အိမ်အကူမလေးအပေါ် မေတ္တာတွေပဲထားခဲ့တာပါ သူတစ်ပါးအပေါ် ယုတ်မာလိုစိတ်မရှိခဲ့ပါဘူး ဆိုတဲ့ မင်းရာဇာ

အိမ်အကူမလေးအပေါ် မေတ္တာတွေပဲထားခဲ့တာပါ သူတစ်ပါးအပေါ် ယုတ်မာလိုစိတ်မရှိခဲ့ပါဘူး ဆိုတဲ့ မင်းရာဇာအိမ်အကူမိန်းကလေးကို ညှင်းပန်းနှိပ်စက်မှု၊ မုဒိန်းမှုတွေ ကြောင့် တရားစွဲဆို ခံထားရတဲ့ သရုပ်ဆောင် မင်းရာဇာကတော့ ဒီနေ့ ဇွန်လ(၂၅) ရက် ရုံးချိန်းကို တက်ရောက်လာခဲ့ပါတယ်။ ရုံးချိန်း အပြီးမှာတော့ မင်းရာဇာက သူ့ရင်ထဲက စကားတွေကိုမီဒီယာတွေကနေတဆင့် အခုလို ပြောခဲ့ပါတယ်။

ကျွန်တော်တို့က အနုပညာသမားတွေပါ။ အားလုံးအထင်လွဲအောင် အဲ့ဒီလောက်အထိလည်းမရက်စက်ပါဘူးခင်ဗျာ။ ကျွန်တော်တို့တွေက သူတို့မိသားစုအပေါ်မှာ စေတနာပဲရှိခဲ့တာပါ၊ မေတ္တာတွေပဲထားခဲ့တာပါ။ အရာအားလုံးက သံသယကြောင့် ဖြစ်ခဲ့တဲ့ ကိစ္စတစ်ခုကို အဲဒီလောက်အထိ ကြီးကျယ်တာမဟုတ်ပါဘူး”လို့ ဆိုပါတယ်။ဇွန်လ(၂၆) ရက်နေ့မှာလည်း ရန်ကုန် အရှေ့ပိုင်းခရိုင် တရားရုံးမှာ အမှုရင်ဆိုင်ရဖို့ရှိသေးတယ်လို့ မင်းရာဇာက ပြောပါတယ်။ သူဟာ တစ်ပါးသူအပေါ်ယုတ်မာလိုစိတ်မရှိတာ တရားလို အိမ်အကူမိန်းကလေး သိပါတယ်လို့လည်း ပြောခဲ့ပြန်ပါသေးတယ်။ “ ပြီးခဲ့တဲ တစ်ပတ်ကလည်း တရားလိုမလာပါဘူး။ ဒါပေမယ့် ဦးရောဘတ်စန်းအောင် ပြောတာက တရားလိုဟာမြောက်ဥက္ကလာဆေးရုံသွားတယ်လို့ပြောတယ်။

မနက်ဖြန်တော့ အရှေ့ပိုင်းခရိုင်မှာ ဘယ်လို ဖြစ်လာမလဲတော့ ကျွန်တော်လည်း မပြောပြတတ်ဘူး။ သိန်း(၁၀၀) ကိစ္စကတော့ ကျွန်တော်လည်းထောင်ထဲရောက်နေတော့ ဘာမှ မသိပါဘူး။ သေချာတာတစ်ခုကတော့ သူတစ်ပါးအပေါ် ယုတ်မာလိုတဲ့စိတ် လုံးဝ မရှိပါဘူး။ တရားလို ကောင်မလေးကိုယ်တိုင် သိပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ ဒီနေ့ ရုံးချိန်းမှာတော့ တရားခံတွေဖြစ်တဲ့ မင်းရာဇာနဲ့ အပေါင်းအပါ(၂) ဦးစလုံး မြောက်ဥက္ကလာတရားရုံးသို့လာရောက်ခဲ့ကြပါတယ်။

အိမ်အကူအမျိုးသမီးငယ်အား အက်ဆစ်နဲ့ပက်နှိပ်စက်ခဲ့တဲ့ သရုပ်ဆောင်မင်းရာဇာအပါအဝင် ၄ ဦးကို မေ ၇ ရက်နေ့က မြောက်ဥက္ကလာပမြို့နယ်တရားရုံမှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့တာဖြစ်ပြီး မင်းရာဇာရဲ့ ယောက္ခထီးဖြစ်သူအငြိမ်းစားရဲဝန်ထမ်း ဦးမောင်မောင်အေးကို တရားရုံး ကျပ် ၁၀ သိန်းတန် အာမခံ လျှောက်ထားသူ ၂ ဦးက အာမခံရခဲ့ပါတယ်။ မင်းရာဇာနဲ့ အပေါင်းအပါ (၃)ဦးကို အိမ်အကူမိန်းကလေးအား အက်စစ်နဲ့ပက်မှုဖြင့် မိန်းကလေးရဲ့ မိခင်က ရွှေပေါက်ကံ ရဲစခန်းမှာ (ပ)အမှတ်၅၀၅၊ ပုဒ်မ ၃၂၄၊ ၃၂၅၊ ၃၅၄၊ ၁၁၄ တို့ဖြင့် အမှုဖွင့်အရေးယူခဲ့တာဖြစ်ပါတယ်….။

