေ့တစ်ခြား ချစ်စရာကောင်းလာတာ ပရိသတ်ကြီး မျက်မြင်ပါပဲနော်။ တစ်နေ့တစ်ခြား အရွ ယ်ရောက်ကြီးပြင်းလာတဲ့ Liam လေးရဲ့ အမှတ်တရတွေကို ဖိုးဖိုး ဖွားဖွားတို့ကလည်း ဗီဒီယို လေး တွေ ရိုက်ပြီး ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလေ့ရှိတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း Liam လေးရဲ့ ဖွားဖွားမေသူက အဆော့ကလည်းမက်၊ အစားကိုလည်း သံယောဇဉ်မပြတ်တဲ့ Liam လေးရဲ့ ဗီဒီယိုကို အခုလိုပဲ မျှဝေပေးလာပါတယ်။


Liam လေးကတော့ ချစ်စရာကောင်းသလို စကားတွေလည်း တီတီတာတာ ပြောတတ်နေတာ ကြောင့် အသည်းယားဖို့ ကောင်းလာတာ အမှန်ပါပဲ။ ပရိသတ်ကြီးလည်း Liam ရဲ့ ဗီဒီယိုလေးကို ကြည့်ပြီး အချစ်ပိုနေကြပြီ ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ် ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်း ပေး လိုက်ပါတယ်နော်။

Source: May Thu’s fb
Bilie – Cele Connections

zawgyi version




Source: May Thu’s fb