ဓူဝံ

Posted in Celebrity

zawgyi version

အိမ္အကူမေလးအေပၚ ေမတၱာေတြပဲထားခဲ့တာပါ သူတစ္ပါးအေပၚ ယုတ္မာလိုစိတ္မရွိခဲ့ပါဘူး ဆိုတဲ့ မင္းရာဇာအိမ္အကူမိန္းကေလးကို ညႇင္းပန္းႏွိပ္စက္မႈ၊ မုဒိန္းမႈေတြ ေၾကာင့္ တရားစြဲဆို ခံထားရတဲ့ သ႐ုပ္ေဆာင္ မင္းရာဇာကေတာ့ ဒီေန႔ ဇြန္လ(၂၅) ရက္ ႐ုံးခ်ိန္းကို တက္ေရာက္လာခဲ့ပါတယ္။ ႐ုံးခ်ိန္း အၿပီးမွာေတာ့ မင္းရာဇာက သူ႔ရင္ထဲက စကားေတြကိုမီဒီယာေတြကေနတဆင့္ အခုလို ေျပာခဲ့ပါတယ္။

ကြၽန္ေတာ္တို႔က အႏုပညာသမားေတြပါ။ အားလုံးအထင္လြဲေအာင္ အဲ့ဒီေလာက္အထိလည္းမရက္စက္ပါဘူးခင္ဗ်ာ။ ကြၽန္ေတာ္တို႔ေတြက သူတို႔မိသားစုအေပၚမွာ ေစတနာပဲရွိခဲ့တာပါ၊ ေမတၱာေတြပဲထားခဲ့တာပါ။ အရာအားလုံးက သံသယေၾကာင့္ ျဖစ္ခဲ့တဲ့ ကိစၥတစ္ခုကို အဲဒီေလာက္အထိ ႀကီးက်ယ္တာမဟုတ္ပါဘူး”လို႔ ဆိုပါတယ္။ဇြန္လ(၂၆) ရက္ေန႔မွာလည္း ရန္ကုန္ အေရွ႕ပိုင္းခ႐ိုင္ တရား႐ုံးမွာ အမႈရင္ဆိုင္ရဖို႔ရွိေသးတယ္လို႔ မင္းရာဇာက ေျပာပါတယ္။ သူဟာ တစ္ပါးသူအေပၚယုတ္မာလိုစိတ္မရွိတာ တရားလို အိမ္အကူမိန္းကေလး သိပါတယ္လို႔လည္း ေျပာခဲ့ျပန္ပါေသးတယ္။ “ ၿပီးခဲ့တဲ တစ္ပတ္ကလည္း တရားလိုမလာပါဘူး။ ဒါေပမယ့္ ဦးေရာဘတ္စန္းေအာင္ ေျပာတာက တရားလိုဟာေျမာက္ဥကၠလာေဆး႐ုံသြားတယ္လို႔ေျပာတယ္။

မနက္ျဖန္ေတာ့ အေရွ႕ပိုင္းခ႐ိုင္မွာ ဘယ္လို ျဖစ္လာမလဲေတာ့ ကြၽန္ေတာ္လည္း မေျပာျပတတ္ဘူး။ သိန္း(၁၀၀) ကိစၥကေတာ့ ကြၽန္ေတာ္လည္းေထာင္ထဲေရာက္ေနေတာ့ ဘာမွ မသိပါဘူး။ ေသခ်ာတာတစ္ခုကေတာ့ သူတစ္ပါးအေပၚ ယုတ္မာလိုတဲ့စိတ္ လုံးဝ မရွိပါဘူး။ တရားလို ေကာင္မေလးကိုယ္တိုင္ သိပါတယ္” လို႔ ဆက္လက္ ေျပာျပခဲ့ပါတယ္။ ဒီေန႔ ႐ုံးခ်ိန္းမွာေတာ့ တရားခံေတြျဖစ္တဲ့ မင္းရာဇာနဲ႔ အေပါင္းအပါ(၂) ဦးစလုံး ေျမာက္ဥကၠလာတရား႐ုံးသို႔လာေရာက္ခဲ့ၾကပါတယ္။

အိမ္အကူအမ်ိဳးသမီးငယ္အား အက္ဆစ္နဲ႔ပက္ႏွိပ္စက္ခဲ့တဲ့ သ႐ုပ္ေဆာင္မင္းရာဇာအပါအဝင္ ၄ ဦးကို ေမ ၇ ရက္ေန႔က ေျမာက္ဥကၠလာပၿမိဳ႕နယ္တရား႐ုံမွာ ပထမဆုံးအႀကိမ္ ႐ုံးထုတ္ခဲ့တာျဖစ္ၿပီး မင္းရာဇာရဲ႕ ေယာကၡထီးျဖစ္သူအၿငိမ္းစားရဲဝန္ထမ္း ဦးေမာင္ေမာင္ေအးကို တရား႐ုံး က်ပ္ ၁၀ သိန္းတန္ အာမခံ ေလွ်ာက္ထားသူ ၂ ဦးက အာမခံရခဲ့ပါတယ္။ မင္းရာဇာနဲ႔ အေပါင္းအပါ (၃)ဦးကို အိမ္အကူမိန္းကေလးအား အက္စစ္နဲ႔ပက္မႈျဖင့္ မိန္းကေလးရဲ႕ မိခင္က ေ႐ႊေပါက္ကံ ရဲစခန္းမွာ (ပ)အမွတ္၅၀၅၊ ပုဒ္မ ၃၂၄၊ ၃၂၅၊ ၃၅၄၊ ၁၁၄ တို႔ျဖင့္ အမႈဖြင့္အေရးယူခဲ့တာျဖစ္ပါတယ္….။

ဓူဝံ

Posted in Celebrity